Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ-မန္တလေးလမ်းတွင် အမျိုးသားနှစ်ဦးစီးလာသည့်ဆိုင်ကယ်အား ကားတစ်စီးကတိုက်ပြေး၊ နှစ်ဦးလုံးသေဆုံး

ဒဏ်ရာရ အမျိုးသားနှစ်ဦးအား ဆေးရုံကြီး OPDသို့ ပို့ဆောင်ခဲ့သော်လည်း လူနာများ အသက်မရှိတော့သဖြင့် ရင်ခွဲရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့-မုံရွာက လည်းထုတ်ပြန်ထားသည်။

(ကားဖြင့်အတိုက်ခံရ​ပြီးသေဆုံးခဲ့သူနှစ်ဦးကို မြန်မာနိုင်ငံလူမှုကူညီ​ရေးအသင်း(မုံရွာ)ကကူညီ​သယ်​ဆောင်ရန် ပြင်ဆင်​နေစဥ်။ ။ဓါတ်ပုံ-မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့-မုံရွာ)
(ကားဖြင့်အတိုက်ခံရ​ပြီးသေဆုံးခဲ့သူနှစ်ဦးကို မြန်မာနိုင်ငံလူမှုကူညီ​ရေးအသင်း(မုံရွာ)ကကူညီ​သယ်​ဆောင်ရန် ပြင်ဆင်​နေစဥ်။ ။ဓါတ်ပုံ-မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့-မုံရွာ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် အမျိုးသားနှစ်ဦးစီးလာသည့်ဆိုင်ကယ်တစ်စီးအား ကားတစ်စီးက တိုက်ပြေးသွားရာ နှစ်ဦးလုံးသေဆုံးသွားကြောင်းဒေသခံများကပြောသည်။

ယနေ့ အောက်တိုဘာလ ၁၈ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က မုံရွာ-မန္တလေးလမ်း မြေနဲကျေးရွာ၊ မြေနဲရွာတံတားအနီး နယူးအားမာန်ဘီယာဆိုင်ရှေ့တွင် နှစ်ယောက်ပိုးစီးလာသော Clickဆိုင်ကယ်အား 4wအမျိုးအစားအနက်ရောင် ကားဖြင့် တိုက်ပြီး ခဏရပ်ကြည့်ကာ မြောက်ဘက်(မုံရွာဘက်) မောင်းသွားကြောင်း မုံရွာအမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပြောသည်။

ဒဏ်ရာရ အမျိုးသားနှစ်ဦးအား ဆေးရုံကြီး OPDသို့ ပို့ဆောင်ခဲ့သော်လည်း လူနာများ အသက်မရှိတော့သဖြင့် ရင်ခွဲရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့-မုံရွာက လည်းထုတ်ပြန်ထားသည်။

(ကားဖြင့်အတိုက်ခံရ​ပြီးသေဆုံးခဲ့သူနှစ်ဦးကို မြန်မာနိုင်ငံလူမှုကူညီ​ရေးအသင်း(မုံရွာ)ကကူညီ​သယ်​ဆောင်ရန် ပြင်ဆင်​နေစဥ်။ ။ဓါတ်ပုံ-မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့-မုံရွာ)
(ကားဖြင့်အတိုက်ခံရ​ပြီးသေဆုံးခဲ့သူနှစ်ဦးကို မြန်မာနိုင်ငံလူမှုကူညီ​ရေးအသင်း(မုံရွာ)ကကူညီ​သယ်​ဆောင်ရန် ပြင်ဆင်​နေစဥ်။ ။ဓါတ်ပုံ-မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့-မုံရွာ)

“အဲ့ကားမြင်လိုက်တယ်။ ရွှေကုန်းရပ်ကွက်​လမ်းကြားကနေ အနောက်ဘက်မောင်းပြေးတာ။ ဘုန်းကြီးတစ်ပါးလဲပါတယ်။ မိန်းကလေးတွေရောအထုပ်တွေရောပါတယ်။ ကားခေါင်းကလဲပိန်နေတာ။ သေချာတယ်အနက်ရောင်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မုံရွာမြို့တွင် အကြောင်းရင်းမသိရသည့် ယာဥ်တိုက်သေဆုံးမှု၊ သတ်ဖြတ်မှုများ၊ လုယက်ဓားပြတိုက်သတ်ဖြတ်မှုများ ဖြစ်ပွားနေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

သာသနာ့ဝန်ထမ်းတစ်ယောက်ပါဝင်သော်လည်း တစ်စုံတစ်ရာတာဝန်ယူမှုမရှိဘဲ တိုက်ပြေးသွားသည့်အတွက် ဒေသခံများက ဝေဖန်ခဲ့ကြသည်။

သတင်း

သာသနာ့ဝန်ထမ်းတစ်ယောက်ပါဝင်သော်လည်း တစ်စုံတစ်ရာတာဝန်ယူမှုမရှိဘဲ တိုက်ပြေးသွားသည့်အတွက် ဒေသခံများက ဝေဖန်နေကြသည်။

သတင်း

ယနေ့ မိုင်းစစ်ဆင်ရေးတွင် မြောင်အမျိုးသမီးစစ် သည်တော်တပ် (M2W)မှ ထုတ်လုပ်သော ပြင်းအားမြင့် မိုင်းများအသုံးပြုခဲ့သည်ဟု ကိုနွေဦးကပြောသည်။

သတင်း

"ဆရာမက ကျောင်းမှာစာသင်ပြီးအပြန် လက်နက်ကြီးထိတာ။ သူ့ အဖြစ်ဆိုးကို သူ့တပည့်လေးတွေလည်း မြင်လိုက်ရတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။