Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကင်းရဲစခန်း အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

“ရဲစခန်းရှေ့တည့်တည့်မှာ ဗုံးပေါက်တာ။နှစ်လုံးဆက်မှာ တစ်လုံးကို ငါးမိနစ်လောက် ခြားပြီး ကြားရတယ်။ရခ တွေထိတာတော့ မသိရသေးဘူး”ဟု ရန်ကင်းမြို့ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

(ရန်ကင်းမြို့နယ် ရဲစခန်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(ရန်ကင်းမြို့နယ် ရဲစခန်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ရဲစခန်းကင်းကို ပစ်မှတ်ထား၍ အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း God’s Hand Forcesက ပြောသည်။

ယနေ့(အောက်တိုဘာ ၁၈ ရက်) နေ့လည် ၁နာရီခွဲခန့်က တိုက်ခိုက်ဖောက်ခွဲမှုတွင် ထိခိုက်မှုကို မသိရသေးသော်လည်း ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

ယခုတိုက်ခိုက်မှုသည် Yangon UG Associa tion (YUA)၏ “ပြည်သူ့ကမ်းလက်များ စစ်ဆင် ရေး”စစ်ရေးဖော်ဆောင်မှုဖြစ်ကြောင်းလည်း GHFက ဆိုသည်။

“ဘန်ကာကင်းကို ဘယ်ညာ နှစ်လုံးချတာပါ။ အနည်းဆုံး လေးယောက်ပါ။ မြင်ရသလောက်တော့ ခိုးပြီး အရက်သောက်နေတာ သူတို့။ (ထိခိုက်သေဆုံး)မသေချာသေးလို့ မပြောနိုင်ပါဘူး”ဟု GHF မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

“ရဲစခန်းရှေ့တည့်တည့်မှာ ဗုံးပေါက်တာ။နှစ်လုံးဆက်မှာ တစ်လုံးကို ငါးမိနစ်လောက် ခြားပြီး ကြားရတယ်။ရခ တွေထိတာတော့ မသိရသေးဘူး”ဟု ရန်ကင်းမြို့ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်ပတ်သတ် သည့် ထောက်တိုင်များ၊လုပ်ငန်းဌာနများ၊စစ် ကောင်စီ၏ အထိုင်ကင်း၊ လှည့်ကင်းများနှင့် ဝေးရာမှ ရှောင်ရှားပေးရန်လည်း GHFက တိုက် တွန်းသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့၌ မြို့ပြတော်လှန်ရေးအင်အားစုများက စစ်ကောင်စီတပ်နေရာများကို ပိုမိုတိုက်ခိုက်လျက်ရှိနေသည်။

ထို့အပြင် ယနေ့ နေ့လည်ပိုင်းက သာကေတ၊ ရွှေပြည်သာနှင့် ဗိုလ်တထောင်မြို့နယ်တို့တွင်လည်း ပေါက်ကွဲသံအချို့ကြားရပြီး အခြေအနေအသေးစိတ်ကို မသိရသေးပေ။

ရန်ကင်းရဲစခန်းသည် ပြီးခဲ့သည့် ‌မေလ ၁၆ ရက်တိုက်ခိုက်ခံခဲ့ရသေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ် တွင် သက်သေနှင့်တကွ ယခုလ ၁၁ ရက်တွင် ဖမ်းဆီးရမိခြင်းဖြစ်ပြီး ပစ္စတိုတစ်လက်၊ဆန် ၇အိတ်နှင့် မုန့်ခြောက်များ သိမ်းဆည်းရမိသည်ဟု ဆိုသည်။

သတင်း

နောက်နောင်တွင်လည်း အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သော အုပ်ချုပ်ရေး၊ စီပွားရေး၊ လူမူရေးပစ်မှတ်များအား ထိရောက်ပြင်းထန်စွာတိုက်ခိုက်သွားမည် ဖြစ်ကြောင်း Dark shadow (UG)က ဆိုသည်။

သတင်း

ယင်းစစ်ဆင်ရေးကို မှော်ဘီအခြေစိုက် Gurdians UG အဖွဲ့နှင့်အတူ အောက်တိုဘာ ၁၁ရက် ည ၇ နာရီကျော်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

သတင်း

ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်ကလည်း ဝမ်းတွင်းမြို့နယ် ယာယီစခန်းမှူးအား ဝမ်းတွင်းအခြေစိုက် WTRFအဖွဲ့က သုတ်သင်ရှင်းလင်းခဲ့သေးသည်။