Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ-မန္တ​လေးလမ်းတစ်​လျှောက် စစ်ကောင်စီတပ်ကားများကိုPDFများမိုင်းဆွဲတိုက်ခိုက် ထိခိုက်​သေဆုံးမှုများ

ယနေ့ မိုင်းစစ်ဆင်ရေးတွင် မြောင်အမျိုးသမီးစစ် သည်တော်တပ် (M2W)မှ ထုတ်လုပ်သော ပြင်းအားမြင့် မိုင်းများအသုံးပြုခဲ့သည်ဟု ကိုနွေဦးကပြောသည်။

ချောင်းဦး - စစ်ကိုင်းလမ်းပိုင်းတွင် အသုံးပြုခဲ့သည့် မိုင်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ - CDSOM
ချောင်းဦး - စစ်ကိုင်းလမ်းပိုင်းတွင် အသုံးပြုခဲ့သည့် မိုင်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ - CDSOM

မုံရွာ-မန္တ​လေးလမ်းတစ်​လျှောက်ဖြစ်​သောချောင်းဦး – စစ်ကိုင်းလမ်းပိုင်းနှင့် မုံရွာ – ချောင်းဦး လမ်းပိုင်းများတွင် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များက ယနေ့တွင် တိုက်ခိုက် ခဲ့ကြောင်း အဆိုပါတပ်ဖွဲ့များမှတာဝန်ရှိသူများက​ပြောသည်။

ချောင်းဦး – စစ်ကိုင်းလမ်းပိုင်းတွင် ယနေ့ မိုင်းစစ် ဆင်ရေးတွင် စစ်ကောင်စီတပ် သေဆုံးမှုများပြီး ရုပ်အလောင်းများကိုသယ်ရန် အရပ်သားတစ်ဦးကို ပစ်သတ်ပြီး ယင်းအရပ်သား၏ကားဖြင့် တင် ဆောင်သွားသည်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)က သတင်းထုတ်ပြန်သည်။

ယနေ့(အောက်တိုဘာ ၁၇) နေ့လည်မှ ညနေအထိ ချောင်းဦး – စစ်ကိုင်းလမ်း၊ စစ်ကိုင်း-မုံရွာလမ်းတွင် မိုင်းလေးကြိမ်ခွဲ၍ စစ်ကောင်စီယာဉ်တန်းအား ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“နေရာ သုံးနေရာမှာ လေးကြိမ်ခွဲတယ်။ ဒီ‌နေ့ စခတွေ တော်တော်ထိတယ်။စစ်ကိုင်း-ချောင်းဦးလမ်းမှာ လမ်းဘေးဆွဲချထားတဲ့ သုံးလောင်းကို သယ်ဖို့ အရပ်သားကားကို ပစ်တားတာ အရပ်သားသေဆုံးသွားတယ်။ မုံရွာ- စစ်ကိုင်းလမ်းမှာ ထိတဲ့သူတွေကိုတော့ မုံရွာက လူမှုရေးကားတွေ လာသယ်သွားတယ်”ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)ပြန်ကြားရေးတာဝန်ခံ ကိုနွေဦးက ပြောသည်။

ယနေ့ မိုင်းစစ်ဆင်ရေးတွင် မြောင်အမျိုးသမီးစစ် သည်တော်တပ် (M2W)မှ ထုတ်လုပ်သော ပြင်းအားမြင့် မိုင်းများအသုံးပြုခဲ့သည်ဟု ကိုနွေဦးကပြောသည်။

စစ်ကောင်စီတပ်က ပစ်သတ်သွားသည့် အရပ်သားမှာ မည်သူမည်ဝါဆိုသည်ကို မသိရသေးပေ။

စစ်ကိုင်း-‌ချောင်းဦးလမ်း မိုင်းဆွဲတိုက်ခိုက်ခံရမှုတွင် ပျက်စီးသွားသော စစ်ကောင်စီကားနှစ်စီးမှာ လမ်းဘေးတွင်ယခုထိရှိနေသည်ဟု CDSOM က ယနေ့ည သတင်းထုတ်ပြန်သည်။

” ​ွေးများမှ စက်သေနတ်ဖြင့် ပြန်လည်ပစ်ခတ် ကြ ပေမယ့် ကျနော်တို့ရဲဘော်များ တစ်ဦးတစ်ယောက်မှထိခိုက်မှုမရှိပဲ အောင်မြင်စွာပြန်လာခဲ့ကြပါသည်”ဟု CDSOM က ထုတ်ပြန်ထားသည်။

