Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စာသင်​ပေး၍စစ်​တပ်ကခေါင်းဖြတ်သတ်ခဲ့သော​ကျောင်းဆရာ

ပေါက်တောင်ပိုင်းနယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးမှုကြောင့် ပြည်သူလေးဦးထက်မနည်း သေဆုံးခဲ့ပြီး ပြည်သူ​ခြောက်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

(​ခေါင်းဖြတ်သတ်ဖြတ်ခံခဲ့ရသည့် CDMကျောင်းဆရာဦး​​စောထွန်းမိုး ။ ။ဓါတ်ပုံ-MT)
(​ခေါင်းဖြတ်သတ်ဖြတ်ခံခဲ့ရသည့် CDMကျောင်းဆရာဦး​​စောထွန်းမိုး ။ ။ဓါတ်ပုံ-MT)

မကွေးတိုင်း၊ ပေါက်မြို့နယ်၌ ကြားကာလပညာ​ရေးတွင် ပညာသင်ကြား​ပေး​နေ​သော​CDMကျောင်းဆရာကိုစစ်ကောင်စီတပ်က စာသင်ကျောင်းရှေ့၌ သတ်ဖြတ်ပြီး ဦးခေါင်းအား ကျောင်းခြံစည်းရိုးတွင် ချိတ်ဆွဲထားခဲ့ကြောင်းဒေသခံများကပြောသည်။

ပေါက်မြို့နယ်တောင်ပိုင်း၌ စစ်ကြောင်းထိုးဖျက်ဆီးနေသောစစ်ကောင်စီတပ်သည် ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက သစ်ညီနောင်ရွာနေ အသက်၄၅နှစ်အရွယ် ဆရာဦးစောထွန်းမိုးအား ဖမ်းဆီးခေါ်ဆောင်ကာ ခေါင်းနှင့်ခြေလက်များအား ဖြတ်တောက်ပြီး အခြေခံပညာအထက်တန်းကျောင်းခြံစည်းရိုးတွင် ချိတ်ဆွဲထားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပေါက်တောင်ပိုင်း ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက “ဆရာတို့က မနေ့မနက်က စစ်ဘေးရှောင်ရင်း သူတို့ရွာကိုစစ်ကြောင်းဝင်တော့ ဆရာအပါအဝင် လူလေးဆယ်လောက်ဖမ်းမိသွားတယ်။ သစ်ညီနောင်ကျေးရွာမှာမိတယ်။ ဆရာဦးစောထွန်းမိုးကို ဖမ်းဆီးပြီး လမ်းပြပုံစံမျိုးနဲ့ တောင်မြင့်ကျေးရွာကို ခေါ်သွားတယ်။ တောင်မြင့်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှေ့မှာပဲPDFနဲ့ဆက်စပ်မှုရှိတယ် NUG ပညာရေးကျောင်းတွေမှာလည်းသူကဦးဆောင်ပြီးလုပ်တယ်ဆိုပြီးတော့မှသူ့ကိုလူမဆန်စွာသတ်ဖြတ်တာ။”ဟု ပြောကြားသည်။

ဆရာဦးစောထွန်းမိုးသည် ပေါက်မြို့နယ်ရှိ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများ၌ စာသင်နေသော ဆရာတစ်ဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုတွင်ပါဝင်ကာ စာသင်ရပ်နားခဲ့ကြောင်း၊ လက်ရှိ NUGလက်အောက်ရှိ စာသင်ကျောင်းတွင် စာသင်ပေးနေသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပေါက် ပညာရေးဘုတ်အဖွဲ့-Board Of Education-Pauk ၏ တာဝန်ခံဆရာတစ်ဦးက “ကြားကာလ NUG ရဲ့စာသင်ကျောင်းတွေမှာ စာမသင်ရဲအောင်လုပ်တယ်လို့မြင်ပါတယ်။ပေါက်ပညာရေးဘုတ်အဖွဲ့အနေနဲ့ကတော့စစ်ကြောင်းလာရင်ပြေး စစ်ကြောင်းမရှိတဲ့အချိန်စာသင်ကျောင်းတွေပိုပြီးဖွင့်နိုင်ဖို့ရှေ့ဆက်ကြိုးစားသွားမှာပါ။”ဟု ပြောကြားသည်။

