Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းစိန်ထောင်တွင်းဖြစ်စဥ် အရပ်သားပြည်သူများသေဆုံးခဲ့ရမှုအကြောင်းအရင်း စုံစမ်းစစ်ဆေးနေဟု NUG ထုတ်ပြန်

ယနေ့ (အောက်တိုဘာ ၁၉ရက်)နံနက်က ဖြစ်ပွားခဲ့သည့် ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း ပေါက်ကွဲမှု၊ ပစ်ခတ်မှုများနှင့် ပတ်သက်သောကြေညာချက်ကို အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

(အင်းစိန်အကျဥ်းထောင်တိုက်ခိုက်မှုဖြစ်ပြီးနောက် မြင်တွေ့ရစဥ်)
(အင်းစိန်အကျဥ်းထောင်တိုက်ခိုက်မှုဖြစ်ပြီးနောက် မြင်တွေ့ရစဥ်)

အရပ်သားထိခိုက်စေသည့်လုပ်ရပ် မည်သည့်အဖွဲ့ကကျူးလွန်သည်ဖြစ်စေ ရှုတ်ချရုံသာမက အရေးယူနိုင်ရေးဆောင်ရွက်မည်ဟု အသိပေး

ပြည်သူများအား ထိခိုက်စေသည့် မည်သည့်လုပ်ရပ်မျိုးကို မည်သည့်အဖွဲ့က ကျူးလွန်သည်ဖြစ်စေ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကန့်ကွက်ရှုတ်ချရုံသာမက ကျူးလွန်ခဲ့သော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် မည်သူ့ကိုမဆို တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးကိုလည်း မဖြစ်မနေဆောင်ရွက်သွားမည်ဖြစ်ကြောင်း အင်းစိန်အကျဥ်းထောင်အတွင်း ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး အသိပေးထုတ်ပြန်သည်။

ယနေ့ (အောက်တိုဘာ ၁၉ရက်)နံနက်က ဖြစ်ပွားခဲ့သည့် ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း ပေါက်ကွဲမှု၊ ပစ်ခတ်မှုများနှင့် ပတ်သက်သောကြေညာချက်ကို အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အင်းစိန်ထောင် ထောင်ဝင်စာပေးပို့သည့်နေရာအနီး ပေါက်ကွဲမှု နှစ်ကြိမ်နှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကာ အကျဉ်း ဦးစီးဝန်ထမ်းအချို့သာမက ထောင်ဝင်စာပေးပို့ရန်ရောက်ရှိနေသည့် ပြည်သူ အနည်းဆုံး ငါးဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်ကို ဝမ်းနည်းဖွယ်ကြားသိရကြောင်း၊ အင်းစိန် ထောင်အတွင်း မတရားဖမ်းဆီးခြင်း ခံထားရသော နိုင်ငံရေးအကျဉ်းသားများ ရုံးထုတ်ရက်နှင့် ထောင်ဝင်စာပေးပို့နိုင်သည့် ရက်ဖြစ်သောကြောင့် ပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများ ဖြစ်ပွားသည့် ဖြစ်စဉ်အတွင်း သေဆုံးခဲ့ကြရသည့် အပြစ်မဲ့ပြည်သူများထဲတွင် နိုင်ငံရေးအကျဉ်းသားများ၏ မိခင်များနှင့် မိသားစုဝင်များလည်း ပါဝင်ခဲ့သည်ဟုလည်း သိရကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အဆိုပါ ဖြစ်စဉ်အသေးစိတ်အား စုံစမ်းလျက်ရှိသကဲ့သို့ အဆိုပါ ဖြစ်ရပ်အတွင်း သေဆုံးခဲ့ရသော အရပ်သားပြည်သူများ၏ သေဆုံးခဲ့ရခြင်းအကြောင်းရင်းကိုလည်း စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် အကြမ်းဖက်စစ်ကောင်စီက ပြည်သူလူထုအပေါ် ဥပဒေမဲ့ ညှဉ်းပမ်းနှိပ်စက်သတ်ဖြတ်နေမှုများအား အကာအကွယ်ပေးရေး ပြည်သူ့ခုခံတော်လှန်စစ်ကို စစ်သည်တော် ကျင့်ဝတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆင်နွှဲလျက်ရှိရာ ယင်း စစ်သည်တော်ကျင့်ဝတ်စည်းမျဉ်း (Code of Conduct) များထဲမှ စစ်ရေးဆိုင်ရာပစ်မှတ် သတ်မှတ်ရာတွင် စစ်အာဏာရှင်စနစ်၏ ယန္တရားများကိုသာ ချေမှုန်းရမည်၊ အရပ်သားပြည်သူများအား ခြိမ်းခြောက်ခြင်း၊ ပစ်မှတ်ထားတိုက်ခိုက်ခြင်း မပြုရဟူသည့် အချက်များပါရှိကြောင်း ဖော်ပြထားသည်။

အဆိုပါ စစ်သည်တော်ကျင့်ဝတ်စည်းမျဉ်း များကို အားလုံးလိုက်နာနိုင်ရေး သင်တန်းများပို့ချကာ ကြပ်မတ်ဆောင်ရွက်လျက်ရှိသကဲ့သို့အလွယ်တကူ လေ့လာသိရှိနိုင်ရန်လည်း https://mod.nugmyanmar.org/my/pdf-code-of-conduct/ တွင်ဖော်ပြထားကြောင်း၊ လိုက်နာရန် ပျက်ကွက်မှုများ ရှိပါကလည်း ထိရောက်စွာအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အောက်တိုဘာ ၁၉ရက် မွန်းလွဲပိုင်း ၃နာရီခန့်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ကျောင်းကပြန်လာသည့် ကလေးငယ်များ ထိခိုက်သေဆုံးခဲ့ရသည်ဟု ဆိုသည်။

သတင်း

ယနေ့(အောက်တိုဘာ ၁၉ရက်)က နံနက်ပိုင်းက အင်းစိန်အကျဥ်း​ထောင်တွင် ဗုံးပေါက်ကွဲမှုအပြီးတွင် စစ်ကောင်စီလုံခြုံ​ရေးတပ်ဖွဲ့ဝင်များက ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များကလည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် အသင့်ရှိသော်လည်း ပြည်သူများကို ဓားစာခံအဖြစ်ဖမ်းထား၍ အခက်ကြုံနေရသည်ဟု ဒေသခံ PDF တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောသည်။

သတင်း

ယနေ့ တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီ ဘက်မှ (၄) ဦး ပြင်ထန် ဒဏ်ရာ ရရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များဘက်မှ တစ်စုံတစ်ရာ ထိခိုက်မှု မရှိကြောင်း ဖော်ပြထားသည်။