Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တိုက်ပွဲဖြစ်နေ၍ အာရှလမ်းပေါ် ကားရာနှင့်ချီ ပိတ်မိနေ

လက်ရှိမှာ KNLA ပူးပေါင်းတပ်ဖွဲ့များဖြစ်ကြသည့် ကျားဖြူစစ်ကြောင်းနှင့် မဟာမိတ်တပ်ပေါင်းစုများ လှုပ်ရှားနေကြပြီး သတင်းကောင်းများလည်း ပြောခွင့်ရသည့်အချိန် ပြောပြမည်ဟု Justice Soldier -PDF က ပြောသည်။

တိုက်ပွဲဖြစ်နေ၍ အာရှလမ်းပေါ် ကားရာနှင့်ချီ ပိတ်မိနေ
တိုက်ပွဲဖြစ်နေ၍ အာရှလမ်းပေါ် ကားရာနှင့်ချီ ပိတ်မိနေ

အာရှလမ်းမပေါ်တွင် ယနေ့မနက်ပိုင်းကစ၍ တိုက်ပွဲဖြစ်ပွားနေသဖြင့် ကားအစီးရာနှင့်ချီပိတ်မိနေတယ်လို့ ခရီးသွားလာသူများ၏ ပြောဆိုချက်အရ သိရသည်။

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေပွားနေခြင်းဖြစ်သည်။

အောက်တိုဘာလ(၁၈)ရက် ညပိုင်းလောက်မှစပြီး အာရှလမ်းမအနီး တောနောရေတံခွန်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ထိုတိုက်ပွဲဟာ ယနေ့မနက်ပိုင်းတွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်ဟု ဒေသခံတွေကဆိုသည်။

တိုက်ပွဲဖြစ်နေ၍ အာရှလမ်းပေါ် ကားရာနှင့်ချီ ပိတ်မိနေ
တိုက်ပွဲဖြစ်နေ၍ အာရှလမ်းပေါ် ကားရာနှင့်ချီ ပိတ်မိနေ

လက်ရှိမှာ KNLA ပူးပေါင်းတပ်ဖွဲ့များဖြစ်ကြသည့် ကျားဖြူစစ်ကြောင်းနှင့် မဟာမိတ်တပ်ပေါင်းစုများ လှုပ်ရှားနေကြပြီး သတင်းကောင်းများလည်း ပြောခွင့်ရသည့်အချိန် ပြောပြမည်ဟု Justice Soldier -PDF က ပြောသည်။

ထို့အပြင် တပ်မဟာ(၆)နယ်မြေ ဒေါနအရှေ့ဘက်ခြမ်းဖြစ်သည့် ကော်ဘရာစစ်ကြောင်းလုံခြုံရေးတာဝန်ယူထားသည့် ရှေ့တန်းစစ်မျက်နှာတစ်ခုတွင် ကော်ဘရာစစ်သည်တွေ၏ စနိုက်ပါလက်ချက်ကြောင့် စစ်ကောင်စီဘက်မှ ဗျူဟာမှူးအဆင့်ရှိသူတစ်ဦး သေဆုံးသွားခဲ့သည်ဟု ရှေ့တန်းစစ်မျက်နှာနှင့် နီးစပ်သူများဆီကနေ ကြားသိရသည်။

“ဗျူဟာမှူးအသားစိမ့်နေတာပဲအေ လွှတ်ကောင်း။ အကောင်ကြီးကြီး ထိသွားတော့ ဆက်တိုက်ထုတော့တာပဲ” ဟု ပူးပေါင်းတပ်ဖွဲ့ဝင်​တွေ့ သူတို့၏လူမှုကွန်ယက်တွင်ရေးသားထားသည်။

လက်ရှိမှာ ကော်ဘရာစစ်ကြောင်းလုံခြုံရေးတာဝန်ယူထားသည့် ဒေသတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလုပ်ဆောင်နေလျက်ရှိသည်ဟု ပူးပေါင်းတပ်ဖွဲ့များဆီကနေ သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်ဘက်ကလည်း သုံးဦးသေဆုံးပြီး တစ်ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ကနဦး သတင်းရရှိထားသည်ဟု MSRO အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ယနေ့(အောက်တိုဘာ ၁၉ ရက်) နံနက်ပိုင်းအထိ အောင်းကုန်းနှင့်အင်ပင်ရွာတွင် စစ်ကောင်စီက တပ်စွဲထားပြီး လက်နက်ကြီးအချို့ဖြင့် ပစ်ခတ်မှုများပါရှိနေသည်ဟု သိရသည်။

သတင်း

ရေစကြိုမြို့နယ်၊ မြိုင်နယ်နှင့် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တို့သည် နယ်မြေချင်းထိဆက်နေပြီး ဒေသကာကွယ်ရေးအဖွဲ့များပူးပေါင်းကာ စစ်ကောင်စီတပ်အား တိုက်ခိုက်နေကြသည်။

သတင်း

ရှမ်းမြောက်ဒေသ စစ်ရေးသတင်းများ ဖော်ပြလေ့ရှိသည့် 7Stars News စာမျက်နှာတွင် မန်တုံတိုက်ပွဲ၌စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့ကြောင်း ဖော်ပြထားသည်။