ဆရာ၏သားဖြစ်သူကလည်းဖခင်၏ အဖြစ်ဆိုးအတွက်ယူကြုံးမရ​ဖြစ်​နေသည်။ “အဖေရယ် အဖြစ်ဆိုးလွန်းလှချည်လားဗျာ…။ခေါင်းဖြတ်သတ်ခံရတယ်ကြားလို့အဲ့လောက်ထိကြီး‌​တော့မဖြစ်ပါစေနဲ့လို့ ထပ်ဆုတောင်းနေခဲ့တာ။ခုတော့ ဘယ်ဘုရားကမှဆုတောင်းပြည့်မပေးဘူး”ဟု၎င်း၏​ဖေစ်ဘွခ်တွင်​ရေးသား၍ဖခင်၏အဖြစ်ဆိုးအတွက်​ရေးသားခဲ့သည်။

ဆက်လက်၍လည်း “အဖေရဲ့နောက်ဆုံခရီးမှာတောင်သားတစ်ယောက်အနေနဲ့ အဖေအနားမှာ ရှိမနေနိုင်တဲ့အတွက်ယူကျိုးမရဖြစ်ရပါတယ်ဗျာ။အဖေအလောင်းကို ကိုယ်တိုင်ထမ်းပို့ခွင့်မရတဲ့သားမိုက်ကို ခွင့်လွှတ်ပေးပါနော်အဖေ။ သား အဖေကို အရမ်းချစ်ပါတယ်ဗျာ” ဟုဆရာဦး​စောထွန်းမိုး၏သားဖြစ်သူက​ရင်ဖွင့်ထားသည်။

ပေါက်တောင်ပိုင်းနယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးမှုကြောင့် ပြည်သူလေးဦးထက်မနည်း သေဆုံးခဲ့ပြီး ပြည်သူ​ခြောက်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

စစ်အုပ်စု၏တရားလက်လွတ်ခေါင်းဖြတ်သတ်ခံရသည့်ဆရာဦးစောထွန်းမိုးအတွက် ပေါက်မြို့နယ်ပညာရေးဘုတ်အဖွဲ့က ဦးဆောင်၍ CDM ဆရာဆရာမများ၊ကျောင်းသားကျောင်းသူများ၊ပြည်သူများက ယနေ့(အောက်တိုဘာလ ၁၈ ရက်နေ့)တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါသပိတ်စစ်ကြောင်းသည် စစ်ကျွန်ပညာရေးအလိုမရှိ၊ စစ်အာရှင်ဆန့်ကျင်ရေးသံချပ်ထိုးကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပညာရေးဝန်ကြီးဌာနသည် ဆရာဦးစောထွန်းမိုးကဲ့သို့သော နွေဦးတော်လှန်ရေးတွင် အကြမ်းဖက်စစ်အာဏာရှင်၏ လူမဆန်စွာရက်စက် ကြမ်းကြုတ်မှုများကို ခုခံတော်လှန်ရင်း ကျဆုံးခဲ့ရသောဆရာများကို မော်ကွန်းဝင်တော်လှန် ပညာသူရဲကောင်းများ အဖြစ်မှတ်တမ်းတင် အလေးအမြတ်ပြုကြာင်း ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၃ ရက် က မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်း သီးချောက်ကျေးရွာ၊ ကျားပစ်ကန် အနောက်ဘက်ရှိ စစ်ဘေးရှောင်တဲများကိုပါ မီးရှို့ခဲ့သည်။

သတင်း

သီးချောင်းကျေးရွာနေ ပြည်သူများမှာ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ထိခိုက်ပျောက်ဆုံးသူများလည်း ရှိနေကြောင်း၊ ရွာပြန်မကပ်နိုင်သေး၍ မီးလောင်အိမ်ခြေအတိအကျမသိရသေးကြောင်း ဒေသခံများက ပြောသည်။

သတင်း

"Non CDMဟုတ်တယ်။ ဒါပေမဲ့သူကအကြပ် ကိုင်ခံရလို့။ ပြည်သူ့ဘက်ပါတဲ့ဆရာကြီးပါ။ အတော်လေးကောင်းပါတယ်။"ဟု Voice Of Wundwin အဖွဲ့ဝင်တစ်ဦးက ပြောသည်။