Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော်မြို့နယ် အောင်းကုန်းရွာတိုက်ပွဲ စစ်ကောင်စီတပ် ​သေဆုံးထိခိုက်မှုရှိ

ယနေ့(အောက်တိုဘာ ၁၉ ရက်) နံနက်ပိုင်းအထိ အောင်းကုန်းနှင့်အင်ပင်ရွာတွင် စစ်ကောင်စီက တပ်စွဲထားပြီး လက်နက်ကြီးအချို့ဖြင့် ပစ်ခတ်မှုများပါရှိနေသည်ဟု သိရသည်။

အင်းတော်မြို့နယ် အောင်းကုန်းရွာတိုက်ပွဲ စစ်ကောင်စီတပ် ​သေဆုံးထိခိုက်မှုရှိ
အင်းတော်မြို့နယ် အောင်းကုန်းရွာတိုက်ပွဲ စစ်ကောင်စီတပ် ​သေဆုံးထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် အောင်းကုန်းကျေးရွာ တိုက်ပွဲ၌ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးသူများပြား၍ လေကြောင်းပစ်ကူပေးခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။

ယမန်နေ့(အောက်တိုဘာ ၁၈ရက်)က အင်အား ၆၀ကျော်ဖြင့် အောင်းကုန်းရွာအတွင်း စစ် ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို KIA နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“စစ်ကောင်စီတပ်က သေဆုံးတဲ့သူ ငါးဦးအထက်ရှိတယ်။အလောင်းတွေကို မီးရှို့လိုက်တယ် လို့ မျက်မြင်ကင်းထောက်အရ အတည်ပြုနိုင်တယ်”ဟု ကသာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အထိနာခဲ့သော စစ်ကောင်စီတပ်က ညနေ ၆နာရီ မိနစ် ၂၀ခန့်တွင် တိုက်လေယာဥ်အသုံးပြုကာ လေကြောင်းပစ်ကူပါပေးခဲ့ရကြောင်း အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အသိပေးသည်။

“တပ်ဖွဲ့ဝင်တွေ ထိခိုက်တာတော့ မရှိဘူး။ဒါပေမယ့် ဒေသခံအမျိုးသမီးတစ်ဦး ထိသွားတယ်”ဟု ၎င်းက ရှင်းပြသည်။

ထို့အပြင် အောင်းကုန်းရွာမှ နေအိမ် ငါးလုံး၊အင်ပင်ရွာမှ နေအိမ် နှစ်လုံးလည်း လက်နက်ကြီးထိမှန်ပျက်ဆီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အောင်းကုန်းရွာရှိ နေအိမ်၄လုံးကိုလည်း ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ် IR Team က ဆိုသည်။

ယနေ့(အောက်တိုဘာ ၁၉ ရက်) နံနက်ပိုင်းအထိ အောင်းကုန်းနှင့်အင်ပင်ရွာတွင် စစ်ကောင်စီက တပ်စွဲထားပြီး လက်နက်ကြီးအချို့ဖြင့် ပစ်ခတ်မှုများပါရှိနေသည်ဟု သိရသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်၊ထီးချိုင့်၊ ကောလင်း၊ဝန်းသိုနှင့် ဗန်းမောက်မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

ယခုလ ၁၇ရက်က ထီးချိုင့်မြို့တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်သား အလောင်း ခုနစ်လောင်းတွေ့ရှိပြီး ငါကြင်းမြီးစက်လတ် တစ်လက်နှင့် လက်နက်ငယ်တစ်လက်ကို ပြည်သူ့ကာကွယ်ရေးတပ်မှ သိမ်းဆည်းရရှိခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါ စစ်ဆင်ရေးအား မြို့နယ်(ပကဖ)၊ KSOတပ်ဖွဲ့ နှင့် ဒေါင်းစစ်သည် (LDF)တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

ကျေးရွာအရှေ့ဘက်မှဝင်၍ မီးငြှိမ်းသတ်ရန်ကြိုးစားသော်လည်း အလုံးစုံမီးမငြှိမ်းသတ်နိုင်သေးကြောင်း၊ ထို့ကြောင့် စစ်ကိုင်း - ရွှေဘိုလမ်းအား ဖြတ်သန်းသွားလာခြင်းမပြုရန် People's Army To Fight Dictatorship အဖွဲ့က သတိပေးသည်။

သတင်း

စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ချက်မှာတော့ ထောင်ဝင်စာပို့တဲ့အဆောက်အဦးထဲနဲ့ အဆောက်အဦးပြင်ပ မှာ ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ခဲ့တာလို့ ထုတ်ပြန်တာတွေ့ရပါတယ်။

သတင်း

လက်ရှိမှာ KNLA ပူးပေါင်းတပ်ဖွဲ့များဖြစ်ကြသည့် ကျားဖြူစစ်ကြောင်းနှင့် မဟာမိတ်တပ်ပေါင်းစုများ လှုပ်ရှားနေကြပြီး သတင်းကောင်းများလည်း ပြောခွင့်ရသည့်အချိန် ပြောပြမည်ဟု Justice Soldier -PDF က ပြောသည်။