Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေး-တမူးလမ်းတွင်စစ်ကောင်စီတပ်ကိုPDFများတိုက်ခိုက်

လက်ရှိတွင် ကလေးဒေသတွင်း စစ်ရေးတင်းမာနေ၍ လက်နက်ခဲယမ်းလိုအပ်ချက်ရှိနေပြီး ပါဝင်ကူညီပေးကြရန်လည်း PDF(ကလေး) တပ်ရင်း ၃ တာဝန်ရှိသူက​မေတ္တာရပ်ခံသည်။

(က​လေးPDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-PDFKalay)
(က​လေးPDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-PDFKalay)

▪︎စစ်​ကောင်စီတပ်ကပုံမှန်လမ်း​ကြောင်းမှမလာဘဲ ​တောလမ်း၊​​တောင်လမ်းမှ​ပြောင်းလာ​​နေ

ကလေး-တမူးလမ်းမပေါ်တွင်စစ်ကောင်စီတပ်ကိုPDF(ကလေး)တပ်ရင်းသုံးခုက တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း PDF(ကလေး) တပ်ရင်း (၃)မှတာဝန်ရှိသူကပြာသည်။

ကလေးမြို့မြောက်ပိုင်း ကလေး-တမူးလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်က ကားကြီး ၂စီးအပါအဝင် ခြေလျင်စစ်ကြောင်းများက စစ်အင်အား ၇၀ခန့်ဖြင့် ကလေးမြို့ကို ဦးတည်လာစဉ် အောက်တိုဘာ ၁၇ ရက်မနက် ၇နာရီခွဲခန့်က PDF(ကလေး)က အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ကလေး-တမူးလမ်းပိုင်း ၅၅ မိုင် အကျဉ်းစခန်းမှနံနက် ၆နာရီခန့်တွင် စတင်ထွက်လာပြီးကံလှရွာအနီးတွင် နံနက်၇နာရီခွဲ၌ PDF(ကလေး) တပ်ရင်းများကမိနစ် ၂၀ ကြာ ဆီးကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုအပြင် စစ်ကောင်စီတပ်၏ နောက်ချန် စစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်များက အောက်တိုဘာ ၁၇ ရက် နံနက် ၁၀နာရီခန့်က မြလေးတောင် ဘုရားအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့သည်။

Public Service Announcement
Public Service Announcement

PDF(ကလေး)ဘက်မှ တဦးမှာ လက်နက်ကြီး ထိမှန်၍ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့​ကြောင်းသိရသည်။ PDF(ကလေး) တပ်ရင်း (၃) ၊ တပ်ရင်း (၈) နှင့် တပ်ရင်း (၁၂)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“တမူးဘက်ကနေ လာတဲ့စခတွေလို့ယူဆရပါတယ်။စခတွေ(စစ်ကောင်စီတပ်)ကဝိတုတ်ရွာကိုလည်းရောက်ခဲ့သေးတယ် ပြီးမှ ကံအောင်ရွာကိုရောက်လာတယ် ”ဟု PDF(ကလေး) တပ်ရင်း ၃ မှ တာဝန်ရှိသူတစ်ဦးကစစ်​ကောင်စီတပ် စစ်​ကြောင်းထိုးလာပုံကိုပြောသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီ စစ်ကြောင်းသည်ယခုအခါ ကလေးမြို့ကိုရောက်ရှိနေပြီဟုလည်း ၎င်းကဆက်​ပြောသည်။

“တမူးဘက်ကနေလို ယူဆရတဲ့ စခ(စစ်ကောင်စီတပ်သား) ၅၀ ‌ဝန်းကျင် မနေ့ညက ရာဇဂြိုလ်ဆည်မြောင်းနားက ရာဘာခြံမှာ ရောက်နေတယ်လို သတင်းရထားပါတယ်ဗျ။ အဲ့နေရာ မတိုင်ခင် နေရာတစ်ခုကိုလည်း ရောက်သေးတယ်လို ကြားမိလိုက်သေးတယ်ဗျ။စခတွေကပုံမှန်မဟုတ်တဲ့ တောလမ်း တောင်လမ်းတွေကနေရောက်လာတယ်ဗျ”ဟုအဆိုပါတာဝန်ရှိသူကပြောသည်။

လက်ရှိတွင် ကလေးဒေသတွင်း စစ်ရေးတင်းမာနေ၍ လက်နက်ခဲယမ်းလိုအပ်ချက်ရှိနေပြီး ပါဝင်ကူညီပေးကြရန်လည်း PDF(ကလေး) တပ်ရင်း ၃ တာဝန်ရှိသူက​မေတ္တာရပ်ခံသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အောက်တိုဘာ ၁၉ရက် မွန်းလွဲပိုင်း ၃နာရီခန့်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ကျောင်းကပြန်လာသည့် ကလေးငယ်များ ထိခိုက်သေဆုံးခဲ့ရသည်ဟု ဆိုသည်။

သတင်း

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များကလည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် အသင့်ရှိသော်လည်း ပြည်သူများကို ဓားစာခံအဖြစ်ဖမ်းထား၍ အခက်ကြုံနေရသည်ဟု ဒေသခံ PDF တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောသည်။

သတင်း

ထန်တလန်မှ စစ်ကူလာသည် အင်အား ၄၀ခန်ပါ စစ်ကြောင်းကိုလည်း ပူးပေါင်းတပ်ဖွဲ့က ကြားညှပ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အထိနာ၍ လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

ယနေ့ တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီ ဘက်မှ (၄) ဦး ပြင်ထန် ဒဏ်ရာ ရရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များဘက်မှ တစ်စုံတစ်ရာ ထိခိုက်မှု မရှိကြောင်း ဖော်ပြထားသည်။