Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းစိန်ထောင်ဗုံးပေါက်ကွဲမှုကြောင့် ထောင်ဝင်စာပို့လာပို့သူအရပ်သား ၅ ဦးအပါအဝင် ၈ ဦးသေဆုံး

စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ချက်မှာတော့ ထောင်ဝင်စာပို့တဲ့အဆောက်အဦးထဲနဲ့ အဆောက်အဦးပြင်ပ မှာ ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ခဲ့တာလို့ ထုတ်ပြန်တာတွေ့ရပါတယ်။

အင်းစိန်ထောင်ဗုံးပေါက်ကွဲမှုကြောင့် ထောင်ဝင်စာပို့လာပို့သူအရပ်သား ၅ ဦးအပါအဝင် ၈ ဦးသေဆုံး
အင်းစိန်ထောင်ဗုံးပေါက်ကွဲမှုကြောင့် ထောင်ဝင်စာပို့လာပို့သူအရပ်သား ၅ ဦးအပါအဝင် ၈ ဦးသေဆုံး

ဒီနေ့မနက်ပိုင်း အင်းစိန်ထောင် ဝင်ပေါက်ဂိတ် မှာ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ ၈ ဦးထိရှိလာပြီး အကျဉ်းဦးစီး ဝန်ထမ်း ၃ ဦးနဲ့ ထောင်ဝင်စာ ပါဆယ်လာပို့သူ အမျိုးသမီး ၅ ဦးပါဝင်တယ်လို့ စုံစမ်းသိရပါတယ်။

ပေါက်ကွဲမှုဟာ လှိုင်မြစ်လမ်းပေါ်က အင်းစိန်ထောင်ဝင်ပေါက်နားမှာရှိတဲ့ ထောင်ဝင်စာပို့တဲ့ နေရာမှာဖြစ်ပွားခဲ့တာပါ။

လူမှုကွန်ရက်မှာတက်လာတဲ့ ဓာတ်ပုံတွေအရ ပေါက်ကွဲမှု ဖြစ်တဲ့နေရာဟာ ထောင်တွင်းကိုပေးပို့မယ့် စာ နဲ့ဆေးဝါး လက်ခံတဲ့နေရာဖြစ်တာကိုတွေ့ရပါတယ်။

စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ချက်မှာတော့ ထောင်ဝင်စာပို့တဲ့အဆောက်အဦးထဲနဲ့ အဆောက်အဦးပြင်ပ မှာ ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ခဲ့တာလို့ ထုတ်ပြန်တာတွေ့ရပါတယ်။

ပေါက်ကွဲမှုကြောင့် အကျဉ်းဦးစီးဝန်ထမ်း ၃ ဦး သေဆုံးသလို ထောင်ဝင်စာ လာပို့တဲ့အမျိုးသမီး ၅ ဦး စုစုပေါင်း ၈ ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ကနဦးစုံစမ်းသိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဘယ်ရက်မှာ ထောင်ဝင်စာပါဆယ် ပြန်လည်လက်ခံမယ်ဆိုတာကိုတော့ ထောင်ဘက်က ပြန်လည်အသိပေးတာမရှိဘူးလို့လည်း အဲဒီရှေ့နေက ဆိုပါတယ်။

သတင်း

စစ်ကောင်စီ လော်ဘီလူမှုကွန်ရက်တွေမှာသတင်းဖြန့်ထားချက်အရတော့ ထောင်ဝင်စာပို့တဲ့အဆောက်အဦးထဲနဲ့ အဆောက်အဦးပြင်ပမှာ ၂ ကြိမ် ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

သတင်း

ယနေ့(အောက်တိုဘာ ၁၉ ရက်) နံနက်ပိုင်းအထိ အောင်းကုန်းနှင့်အင်ပင်ရွာတွင် စစ်ကောင်စီက တပ်စွဲထားပြီး လက်နက်ကြီးအချို့ဖြင့် ပစ်ခတ်မှုများပါရှိနေသည်ဟု သိရသည်။

သတင်း

အထက်ပါဗုံးပေါက်ကွဲမှုအပြီး စစ်ကောင်စီတပ်က အင် အားအလုံးအရင်းဖြင့် အင်းစိန်ထောင်ဘူးဝရှေ့နှင့်အနီးဝန်းကျင်ကို လမ်းများပိတ်ဆို့လိုက်ပြီး ခြေရှုတ်နေကြောင်း ဒေသခံများက ပြောသည်။