Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်က မြန်မာပြည်သူများအပေါ် မည်သည့်လုံခြုံရေးခြိမ်းခြောက်မှုမျိုးကိုမဆို ကျူးလွန်ရန် တုန့်ဆိုင်းနေမည်မဟုတ်ဟု သံအမတ်ကြီးပြော

မြန်မာစစ်တပ်သည် ၎င်းတို့ ဆောင်ရွက်ခဲ့သည် ဓာတုလက်နက်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု လုံးဝမရှိခဲ့ဖူးကြောင်းနှင့် နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးကိစ္စရပ်များတွင်လည်း ကောင်းမွန်သည့်မိတ်ဖက်မဖြစ်ခဲ့ဖူးကြောင်း ဆက်ပြောသည်။

မြန်မာစစ်တပ်သည် မြန်မာပြည်သူများအပေါ် ဆိုးရွားသည့်မည်သည့်လုံခြုံရေးခြိမ်းခြောက်မှုမျိုးကိုမဆို ကျူးလွန်ရန်တုန့်ဆိုင်းနေမည်မဟုတ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၌ ပြောသည်။

စစ်တပ်သည် သမိုင်းကြောင်းအရသာမက လက်ရှိတွင်လည်း အပြစ်မဲ့ပြည်သူများအပေါ် ရက်စက်စွာ၊ လူမဆန်စွာ၊ ယုတ်မာစွာ ကျူးလွန်နေမှုများကို ကြည့်ခြင်းအားဖြင့် ထိုသို့ကျူးလွန်ရန်တုန့်ဆိုင်းနေမည်မဟုတ်ကြောင်း မြန်မာသံအမတ်ကြီးက ဆိုသည်။ ယမန်နေ့က (၇၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ၏ “အဖျက်စွမ်းအားပြင်းလက်နက်များ” ခေါင်းစဉ်ဖြင့် ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဉ်၌ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

သတင်းအချက်အလက်များအရ မြန်မာစစ်တပ်သည် (schedule 1 chemical)ပါ ဓာတုပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းစဉ်တစ်ခုကို ယခင်က ဆောင်ရွက်ခဲ့ပြီး လုံလောက်သည့် သက်သေအထောက်အထားများအရ ၁၉၈ဝ ခုနှစ်များအတွင်း မြန်မာစစ်တပ်သည် ပဲခူးတိုင်းဒေသကြီး၊ ထုံးဘိုအနီးရှိ ၎င်းတို့ထိန်းချုပ်မှုအောက်တွင်ရှိသော ဓာတုလက်နက်ထုတ် လုပ်သည့်စက်ရုံမှ ဆာလဖာ ဓာတုအဆိပ်များ (sulfur mustard) ထုတ်လုပ်ရန် စမ်းသပ်ခဲ့ခြင်းရှိသည်ကို သိရှိရကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂကို အစီရင်ခံသည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ စစ်တပ်မှ အရပ်သားအစိုးရထံသို့ အစီရင်ခံတင်ပြခဲ့ဖူးခြင်း မရှိဘဲ တရားမဝင်အာဏာသိမ်းမှုမတိုင်မီ ရွေးကောက်ခံပြည်သူ့အစိုးရသည် အဆိုပါကိစ္စရပ်ကို ရှင်းရှင်းလင်းလင်း ဖြစ်စေရန် မြန်မာစစ်တပ်သို့ တိုက်တွန်းခဲ့ဖူးကြောင်း သံအမတ်ကြီးက ပြောသည်။

မြန်မာစစ်တပ်သည် ၎င်းတို့ ဆောင်ရွက်ခဲ့သည် ဓာတုလက်နက်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု လုံးဝမရှိခဲ့ဖူးကြောင်းနှင့် နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးကိစ္စရပ်များတွင်လည်း ကောင်းမွန်သည့်မိတ်ဖက်မဖြစ်ခဲ့ဖူးကြောင်း ဆက်ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အလောင်းတွေဟာ လက်ပြန်ကြိုးတုပ်ပြီးသတ်ဖြတ်ခံထားရတာဖြစ်ကာ ခေါင်းမှာ ကျည်ထိမှန်ထားတာတွေ့ရတယ်လို့ အဲဒီဒေသခံတွေက ပြောပြပါတယ်။

သတင်း

မီးလောင်မှုကြောင့် မြို့နယ်ထွေအုပ်ရုံးခန်းနှင့်မြို့နယ် စည်ပင်ရုံးခန်း မီးလောင်သွားသည်ဟု စုပေါင်းရုံးဝန်ထမ်းများနှင့်နီးစပ်သည့်ဟားခါးဒေသခံ၏ပြောကြားချက်ကိုဖော်ပြထားသည်။

သတင်း

“မြေကွက်ရောင်းတဲ့နေရာမှာ ဈေးနည်းတာတွေက အပြိုင်ဝယ်ကြတယ်။အလုအယက်ဝယ်ကြတာ။ ဈေးကြီးတာတွေဘဲကျန်တော့တာ”ဟု မြေကွက်ရောင်းချသည့် အရောင်းကိုယ်စားလှယ်တစ်ဦးကပြောသည်။

သတင်း

တရားမဝင်စစ်အာဏာသိမ်းချိန်မှစ၍ စစ်တပ်သည် သတင်းဌာန (၁၂) ခုခန့်ကို ပိတ်သိမ်းစေခဲ့ပြီး သတင်းထောက် (၁၄၂) ဦး ခန့်ကို ဖမ်းဆီးခဲ့ကာ ထိုသို့ဖမ်းဆီးခံရသူများတွင် နိုင်ငံခြားသားများလည်း ပါဝင်ကြောင်း အစီရင်ခံသည်။