Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန်ပက်လက်နယ်တွင် ယနေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် လေးဦးသေဟု CDF အသိပေး

ကန်ပက်လက်ဒေသတစ်နေရာ၌ ကင်းပုန်းယူထားသည့် CDF ရဲဘော်များနှင့် စစ်ကောင်စီတပ်တို့ အောက်တိုဘာ ၂၀ရက် နံနက် ၈နာရီမှစ၍ ၄နာရီကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

(ကန်ပက်လက် CDF မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Chin Defence Force -Kanpetlet)
(ကန်ပက်လက် CDF မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Chin Defence Force -Kanpetlet)

အထိနာသည့် စစ်ကောင်စီတပ် ကျေးရွာများသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ရာ နေအိမ်များထိခိုက်မှုရှိ

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်၌ ယနေ့နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ကန်ပက်လက် ချင်းဒေသကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။

ကန်ပက်လက်ဒေသတစ်နေရာ၌ ကင်းပုန်းယူထားသည့် CDF ရဲဘော်များနှင့် စစ်ကောင်စီတပ်တို့ အောက်တိုဘာ ၂၀ရက် နံနက် ၈နာရီမှစ၍ ၄နာရီကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

အထိနာသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် လက်နက်ကြီးဖြင့် ကန်ပက်လက်မြို့တွင်းသာမကအနီးအနားရှိ ကျေးရွာများကိုပါ တရစပ်ပစ်ခတ်ခဲ့ရာ လူနေအိမ်များ ထိခိုက်မှုရှိပြီး ပြည်သူလူထု ထိခိုက်သေဆုံးမှု အခြေအနေကို စုံစမ်းဆဲဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီးမေးမြန်းရန် ကန်ပက်လက် CDF ပြောရေးဆိုခွင့်ရှိသူ အချို့ကို ဆက်သွယ်ရာ အဆက်အသွယ်မရပေ။

စစ်ကောင်စီတပ်သည် ကန်ပက်လက်နှင့် ကျင်ဒွေးမြို့များကို လေကြောင်းဖြင့် လက်နက်အင်အား၊ လူအင်အားများဖြည့်တင်းလျက်ရှိရာ တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း ကန်ပက်လက် CDFက အသိပေးသည်။

ထို့ကြောင့် ကန်ပက်လက်မြို့အနီးအနားရှိ ကျေးရွာများအနေဖြင့် စစ်ကောင်စီတပ်၏ မဆင်မခြင် လေကြောင်းမှ လက်နက်ကြီးပစ်ခတ်မှု ရန်မှရှောင်ရှားနိုင်ရေး ပုန်းခိုကျင်းများ ကြိုတင်တူးဖော်ပြင်ဆင်ထားရန် CDFက တိုက်တွန်းထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများကို ပစ်မှတ်ထား တုန့်ပြန်ခြင်းသည် လူစိတ်မရှိသည့် လုပ်ရပ်ဖြစ်ကြောင်း ကယားဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။

သတင်း

အဆိုပါ တိုက်ခိုက်မှုအား KNLA တပ်ရင်း (၂၇)ကော်ဘရာစစ်ကြောင်း ၊ Federal Wings Drone အဖွဲ့၊ တပ်မဟာစစ်ကြောင်း တပ်ခွဲ (၂)၏ ရောင်နီတပ်ခွဲဒရုန်းအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

သတင်း

တိုက်ပွဲကြာမြင့်ချိန် ၁နာရီအခန့်အကြာတွင်ဝေဟင်မှ လေယာဉ်ဖြင့် ပစ်ခက်သောကြောင့် တပ်ဖွဲ့၀င်များ ဆုတ်ခွာခဲ့ရပြီး ရဲဘော်‌တစ်ဦးကျဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး ခြောက်ဦးအပြင်းအထန်ဒဏ်ရရှိခဲ့သည်။

သတင်း

ကိုဝေမိုးနိုင်ကို ပြီးခဲ့သည့်သြဂုတ်လ၈ရက်နေ့က ပုဒ်မ ၅၀၅-က နှင့် စွဲဆိုထားသည့် အမှု ၅ မှု အတွက် တစ်မှုကို ၂ နှစ်စီဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရသည်။