Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဟားခါးမြို့နယ်တွင် စစ်ကောင်စီတပ်လက်နက်ကြီးပစ်၍ မူလတန်းကျောင်းသားငယ် နှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

အောက်တိုဘာ ၁၉ရက် မွန်းလွဲပိုင်း ၃နာရီခန့်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ကျောင်းကပြန်လာသည့် ကလေးငယ်များ ထိခိုက်သေဆုံးခဲ့ရသည်ဟု ဆိုသည်။

(သေဆုံးခဲ့ရသည့် ကလေးငယ်နှစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - The Chin Journal)
(သေဆုံးခဲ့ရသည့် ကလေးငယ်နှစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - The Chin Journal)

ချင်းပြည်နယ် ဟားခါးမြို့နယ်၊ ဘွန်လုန်ကျေးရွာ၌ စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့၍ မူလတန်းကျောင်းသား ကလေးငယ်နှစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး တစ်ဦး ဒဏ်ရာရခဲ့ကြောင်း The Chin Journal က ဖော်ပြသည်။

အောက်တိုဘာ ၁၉ရက် မွန်းလွဲပိုင်း ၃နာရီခန့်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ကျောင်းကပြန်လာသည့် ကလေးငယ်များ ထိခိုက်သေဆုံးခဲ့ရသည်ဟု ဆိုသည်။

“သူတို့က အသက် ၆နှစ်အရွယ် KG-2 တန်း ကလေးတွေဆိုတော့ ကျောင်းကနေစောလွှတ်တာ။ သူတို့ပြန်လာတဲ့လမ်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲသွားတယ်။ သူတို့နဲ့ နီးနီးကပ်ကပ်မှာပဲ လက်နက်ကြီးကျတာ။ ယောင်္ကျားလေးတစ်ယောက်က လက်နက်ကြီးထိပြီး နာရီ၀က်ခန့်အကြာမှာ သေဆုံးသွားတယ်။ ဒဏ်ရာပြင်းထန်တဲ့ နောက်ထပ် ယောင်္ကျားလေးတစ်ယောက် ခုနလေးပဲ သေဆုံးသွားတယ်။ ကလေးမလေးကိုတော့ ဆေးရုံပို့ထားတယ်”ဟု ဘွန်လုန်ကျေးရွာမှ ဘာသာရေးဆရာတစ်ဦး၏ ပြောကြားချက်ကို ဖော်ပြထားသည်။

အဆိုပါ ကျေးရွာသည် ဟားခါးမြို့နယ်၊ ဆန်ထန်နယ်မှာ တည်ရှိပြီး ဟားခါးမြို့နှင့် မိုင် ၂၀ခန့် ကွာဝေးကြောင်း၊ ရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲစဉ် ဆန်ထန်နယ်နှင့် ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဟု ဆိုသည်။

စစ်ကောင်စီနှင့် ချင်းပူးပေါင်းတပ်များသည် ဟားခါးနှင့် ထန်တလန်မြို့ကြားတွင် အောက်တိုဘာ ၁၃ရက်မှစ၍ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က အထိနာလျက်ရှိကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ထုတ်ပြန်ထားပြီး တစ်ပတ်အတွင်း စစ်ကောင်စီတပ်က ၂၅ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲ၌ အထိနာပါက အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ နေရာအသီးသီး၌ လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လက်ရှိတွင် ကလေးဒေသတွင်း စစ်ရေးတင်းမာနေ၍ လက်နက်ခဲယမ်းလိုအပ်ချက်ရှိနေပြီး ပါဝင်ကူညီပေးကြရန်လည်း PDF(ကလေး) တပ်ရင်း ၃ တာဝန်ရှိသူက​မေတ္တာရပ်ခံသည်။

သတင်း

ယနေ့ (အောက်တိုဘာ ၁၉ရက်)နံနက်က ဖြစ်ပွားခဲ့သည့် ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း ပေါက်ကွဲမှု၊ ပစ်ခတ်မှုများနှင့် ပတ်သက်သောကြေညာချက်ကို အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များကလည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် အသင့်ရှိသော်လည်း ပြည်သူများကို ဓားစာခံအဖြစ်ဖမ်းထား၍ အခက်ကြုံနေရသည်ဟု ဒေသခံ PDF တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောသည်။

သတင်း

ထန်တလန်မှ စစ်ကူလာသည် အင်အား ၄၀ခန်ပါ စစ်ကြောင်းကိုလည်း ပူးပေါင်းတပ်ဖွဲ့က ကြားညှပ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အထိနာ၍ လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။