Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာအနီး စစ်ကောင်စီလေကြောင်းမှ ပစ်ခတ်၊ ပြည်သူအချို့ပိတ်မိနေ

စစ်ကောင်စီတပ်သည် လေကြောင်းပစ်ခတ်နေရင်း Mi17 ဖြင့် လေး​ခေါက် တပ်သားများ လာချနေကြောင်း ဒေသခံများက ပြောသည်။

ရင်ပေါင်တိုင်ကျေးရွာအနီးသို့ ရဟတ်ယာဥ်များပျံဝဲနေစဥ်၊ ဓာတ်ပုံ-Pale Entertainment
ရင်ပေါင်တိုင်ကျေးရွာအနီးသို့ ရဟတ်ယာဥ်များပျံဝဲနေစဥ်၊ ဓာတ်ပုံ-Pale Entertainment

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်က Mi 35 နှစ်စီးဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (အောက်တိုဘာလ ၁၉ ရက်) နံနက် ၁၀ နာရီ ၁၀မိနစ်ခန့်တွင် မုံရွာမြို့အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ရဟတ်ယာဥ် လေးစီးဖြင့် ရင်ပေါင်တိုင်ရွာနှင့် ဆင်စွဲကျေးရွာအနီးသို့ သုံးစီးဝဲပျံပြီး တစ်စီးက ရမ်းသမ်းပစ်ခက်နေကြောင်း ပုလဲနယ်အခြေစိုက် Royal Eagle PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပုထိုးသာအရှေ့ဘက် ပုပ္ပါးရွာအနီးတွင် ရဟတ်ယာဥ်ဖြင့်စစ်ကောင်စီတ​ပ်များချနေသည်ဟု ကနဦးသတင်းရရှိထားကြောင်း၊ လည်ငေါက်၊ပုထိုးသာ ကားလမ်းအား အသုံးပြုမည့် မော်တော်ယာဥ်နှင့် ခရီးသွားများ ဖြတ်သန်းသွားလာခြင်းမပြုရန် Royal Eagle PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အခုတော့ ပုထိုးသာရွာနဲ့ရင်ပေါင်တိုင်ရွာထဲကို ရဟတ်ယာဥ်နဲ့လူချပြီး ရမ်းသမ်းပစ်ခက်နေတယ်။ ပိတ်မိတဲ့ပြည်သူအချို့လည်းရှိတယ်ဗျ။”ဟု Royal Eagle PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သည် လေကြောင်းပစ်ခတ်နေရင်း Mi17 ဖြင့် လေး​ခေါက် တပ်သားများ လာချနေကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် သြဂုတ် ၁၁ ရက်ကလည်း ရင်ပေါင်တိုင်ရွာအား လေကြောင်းပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ဒေသကာကွယ်ရေးရဲဘော်အချို့ ထိခိုက်ကျဆုံးမှုများရှိခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါ စစ်ဆင်ရေးအား မြို့နယ်(ပကဖ)၊ KSOတပ်ဖွဲ့ နှင့် ဒေါင်းစစ်သည် (LDF)တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

ကျေးရွာအရှေ့ဘက်မှဝင်၍ မီးငြှိမ်းသတ်ရန်ကြိုးစားသော်လည်း အလုံးစုံမီးမငြှိမ်းသတ်နိုင်သေးကြောင်း၊ ထို့ကြောင့် စစ်ကိုင်း - ရွှေဘိုလမ်းအား ဖြတ်သန်းသွားလာခြင်းမပြုရန် People's Army To Fight Dictatorship အဖွဲ့က သတိပေးသည်။

သတင်း

စစ်ကောင်စီ လော်ဘီလူမှုကွန်ရက်တွေမှာသတင်းဖြန့်ထားချက်အရတော့ ထောင်ဝင်စာပို့တဲ့အဆောက်အဦးထဲနဲ့ အဆောက်အဦးပြင်ပမှာ ၂ ကြိမ် ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

သတင်း

ယနေ့(အောက်တိုဘာ ၁၉ ရက်) နံနက်ပိုင်းအထိ အောင်းကုန်းနှင့်အင်ပင်ရွာတွင် စစ်ကောင်စီက တပ်စွဲထားပြီး လက်နက်ကြီးအချို့ဖြင့် ပစ်ခတ်မှုများပါရှိနေသည်ဟု သိရသည်။