Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အခြေခံပညာပြီးမြောက်ကြောင်း အကဲဖြတ်စစ်ဆေးမှုအတွက် အောက်တိုဘာ ၂၉ မှ ဒီဇင်ဘာ ၂၉ အတွင်း လျှောက်ထားနိုင်

ဖြေဆိုလိုသူများသည် အင်တာနက်လိုင်းရရှိပါက အွန်လိုင်းစနစ်ဖြင့် လျှောက်ထားနိုင်ခြင်း၊ အက်တာနက်မရရှိပါက ပညာရေးဘုတ်အဖွဲ့များမှတဆင့် မည်သည့်အခ ကြေးငွေမှ ပေးရန်မလိုဘဲ လျှောက်ထားနိုင်သည်ဟု အသိပေးသည်။

​မြောင်ပညာ​ရေးကွန်ယက်၏​ကျောင်းတစ်​ကျောင်းတွင်ပညာသင်ယူ​နေ​​သောစသင်ခန်း။ဓါတ်ပုံ-​မြောင်ပညာ​ရေးကွန်ယက်
​မြောင်ပညာ​ရေးကွန်ယက်၏​ကျောင်းတစ်​ကျောင်းတွင်ပညာသင်ယူ​နေ​​သောစသင်ခန်း။ဓါတ်ပုံ-​မြောင်ပညာ​ရေးကွန်ယက်

ကြားကာလ အခြေခံပညာပြီးမြောက်ကြောင်း အကဲဖြတ်စစ်ဆေးခြင်းများကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီတွင် တစ်ကြိမ်၊ သြဂုတ်လတွင် တစ်ကြိမ် ပြုလုပ်ပေးသွားမည်ဖြစ်ရာ ဝင်ရောက်ဖြေဆိုလူသူများအနေဖြင့် ယခုနှစ် အောက်တိုဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၂၉ ရက်အတွင်း လျှောက်ထားနိုင်ကြောင်း NUG အစိုးရ ပညာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်သည်။

ထို့ကြောင့် အခြေခံပညာ နဝမတန်း(စနစ်ဟောင်း)အထိ သို့မဟုတ် အစိုးရနည်းပညာအထက်တန်းကျောင်း ပထမနှစ်အထိတက်ရောက်ဖူးပြီး ၂၀၂၂ ခုနှစ် သြဂုတ် ၃၁ ရက်တွင် အသက် ၁၇ နှစ်ပြည့်ပြီးသူများ လျှောက်ထားနိုင်သည်ဟု ဆိုသည်။

“ယခုအခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲ ဖြတ်ခြင်းသည် တရားမဝင်စစ်ကောင်စီကကျင်းပသော တရားမဝင်စာမေးပွဲ မဖြေဆိုခဲ့သူများနှင့် တရားမဝင်စစ်ကောင်စီ၏စာမေးပွဲများကို ဝင်ရောက်ဖြေဆိုရန် (လုံးဝ)အစီအစဥ်မရှိသော ကျောင်းသားကျောင်းသူများအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သဖြင့် အဆိုပါ ပြည်သူနှင့်အတူရပ်တည်သည့် ကျောင်းသားကျောင်းသူများသာ လျှောက်ထားခွင့်ရှိသည်”ဟု ဖော်ပြသည်။

ကရင်နီပြည်နယ်ရှိစာသင်ခန်းတစ်ခန်း။ဓါတ်ပုံ- ကယားပြည်နယ်လုံးဆိုင်ရာ ဆရာ၊ ဆရာမများသမဂ္ဂ
ကရင်နီပြည်နယ်ရှိစာသင်ခန်းတစ်ခန်း။ဓါတ်ပုံ- ကယားပြည်နယ်လုံးဆိုင်ရာ ဆရာ၊ ဆရာမများသမဂ္ဂ

ဖြေဆိုလိုသူများသည် အင်တာနက်လိုင်းရရှိပါက အွန်လိုင်းစနစ်ဖြင့် လျှောက်ထားနိုင်ခြင်း၊ အက်တာနက်မရရှိပါက ပညာရေးဘုတ်အဖွဲ့များမှတဆင့် မည်သည့်အခ ကြေးငွေမှ ပေးရန်မလိုဘဲ လျှောက်ထားနိုင်သည်ဟု အသိပေးသည်။

စစ်ဆေးအကဲဖြတ်မည့်ကာလများကို ၂၀၂၃ ခုနှစ် ဖေဖော် ဝါရီမှ ဧပြီလအထိ ပထမအကြိမ်၊ သြဂုတ်မှ အောက်တိုဘာအထိ ဒုတိယအကြိမ်ဟု သတ်မှတ်ထားပြီးသတ်မှတ်ဘာသာတွဲခြောက်ခုအား ပထမအကြိမ်နှင့် ဒုတိ ယအကြိမ်ပေါင်း၍ ချိန်ညှိဖြေဆိုနိုင်ကြောင်း ဖော် ပြသည်။

ဖြေဆိုရာတွင် အင်တာနက်ရရှိသောဒေသများ၌ အွန်လိုင်းမှ ဝင်ရောက်ဖြေဆိုရမည်ဖြစ်ကာ အင်တာနက်ခက်ခဲပြီး နယ်မြေစိုးမိုးလုံခြုံမှုရှိသော စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ၊ ရှမ်းတောင်၊ ရှမ်းမြောက်နှင့် တိုင်း ရင်းသားလွတ်မြောက်နယ်မြေများ၌ မြေပြင်ဖြေဆိုခြင်းနှင့် အင်တာနက်မလို Offline Assessment Application အသုံးပြုဖြေဆိုခြင်းများပြုလုပ်နိုင်သည်ဟု သိရသည်။

