Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူအများအပြား လိုက်ပါပို့ဆောင်ခဲ့သည့် ရဲဘော်နေထက်၏ စျာ​ပန

အောက်တိုဘာ ၁၇ ရက်က ရွှေပန်းကုံးနယ်မြေရဲစခန်းတိုက်ပွဲ၌ ကျဆုံးခဲ့သည့် ရဲဘော်နေထက်၏ နာရေးအခမ်းအနားအား ယနေ့(အောက်တိုဘာ ၁၉ ရက်)တွင် ပြုလုပ်ခဲ့သည်။

ရဲဘော်နေထက်၏ နာရေးအား ပြည်သူအများအပြားလိုက်ပါပို့ဆောင်နေစဥ်၊ ဓာတ်ပုံ- Ko Pyay Kyaw
ရဲဘော်နေထက်၏ နာရေးအား ပြည်သူအများအပြားလိုက်ပါပို့ဆောင်နေစဥ်၊ ဓာတ်ပုံ- Ko Pyay Kyaw

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးကျေးရွာတိုက်ပွဲ၌ ကျဆုံးခဲ့သည့် ရဲဘော်နေထက်၏ စျာပနအား ပြည်သူအများအပြားက လိုက်ပါပို့ဆောင်ခဲ့ကြသည်။

အောက်တိုဘာ ၁၇ ရက်က ရွှေပန်းကုံးနယ်မြေရဲစခန်းတိုက်ပွဲ၌ ကျဆုံးခဲ့သည့် ရဲဘော်နေထက်၏ နာရေးအခမ်းအနားအား ယနေ့(အောက်တိုဘာ ၁၉ ရက်)တွင် ပြုလုပ်ခဲ့သည်။

ရဲဘော်နေထက်၏ နာရေးအား ပြည်သူအများအပြားလိုက်ပါပို့ဆောင်နေစဥ်၊ ဓာတ်ပုံ- Ko Pyay Kyaw
ရဲဘော်နေထက်၏ နာရေးအား ပြည်သူအများအပြားလိုက်ပါပို့ဆောင်နေစဥ်၊ ဓာတ်ပုံ- Ko Pyay Kyaw

ရဲဘော်နေထက်အတွက် သက်ပျောက်ဆွမ်းကပ်ပြီး ကရင်ဓလေ့အတိုင်း အလေးပြုခြင်း၊ ပေးပို့လာသော ဝမ်းနည်းကြောင်းသဝဏ်လွှာများကို ဖတ်ကြားခြင်း၊ အမှတ်တရစကားပြောခြင်း၊ အမိန့်ပြန်တမ်းဖတ်ကြားခြင်းနှင့် သေနက်ပစ်ဖောက် ဂုဏ်ပြုခြင်းများ ပြုလုပ်ခဲ့ကြသည်။

ရဲဘော်နေထက်၏ နာရေးအား နယ်မြေစစ်ရေးတင်းမာနေသည့်ကြားမှပင် ဒေသခံသက်ကြီးရွယ်အိုဘိုးဘွားများကအစ လိုက်ပါပို့ဆောင်ခဲ့ကြသည်ကို တွေ့ရသည်။

ရဲဘော်နေထက်သည် နွေဦးတော်လှန်ရေးကာလတွင် 96 Soldiers-PDF တပ်ဖွဲ့၌ပါဝင်၍ စစ်အာဏာရှင်ကို လက်နက်စွဲကိုင်တော်လှန်ခဲ့သူဖြစ်ကြောင်း၊ ရဲဘော်နေထက် အနေဖြင့်

ရဲဘော်နေထက်၏ နာရေးအား ပြည်သူအများအပြားလိုက်ပါပို့ဆောင်နေစဥ်၊ ဓာတ်ပုံ- Ko Pyay Kyaw
ရဲဘော်နေထက်၏ နာရေးအား ပြည်သူအများအပြားလိုက်ပါပို့ဆောင်နေစဥ်၊ ဓာတ်ပုံ- Ko Pyay Kyaw

စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တိုက်ပွဲလမ်းခုလတ်တွင်မြင့်မြတ်စွာကျဆုံးရင်း သူ၏အသက်ကို ပေးလှူခဲ့ကြောင်း၊ 96 Soldiers-PDF တပ်ဖွဲ့က ကြေကွဲဝမ်းနည်းစွာဖြင့် ယူကျုံးမရ ဖြစ်ရသလို သူ၏ စွန့်လွှတ်အနစ်နာခံမှုအတွက်လည်း ဂုဏ်ယူမိကြောင်း ဖော်ပြခဲ့သည်။

ရဲဘော်နေထက်သည် ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်က ပခုက္ကူအကျဥ်းထောင်မှထောင်ဖောက်ကာ ထွက်ပြေးလွတ်မြောက်လာခဲ့သူဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေး၌ ဆက်လက်ပါဝင်ခဲ့သူဖြစ်သည်။

ရဲဘော်နေထက်၏ နာရေးအား ပြည်သူအများအပြားလိုက်ပါပို့ဆောင်နေစဥ်၊ ဓာတ်ပုံ- Ko Pyay Kyaw
ရဲဘော်နေထက်၏ နာရေးအား ပြည်သူအများအပြားလိုက်ပါပို့ဆောင်နေစဥ်၊ ဓာတ်ပုံ- Ko Pyay Kyaw

အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်း ၀က်လက်မြို့နယ်၊ ရွှေပန်းကုံးနယ်မြေရဲစခန်းကို 96‌ Soldiers-PDF တပ်အဖွဲ့နှင့် ​ဒေသကာကွယ်ရေးအဖွဲ့များပူးပေါင်းကာ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲကြာမြင့်ချိန် ၁နာရီအခန့်အကြာတွင် ဝေဟင်မှ လေယာဉ်ဖြင့် ပစ်ခက်သောကြောင့် တပ်ဖွဲ့၀င်များ ဆုတ်ခွာခဲ့ရပြီး ရဲဘော်‌တစ်ယောက် ထိခိုက်ဒဏ်ရာရ၍ ရဲဘော်နေထက် ကျဆုံးခဲ့ရသည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး ခြောက်ဦးအပြင်းအထန်ဒဏ်ရရှိခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များကလည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် အသင့်ရှိသော်လည်း ပြည်သူများကို ဓားစာခံအဖြစ်ဖမ်းထား၍ အခက်ကြုံနေရသည်ဟု ဒေသခံ PDF တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် လေကြောင်းပစ်ခတ်နေရင်း Mi17 ဖြင့် လေး​ခေါက် တပ်သားများ လာချနေကြောင်း ဒေသခံများက ပြောသည်။

သတင်း

96 Soldiers-PDF အဖွဲ့မှ ကိုဇေယျာလွင်က "ဒီနေ့ တိုက်ပွဲသတင်းထုတ်ပြန်ချက်ပါ။ တစ်ဦးဒဏ်ရာရပါတယ်(မပြင်းထန်ပါဘူး)၊ တစ်ဦးက ကျဆုံးခဲ့ပါတယ်" ဟု သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားမျှဝေထားသည်။

သတင်း

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၃ ရက် က မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်း သီးချောက်ကျေးရွာ၊ ကျားပစ်ကန် အနောက်ဘက်ရှိ စစ်ဘေးရှောင်တဲများကိုပါ မီးရှို့ခဲ့သည်။