Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခန္တီးအကျဥ်း​​ထောင်​ဖောက်၍ နိုင်ကျဥ်းအချို့ လွတ်​မြောက်သွားဟု​ဒေသခံအချိူ့​ပြော

စစ်​ကောင်စီ ​ထောင်သွင်းအကျဥ်းချထားရာမှ ထွက်ပြေးလာသူများကို တွေ့ရှိပါက ရသည့်နည်းဖြင့် ကူညီကြရန်လည်း ခန္တီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက မြို့ခံလူထုအား မေတ္တာရပ်ခံသည်။

(ခန္တီး​ထောင်​ရှေ့မြင်ကွင်း /ပုံအ​ဟောင်း ။ဓါတ်ပုံ-CJ)
(ခန္တီး​ထောင်​ရှေ့မြင်ကွင်း /ပုံအ​ဟောင်း ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ခန္တီးအကျဉ်းထောင်တွင် ယနေ့နံနက်အစောပိုင်းကဖောက်ထွင်းခံရပြီး စစ်ကောင်စီဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားဆယ်ဦးထက်မနည်းလွတ်မြောက်သွားကြောင်းဒေသတွင်းတော်လှန်ရေးအင်အားစုများကပြောသည်။

” မနက်သုံးနာရီလောက်က ထောင်ဖောက်သွားတယ်။ နိုင်ကျဉ်း ဆယ်ယောက်လောက် လက်နက်နဲ့ လွတ်သွားတယ်။ စစ်ကောင်စီက မြို့ကို ပိုက်စိပ်တိုက်ရှာနေတယ်။ ကုန်းလမ်း ရေလမ်းအကုန် ပိတ်ရှာနေတယ်”ဟု ခန္တီးမြို့ခံတစ်ဦးက People’s Springသို့ ပြောသည်။ သို့​သော်​ထောင်​ဖောက်ထွက်​ပြေးသွား​သော နိုင်ကျဥ်းအချို့တွင် လက်နက်ရရှိသွား​ကြောင်း ၎င်း၏ပြောကြားချက်အ​ပေါ် People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

စစ်​ကောင်စီ ​ထောင်သွင်းအကျဥ်းချထားရာမှ ထွက်ပြေးလာသူများကို တွေ့ရှိပါက ရသည့်နည်းဖြင့် ကူညီကြရန်လည်း ခန္တီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက မြို့ခံလူထုအား မေတ္တာရပ်ခံသည်။

ခန္တီးအကျဉ်းထောင်သည် ခန္တီးမြို့မှ သုံးမိုင်ခန့်အကွာတွင်ခန္တီး-နန့်စီပွန်‌လမ်း၌ တည်ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လွိုင်ကော်စစ်ဆေးရေးဂိတ်တွင် PDFနှင့် ဆက် နွယ်မှုရှိသည်ဟုဆိုကာ မောင်ငယ်ကို ယမန်နှစ် တွင် အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သတင်း

အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသား တွေကို နယ်ထောင်တွေဆီရွှေ့တာဟာ ဒီတကြိမ် အပါအဝင် လေးကြိမ်းမြောက် ရှိလာပြီလို့သိရပါတယ်။

သတင်း

မုံရွာအကျဉ်းထောင်မှ မြင်းခြံအကျဥ်းထောင်သို့ ပြောင်းရွှေ့ခံထားရသည့် နိုင်ငံရေးအကျဥ်းသားများကို ထောင်အာဏာပိုင်များက မတရားသဖြင့် ညှင်းပန်းနှိပ်စက်နေမှုနှင့်ပတ်သက်၍ ယခုကဲ့သို့ ကြေညာခဲ့ ခြင်းဖြစ်သည်။

သတင်း

နိုင်ငံရေးအကျဉ်းသားတွေကို ပစ်မှတ်ထားကာညှင်းပန်းနှိပ်သူတွေထဲ မြင်းခြံထောင်ပိုင်လေးဖြစ်တဲ့ ဝင်းကြိုင်(သုံးပွင့်)၊ ထောင်မှူးတွေဖြစ်တဲ့ မြတ်ကျော်သူ (နှစ်ပွင့်)၊ မောင်မောင်သိန်း(နှစ်ပွင့်)တို့ပါဝင်တယ်လို့သိရပါတယ်။