Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော်မြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်

အင်းတော်မြို့နယ် အောင်းကုန်း၊ နန့်သာနှင့် အင်ပင် ကျေးရွာ တကြောသို့ ယနေ့ (အောက်တိုဘာ ၂၀ရက်) နေ့လည် ၁၂နာရီခွဲတွင် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု Indaw Revolution က ဖော်ပြထားသည်။

(အင်းတော်မြို့နယ်ရှိ ကျေးရွာအချို့အား စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ်၊ဓာတ်ပုံ - Indaw Revolution)
(အင်းတော်မြို့နယ်ရှိ ကျေးရွာအချို့အား စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ်၊ဓာတ်ပုံ - Indaw Revolution)

▪️ပိတ်မိနေသည့် စစ်ကောင်စီတပ် လမ်းကြောင်းရှင်းပေးခြင်းဖြစ်နိုင်ဟုဆို

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်က ယနေ့ နေ့လည်ပိုင်း၌ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့၍ နေအိမ်အချို့ထိခိုက်မှုရှိခဲ့ကြောင်း အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်တစ်ဦးက ပြောသည်။

အင်းတော်မြို့နယ် အောင်းကုန်း၊ နန့်သာနှင့် အင်ပင် ကျေးရွာ တကြောသို့ ယနေ့ (အောက်တိုဘာ ၂၀ရက်) နေ့လည် ၁၂နာရီခွဲတွင် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု Indaw Revolution က ဖော်ပြထားသည်။

“အခြေအနေက ရွာထဲတွေကို လူတွေက မဝင်သေးတော့ မသိရသေးဘူး။ အထိအခိုက်တော့ ရှိတယ်ပြောတယ် ။ အိမ်ဘယ်နှစ်လုံးထိခိုက်တယ် ဆိုတာ မသိရသေးဘူး။ သူတို့က ပိတ်မိနေတဲ့ အနေအထား ဖြစ်နေလို့ထင်တယ်။ လမ်းကြောင်းရှင်းတဲ့အနေနဲ့ အဲဒီလို ပစ်တာ”ဟု အင်းတော် PDF ရဲဘော်တစ်ဦးက ပြောသည်။

(အင်းတော်မြို့နယ်ရှိ ကျေးရွာအချို့အား စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ်၊ဓာတ်ပုံ - Indaw Revolution)
(အင်းတော်မြို့နယ်ရှိ ကျေးရွာအချို့အား စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ်၊ဓာတ်ပုံ – Indaw Revolution)

အင်းတော်မြို့နယ် အောင်းကုန်းရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့က အောက်တိုဘာ ၁၈ရက် ညနေပိုင်း၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်ကျဆုံးများခဲ့ကြောင်း Indaw Revolution က ဖော်ပြထားသည်။

ထိုစဉ်ကလည်း စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အောင်းကုန်းရွာမှ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြသည်။

(အင်းတော်မြို့နယ်ရှိ ကျေးရွာအချို့အား စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ်၊ဓာတ်ပုံ - Indaw Revolution)
(အင်းတော်မြို့နယ်ရှိ ကျေးရွာအချို့အား စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ်၊ဓာတ်ပုံ – Indaw Revolution)

အဆိုပါ ကျေးရွာများရှိ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရာ ယနေ့အထိ ကျေးရွာတွင်း ပြန်လည် ဝင်ရောက်မှုမရှိသေးဟု ဆိုသည်။

ယနေ့ လေကြောင်း တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်သည် အောင်းကုန်းရွာမှ တာပေါရွာဘက် သို့ သွားနေသည်ဟုသိရကြောင်း အင်းတော် PDFက ပြောသည်။

(အင်းတော်မြို့နယ်ရှိ ကျေးရွာအချို့အား စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ်၊ဓာတ်ပုံ - Indaw Revolution)
(အင်းတော်မြို့နယ်ရှိ ကျေးရွာအချို့အား စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ်၊ဓာတ်ပုံ – Indaw Revolution)

အင်းတော်မြို့နယ်တွင် ယမန်နေ့(အောက်တိုဘာ ၁၉ရက်)ကလည်း မြို့အထွက် ရိက္ခာကုန်းတပ်အနီးရှိ စစ်ဆေးရေးဂိတ်ကို ပြောက်ကျားတပ်ဖွဲ့မှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ် လက်ပါးစေ ရဲ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကိုဝေမိုးနိုင်ကို ပြီးခဲ့သည့်သြဂုတ်လ၈ရက်နေ့က ပုဒ်မ ၅၀၅-က နှင့် စွဲဆိုထားသည့် အမှု ၅ မှု အတွက် တစ်မှုကို ၂ နှစ်စီဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရသည်။

သတင်း

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်က အခင်းဖြစ်နေရာ ဗဟိုလမ်းအားပိတ်ဆို့စစ်ဆေးနေပြီး ပါရမီလမ်းတစ်လျှောက်ကင်းပုန်းများပါချထားကြောင်းလည်း မျက်မြင်တွေ့ရှိသူများက အသိပေးသည်။

သတင်း

ယမန်နေ့ (အောက်တိုဘာလ ၁၉ ရက်) နံနက် ၁၀ နာရီခန့်က ယင်းမာပင်နှင့် ပုလဲနယ်အတွင်းရှိ ကျေးရွာများကို မုံရွာ (နမခ)မှ ရဟတ်ယာဥ်လေးစီးဖြင့် လာရောက် ပစ်ခတ်ခဲ့သည်။

သတင်း

အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းကလည်း ၀က်လက်မြို့နယ်၊ ရွှေပန်းကုံးနယ်မြေရဲစခန်းကိုဒေသကာကွယ်ရေးအဖွဲ့များပူးပေါင်းကာ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားခဲ့သည်။