Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မူဆယ်တွင်ဒုဗိုလ်မှူးကြီးတစ်ဦးနှင့်အရာရှိတစ်ဦးကို PSDAကပစ်ခတ်ရှင်းလင်း

“နေ့လယ် ၁နာရီခန့်မှာ ပစ်ခတ်ရှင်းလင်းတယ်။ ‌ညနေ ငါးနာရီခန့်မှာ သေသွားတယ်လို့ သတင်းရတယ်”ဟု -PSDA ပြောရေးဆိုခွင့်ရှိသူက People’s Springသို့ ပြောသည်။

(​မူဆယ် ၁၀၅ မိုင်တွင်​သေဆုံးခဲ့​သော ဒုဗိုလ်မှုးကြီး ပြည့်ဖြိုးအောင်)
(​မူဆယ် ၁၀၅ မိုင်တွင်​သေဆုံးခဲ့​သော ဒုဗိုလ်မှုးကြီး ပြည့်ဖြိုးအောင်)

မူဆယ်တွင် စစ်ကောင်စီတပ်မှ ဒုတိယဗိုလ်မှုးကြီး ပြည့်ဖြိုးအောင်နှင့်အရာရှိတစ်ဦးအား သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ်‌ေမြာက်ပိုင်းပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့ -PSDA ပြောရေးဆိုခွင့်ရှိသူကပြောသည်။

ယမန်နေ့(အောက်တိုဘာလ ၁၈ရက်)ညနေက စစ်ကောင်စီ၏ တပ်မ(၉၉) လက်အောက် ခမရ (၄၂၁) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ပြည့်ဖြိုးအောင်နှင့်အတူ အရာရှိ တစ်ဦးအား မူဆယ်မြို့နယ်၊ ၁၀၅ မိုင်စီးပွားရေးဇုံနယ်မြေတွင်တိုက်ခိုက်ချေမှုန်းခဲ့သည်ဟုPSDAကယနေ့(အောက်တိုဘာ ၁၉ရက်)ညတွင် သတင်းထုတ်ပြန်သည်။

“နေ့လယ် ၁နာရီခန့်မှာ ပစ်ခတ်ရှင်းလင်းတယ်။ ‌ညနေ ငါးနာရီခန့်မှာ သေသွားတယ်လို့ သတင်းရတယ်”ဟု -PSDA ပြောရေးဆိုခွင့်ရှိသူက People’s Springသို့ ပြောသည်။

ဒုဗိုလ်မှုးကြီး ပြည့်ဖြိုးအောင်စီးလာသော ကားကို မူဆယ်နှင့် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်လမ်းမပေါ်တွင် လက်နက်ကိုင်လူတစ်စုကနှစ်ဖက်ညှပ်၍သေနတ်ဖြင့်ပစ်ခတ်ခြင်းဟု မျက်မြင်တွေ့သူများကပြောသည်။

” သူ့ကားကို ရှေ့ကနေ ကားနဲ့ပိတ်ရပ်လိုက်တယ်။ နောက်က ဆိုင်ကယ်တစ်စီးကပါ ပိတ်ပြီးရှေ့နောက်ညှပ်ပစ်တာ”ဟု ပစ်ခတ်မှုဖြစ်စဉ်ကိုမျက်မြင်တွေ့သူတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ပြည်သူ့စစ်များအားလုံးကို ဆက်လက်တိုက်ခိုက်မည်ဖြစ်ပြီး နှုတ်ထွက်ကြရန် PSDAက ထပ်မံသတိပေးသည်။

“စစ်ကောင်စီနဲ့ Non တွေကို ပြောချင်တာက ကျွန်တော်တို့ဟာ ခများတို့ရဲ့ အနီးနားမှာတင်ရှိနေတယ်။ တစ်ချက်လစ်ဟာတာနဲ့ ရှင်းလင်းမယ်ဆိုတာပဲ” ဟု PSDA တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပစ်ခတ်မှုသည် မူဆယ်နှင့်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန် လမ်းမပေါ်တွင် ယနေ့ (အောက်တိုဘာ ၁၈ရက်)ည‌နေ ၃နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ

ကယ်ဆယ်ရေး လုပ်ငန်းတွေ အပြီးသတ်လိုက်တဲ့ အောက်တိုဘာ ၁၆ ရက် မနက်ပိုင်းမှာတော့ ရေယာဉ် အမှုထမ်း ၂၀ အနက် ၁၉ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၁ ဦး သေဆုံးခဲ့ကြောင်း ကြေညာပါတယ်။ သေဆုံးသူက ဘယ်နိုင်ငံသားလဲ ဆိုတာကိုတော့ ကုမ္ပဏီက မကြေညာသေးပါဘူး။

သတင်း

မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကားမောင်းနှင်လာသည့် တရားသူကြီးတစ်ဦးကို အမျိုးသားအချို့က သေနတ်ဖြင့် အနီးကပ်ပစ်သတ်သွားခြင်းဟု ဒေသခံများက ပြောသည်။

သတင်း

"ပြည်သူလူထုအနေနဲ့က စစ်ကောင်စီနဲ့နီးတဲ့ နေရာတွေ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေနဲ့ ဝေးရာမှာ ရှောင်ဖို့ အကြံပြုချင်ပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။