Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းစိန်ထောင်ရှေ့ဗုံးပေါက်ကွဲပြီး အကျဉ်းဦးစီးဝန်ထမ်း သုံးဦးသေပြီး ဒဏ်ရာရသူများလည်းရှိ

အထက်ပါဗုံးပေါက်ကွဲမှုအပြီး စစ်ကောင်စီတပ်က အင် အားအလုံးအရင်းဖြင့် အင်းစိန်ထောင်ဘူးဝရှေ့နှင့်အနီးဝန်းကျင်ကို လမ်းများပိတ်ဆို့လိုက်ပြီး ခြေရှုတ်နေကြောင်း ဒေသခံများက ပြောသည်။

(အင်းစိန်​ထောင်​​ရှေ့တွင် စစ်​ကောင်စီ၏အကျဥ်းဦးစီးမှလုံခြုံ​ရေးဝန်ထမ်းအချို့ ။ ။ဓါတ်ပုံ-AFP)
(အင်းစိန်​ထောင်​​ရှေ့တွင် စစ်​ကောင်စီ၏အကျဥ်းဦးစီးမှလုံခြုံ​ရေးဝန်ထမ်းအချို့ ။ ။ဓါတ်ပုံ-AFP)

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်ရှိ အင်းစိန်ဗဟိုအကျဥ်းထောင်ရှေ့တွင် ယနေ့(အောက်တိုဘာ ၁၉)နံနက်ပိုင်းက ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အကျဥ်းဦးစီးဝန်ထမ်း ၃ ဦး​သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အင်းစိန်မြို့နေသူတစ်ဦးက”ထောင်ထဲက ဂိတ်ဝက်ပေါက်မှာကို ပေါက်တာ။သေတဲ့သူများတယ်။လောလောဆယ်အတည်ပြုနိုင်တာ သုံးယောက်သေတယ်တဲ့။ပြီးတော့ ၁၀ ယောက်လောက်ဒဏ်ရာရတယ်။အကုန်လုံးက ထောင်ဝန်ထမ်းတွေ”ဟု ပြောသည်။

ယနေ့နံနက် ၉ နာရီ ၄၀ ခန့်က အင်းစိန်ဗဟိုအကျဉ်း ထောင်ဘူးဝအနီး ပါဆယ်ဗုံးနှစ်လုံးပေါက်ကွဲခြင်းဖြစ်ပြီးစစ်ကောင်စီလက်အောက်ခံ အကျဥ်းဦးစီးဝန်ထမ်းခုနစ်ဦးဒဏ်ရာရကာ သုံးဦးသေဆုံးသွားကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာ News Of Myanmar တယ်လီဂရမ်ချန်နယ်က ဆို သည်။

“ပေါက်ကွဲမှုမှာ အကျဉ်းထောင်ဝင်ထွက်ပေါက် ပါဆယ်လက်ခံသည့်အဆောက်အဦးအတွင်း၌ တစ်ကြိမ်၊ အ ဆောက်အဦးအပြင်၌တစ်ကြိမ်ဖြစ်ပြီးပေါက်ကွဲမှုကြောင့် အကျဉ်းထောင်မှ တပ်သားကျော်ဇင်ဦး၊ တပ်သားခင်မိုးဝေနှင့် တပ်သားပိုးအိဇံတို့သေဆုံးပြီး ၇ ဦးမှာဗုံးစထိမှန်ဒဏ်ရာများရကြောင်းသိရသည်”ဟု NOM က ဖော်ပြ သည်။

ပေါက်ကွဲမှုကြောင့် အင်းစိန်ထောင်အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ကရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ကြောင်းလည်း အခါးဒေသခံသတင်းရင်းမြစ်တစ်ဦးကလည်း အတည်ပြုသည်။

“ခုနှစ်ချက်လောက်ရှိတယ်။အခု အင်းစိန်ထောင်နဲ့ ဆက်စပ်တဲ့လမ်းတွေကို စခတွေပိတ်ပြီး စစ် နေတယ်”ဟု၎င်းကဆက်ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ မတရားဖမ်း ဆီးခံထားရသည့်နိုင်ငံရေးအကျဥ်းသားများချုပ်နှောင်ထားသည့်အင်းစိန်ထောင်ဝန်ထမ်း များအနေဖြင့်စစ်ကောင်စီလက်အောက်မှ နှုတ်ထွက်ရန်မြို့ပြတော်လှန်ရေးအင်အားစုများက အကြိမ်ကြိမ်သတိပေးထားသည်။

အထက်ပါဗုံးပေါက်ကွဲမှုအပြီး စစ်ကောင်စီတပ်က အင် အားအလုံးအရင်းဖြင့် အင်းစိန်ထောင်ဘူးဝရှေ့နှင့်အနီးဝန်းကျင်ကို လမ်းများပိတ်ဆို့လိုက်ပြီး ခြေရှုတ်နေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း အင်းစိန်ထောင်အနီးဝန်းကျင်၌ ပေါက်ကွဲမှု လေးကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ချက်မှာတော့ ထောင်ဝင်စာပို့တဲ့အဆောက်အဦးထဲနဲ့ အဆောက်အဦးပြင်ပ မှာ ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ခဲ့တာလို့ ထုတ်ပြန်တာတွေ့ရပါတယ်။

သတင်း

စစ်ကောင်စီ လော်ဘီလူမှုကွန်ရက်တွေမှာသတင်းဖြန့်ထားချက်အရတော့ ထောင်ဝင်စာပို့တဲ့အဆောက်အဦးထဲနဲ့ အဆောက်အဦးပြင်ပမှာ ၂ ကြိမ် ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

နိုင်ငံတကာ

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖြစ်စဉ်နဲ့ ပတ်သက်လို့ အမြန်ဆုံး ဖြေရှင်းချက်ပေးဖို့ လိုအပ်ကြောင်း ပြောပါတယ်။ ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့ကလည်း ဒီကိစ္စအတွက် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

သတင်း

ပါမောက္ခရှောင်တာနယ်ကို ထောင်ပြောင်းလိုက်တာကို အမှုနဲ့နီးစပ်သူတစ်ဦးက အတည်ပြုတယ်လို့ AFP သတင်းဌာနက ဖော်ပြပါတယ်။