ယနေ့ မိုင်းစစ်ဆင်ရေးကို မြောင်အမျိုးသမီးစစ် သည်တော် M2W၊CDSOM၏ တူမီးဖိုက်တာအဖွဲ့၊CDSOM၏ ဗိုလ်စင်္ကျာအဖွဲ့၊ Young Fighter -YFPDF၊ ဒီမို ပြောက်ကျားနှင့် One PDF၊Black Eagle မြင်းမူလင်းယုန်နက်၊People Defense Force MMU PDF၊ Myinmu Civil Revolution Force -CRF၊မြင်းမူလျှပ်စီးအဖွဲ့၊ စစ်ကိုင်းခရိုင် တပ်ရင်း (၆)တပ်ခွဲ (၂)နှင့် မြင်းမူမြို့နယ်(ပကဖ) တို့ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီတပ်ယာဥ်တန်းနှင့် လုံခြုံရေးကြိုယူပေးသော ကင်းပုန်းများကိုပါ ပဒေသာမိုင်းများဖြင့် နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိကြောင်း PDF – South Monywa အဖွဲ့ တာဝန်ခံ Daung Karyan က ပြောသည်။

ယနေ့(အောက်တိုဘာလ ၁၇ ရက်)တွင် မုံရွာ – မန္တလေး လမ်းမကြီး၏ မုံရွာ – ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်းအား သုံးကြိမ်တိုင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မွန်းလွဲ ၁၂ နာရီခွဲခန့်က ချောင်းဦးဘက်မှလာသော စစ်ကောင်စီယာဥ် သုံးစီးတန်းအား မြေနဲရွာအနီးတွင် တိုက်ခိုက်ခဲ့သည်။

မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် မြင်းမူမြို့ဘက်မှလာသော စစ်ကောင်စီယာဥ် ၁၀ စီးတန်းအား ဂွေးပင်တောရွာအနီးတွင် ပဒေသာမိုင်း ၅ လုံးတွဲဖြင့် တိုက်ခိုက်ခဲ့ရာ ကားများ အထိနာ၍ အချိန်အတော်ကြာအထိ ထိုးရပ်သွားခဲ့ကြောင်း PDF – South Monywa အဖွဲ့ တာဝန်ခံ Daung Karyan က ပြောသည်။

မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင်လည်း မုံရွာမှလာသော ၁၂ ဘီးကားအား ဘက်စုံခြံအနီးတွင် ပဒေသာမိုင်း ၃ လုံးတွဲဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအား အတိအကျမသိရသေးကြောင်း၊ ပြည်သူ့ ရဲဘော်များ အထိအခိုက်မရှိကြောင်း PDF – South Monywa အဖွဲ့ တာဝန်ခံ Daung Karyan က ပြောသည်။

ယမန်နေ့ (အောက်တိုဘာလ ၁၆ ရက်) ည ၁၀ နာရီခန့်ကလည်း မုံရွာ-မန္တလေး လမ်းမကြီး၏ မုံရွာ -ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် ကင်းပုန်းဝပ်ရန်လာသော စစ်ကောင်စီတပ်နှင့် ပျူများအား ပ​ဒေသာမိုင်း၃ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးကြောင်း Daung Karyan က ပြောသည်။

PDF South Monywa အဖွဲ့တာဝန်ခံ Daung Karyan က “မနေ့ညကဖြစ်စဥ်က စစ်ကြောင်းမဟုတ်ဘူး။ ကင်းပုန်းဝပ်တဲ့ကောင်တွေပါ။ ဒီနေ့လမ်းကြောင်းရှိလို့မနေ့ညကကင်းပုန်းလာဝပ်တဲ့ကောင်တွေပါ။ ဒီနေ့က ရိက္ခာရော ​ွေးတွေရောပါတဲ့ပါတဲ့ကားတွေပါဗျ။”ဟု ပြောကြားသည်။

ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း PDF South Monywa ကအသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စက်တင်ဘာ ၂၆ ရက်တွင် စစ်ကောင်စီတပ်စွဲထားသော ကယန်းသာယာလမ်းခွဲတွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး ပူးပေါင်းတပ်မှ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသည် ဆိုင်ကယ်၄စီးဖြင့် ကင်းလှည့်လာချိန် ထိပ်တိုက်တိုးခဲ့ခြင်းဖြစ်ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားမှု မိနစ် ၂ဝ ခန့်ကြာမြင့်ခဲ့ကြောင်း ဗိုလ်ထန်ထွဋ်က ပြောသည်။

သတင်း

"ဆရာမက ကျောင်းမှာစာသင်ပြီးအပြန် လက်နက်ကြီးထိတာ။ သူ့ အဖြစ်ဆိုးကို သူ့တပည့်လေးတွေလည်း မြင်လိုက်ရတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

သတင်း

စွဲဆိုထားတဲ့ အမှု ၅ မှု ဟာ ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတဲ့ ပုဒ်မတွေနဲ့စွဲဆိုထားတာဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံကသိရပါတယ်။