Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရင်ပေါင်တိုင်ရွာအနီးသို့ စစ်ကောင်စီတပ် စီးနင်းမှု ပြည်သူအချို့သေဆုံးပြီး ဒဏ်ရာရသူများ၊ ဖမ်းဆီးခံထားရသူများရှိ

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များကလည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် အသင့်ရှိသော်လည်း ပြည်သူများကို ဓားစာခံအဖြစ်ဖမ်းထား၍ အခက်ကြုံနေရသည်ဟု ဒေသခံ PDF တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောသည်။

(ရင်ပေါင်တိုင်ရွာအနီး စစ်ရဟတ်ယာဥ်များ ပျံဝဲနေစဥ်၊ ဓာတ်ပုံ-Pale Entertainment)
(ရင်ပေါင်တိုင်ရွာအနီး စစ်ရဟတ်ယာဥ်များ ပျံဝဲနေစဥ်၊ ဓာတ်ပုံ-Pale Entertainment)

နေအိမ်အချို့ကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးထားဟုဆို

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာအနီးဝန်းကျင်ကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်များ အသုံးပြုပစ်ခတ်တိုက်ခိုက်ပြီး ဝင်ရောက်စီးနင်းခဲ့ရာ ဒေသခံပြည်သူအချို့သေဆုံးပြီး ဒဏ်ရာရသူများ၊ ဖမ်းဆီးခံထားရသူများ ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့နံနက်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ် နှစ်စီးဖြင့် ပစ်ခတ်ပြီး ပို့ဆောင်ရေး ရဟတ်ယာဉ်ဖြင့် ခုနစ်ခေါက် စစ်အင်အားများ လာရောက်ချထားစီးနင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“အခုက ဒီကောင်တွေက ရဟတ်ယာဉ်တွေက ပြေးလမ်းမရှိအောင်ကို ရင်ပေါင်တိုင်ရွာရဲ့ တစ်ရွာကျော် အခြား ဘေးရွာတွေကို ပိတ်ချပြီးတော့ ထွက်ပေါက်ပိတ်လိုက်တာ။ ပိတ်လိုက်တော့ ပြည်သူတွေ အခုလက်ရှိ အနေအထားမှာ တော်တော်များများ ရာဂဏန်းရှိမယ်ထင်တယ် ဖမ်းခံထားရတယ်။ အခု ယောက်ျားလေးတွေ ၃၇ယောက် အဖမ်းခံထားရတယ်လို့ စုံစမ်းသိရတယ်။ သေဆုံးမှုက နုန်းတန်း ဆိုတဲ့ဘက်မှာ နှစ်ယောက်သေထားတယ်။ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ ဗိုက်ကို ဖောက်မှန်ထားတာ နှစ်ချက်။ အဲဒါထူးခြားမှုရှိတယ်”ဟု ရင်ပေါင်တိုင်ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် ရင်ပေါင်တိုင်ကျေးရွာမှ အဆောက်အဦး အချို့ကို မီးရှို့ထားသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များကလည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် အသင့်ရှိသော်လည်း ပြည်သူများကို ဓားစာခံအဖြစ်ဖမ်းထား၍ အခက်ကြုံနေရသည်ဟု ဒေသခံ PDF တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောသည်။

“သူတို့ကို ကျွန်တော်တို့က ပြန်ပြီး ပိတ်ထားတယ်သူတို့ထွက်ပေါက်ကို။ အဖမ်းခံထားရတဲ့ ပြည်သူက တော်တော်ကိုများတယ်။ ကျွန်တော်တို့က ဝင်ပစ်ဖို့ကျတော့ အဖမ်းခံထားရတဲ့ ပြည်သူတွေထိခိုက်မှုရှိမှာ စိုးလို့ အဲဒီတစ်ချက်ကို ချိန်နေတာ”ဟု ယင်းမာပင်မြို့နယ် မြို့ပြပြောက်ကျား ဟိန္နကတပ်ဖွဲ့ ခေါင်းဆောင် က ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် ရင်ပေါင်တိုင်ရွာကို ရဟတ်ယာဉ်ဖြင့် အင်အား ၂၀၀ ခန့်ချထားခဲ့သည်ဟုဆိုသည်။

“အခုလိုမျိုးရင်ဆိုင်ရတဲ့ အနေအထားမျိုးမှာ ကျွန်တော်တို့ PDFတွေပဲဖြစ်ဖြစ် လိုကယ်ပဲဖြစ်ဖြစ် ယူဂျီပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံးမှာ လက်နက်ခဲယမ်းသာ တောင့်တောင့်တင်းတင်းရှိမယ်ဆိုရင် ဒီအဖွဲ့တွေကို ကောင်းကောင်း ပညာပေးပြီး တိုက်ထုတ်နိုင်ပါတယ်။ အခုလည်းရှိတဲ့လက်နက်နဲ့ လုပ်မှာပါ” ဟု ဟိန္နကတပ်ဖွဲ့ ခေါင်းဆောင်က ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အောက်တိုဘာ ၁၇ ရက်က ရွှေပန်းကုံးနယ်မြေရဲစခန်းတိုက်ပွဲ၌ ကျဆုံးခဲ့သည့် ရဲဘော်နေထက်၏ နာရေးအခမ်းအနားအား ယနေ့(အောက်တိုဘာ ၁၉ ရက်)တွင် ပြုလုပ်ခဲ့သည်။

သတင်း

ထန်တလန်မှ စစ်ကူလာသည် အင်အား ၄၀ခန်ပါ စစ်ကြောင်းကိုလည်း ပူးပေါင်းတပ်ဖွဲ့က ကြားညှပ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အထိနာ၍ လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

ယနေ့ တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီ ဘက်မှ (၄) ဦး ပြင်ထန် ဒဏ်ရာ ရရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များဘက်မှ တစ်စုံတစ်ရာ ထိခိုက်မှု မရှိကြောင်း ဖော်ပြထားသည်။

သတင်း

အဆိုပါ စစ်ဆင်ရေးအား မြို့နယ်(ပကဖ)၊ KSOတပ်ဖွဲ့ နှင့် ဒေါင်းစစ်သည် (LDF)တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။