ထို့အပြင်ဖြေဆိုနေစဥ်ရုတ်တရက်အင်တာနက်ပြတ်တောက်ခြင်း၊ နယ်မြေမတည်ငြိမ်မှုဖြစ်ပေါ်ခြင်းများ ကြုံတွေ့ရပါကသက်ဆိုရာဘာသာရပ်များအား ပြီးမြောက်သည်အထိ ဖြေဆိုခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“NUG/MOE ကနေ ကြားကာလ အ​ခြေခံပညာပြီးဆုံးကြောင်း စစ်ဆေးအကဲဖြတ်ခြင်း ဖြေဆိုခွင့်နဲ့ပတ်သက်ပြီး ပြည်နယ် အနေနဲ့က စစ်ဘေးဒဏ်သင့် ဒေသ၊ အင်တာနက် ဆက်သွယ်မှုတွေ အဆင်မပြေပေမဲ့ ဖြေဆိုလိုတဲ့ ကလေးများကို စာရင်းကောက်ပြီး လေ့ကျင့်သင်ကြားပေးမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်”ဟု ကယားပြည်နယ်လုံးဆိုင်ရာ ဆရာ၊ ဆရာမများသမဂ္ဂမှ ဆရာတစ်ဦးကပြောသည်။

အခုလို အ​ခြေခံပညာပြီးဆုံးကြောင်း စစ်ဆေးခြင်းပြု လုပ်ပေးခြင်းသည် ကလေးများအတွက် မျော်လင့်ချက် ဆက်လက်ရရှိသွားပြီး ပြီးဆုံးကြောင်းဖြေဆိုပြိးသွားသည့်အခါ သက်ဆိုင်ရာ အဆင့်မြင့်ပညာရေး၊ သက်မွေး ပညာရေးတို့နှင့် ချိတ်ဆက်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း အထက်ပါ ဆရာက မှတ်ချက်ပေးသည်။

“ကျောင်းသား တွေ အနေနဲ့ကော ကျောင်းသားမိဘတွေ အနေနဲ့ကော ဒီလိုကြားကာလ တော်လှန်ရေးကာလမှ တော်လှန်ရေးအတွက်ပေးဆပ်ရင်း မိမ်တ်ု့ ပညာရေး မိမိသားသမီးဖို့ ပညာရေးအတွက် သက်ဆိုင်ရာ မြို့နယ်ဘုတ် ကျောင်းသားမဂ္ဂ အစုအဖွဲ့တွေနဲ့ချိတ်ဆက်ပြီး ပညာသင်ကြားခွင့်ဖြေဆိုခွင့်ရရှ်ရေး အတွက် ကြိုးစားပေးကြဖို့ပြောလိုပါတယ်”ဟု ကယားပြည်နယ်လုံးဆိုင်ရာ ဆရာ၊ ဆရာမများသမဂ္ဂက သတင်းစကားပါးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကယားပြည်နယ်အတွင်းရှိ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင်ပါဝင်သော CDM ဆရာ၊ ဆရာမများအား သမဂ္ဂမှ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဇွန်လတွင် ပထမအကြိမ်၊ ဇူလိုင်လတွင် ဒုတိယအကြိမ် အသီးသီးပေးအပ်နိုင်ခဲ့ပြီးဖြစ်သည်။

သတင်း

မေးခွန်းလွှာတစ်ခုစီအတွက် ဖြေဆိုချိန် ၂ နာရီ ခွင့်ပြုမည်ဖြစ်ပြီး နိုင်ငံတကာစစ်ဆေးအကဲ ဖြတ်မှုပုံစံများအတိုင်း စဉ်းစားတွေးခေါ်မှုကို အခြေပြုပြီး ခွဲခြမ်းစိတ်ဖြာ ဖြေဆိုရသည့် ဓမ္မဓိဋ္ဌာန် မေးခွန်းအမျိုးအစားများ (Objective Type Items)ပါဝင်မည်ဟု ရှင်းပြထားသည်။

သတင်း

ပစ်ခတ်ခံရပြီးနောက် စစ်​ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး တရားမဝင်ဖမ်းဆီးစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နိုင်သဖြင့် ပြည်သူများအနေဖြင့် သတိရှိစွာနေထိုင်ရန် တိုက်တွန်းသည်။

News

ကြားကာလ အခြေခံပညာရေးညီလာခံကို မေ လ ၁၀ ရက်မှ ၁၃ ရက်နေ့အထိ လေးရက်ကျင်း ပခဲ့ပြီး ထိုညီလာခံသို့ NUG ပညာရေးဝန်ကြီး ဌာန၊ CRPH ၊ ကျောင်းသားကိုယ်စားလှယ်၊ ကျောင်းသားမိဘကိုယ်စားလှယ်၊ ဆရာ/ဆရာမများကိုယ်စားလှယ်အပါအဝင် သက် ဆိုင်ရာကဏ္ဍအသီးသီးမှ တက်ရောက်ခဲ့ကြသည်။