Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရှားတောရှိ ဗျူဟာကုန်းသို့ ရိက္ခာပို့လာသည် ရဟတ်ယာဉ်ကို အနီးကပ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သုံးဦးသေဟု KA ထုတ်ပြန်

စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများကို ပစ်မှတ်ထား တုန့်ပြန်ခြင်းသည် လူစိတ်မရှိသည့် လုပ်ရပ်ဖြစ်ကြောင်း ကယားဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။

(ပြီးခဲ့သည့် ဩဂုတ်တွင် ကရင်နီပြည် ရှားတောမြို့နယ်အတွင်း ရှမ်း-ကယားနယ်စပ် စကစ ခြေကုပ်စခန်းပွိုင့်အမှတ် ၅၃၅၀ (ဒေသအခေါ် တငူးဆို စခန်း) ကို ကရင်နီတပ်မတော် နှင့် KNDF B17 B14 တို့ တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့နေစဉ်၊ ဓာတ်ပုံ - Kn .A.C)
(ပြီးခဲ့သည့် ဩဂုတ်တွင် ကရင်နီပြည် ရှားတောမြို့နယ်အတွင်း ရှမ်း-ကယားနယ်စပ် စကစ ခြေကုပ်စခန်းပွိုင့်အမှတ် ၅၃၅၀ (ဒေသအခေါ် တငူးဆို စခန်း) ကို ကရင်နီတပ်မတော် နှင့် KNDF B17 B14 တို့ တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့နေစဉ်၊ ဓာတ်ပုံ - Kn .A.C)

▪️စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ ကလေးငယ်အပါအဝင် အရပ်သား နှစ်ဦးဒဏ်ရာရ၊ ရှားတောမြို့ ပြာကျအောင်လုပ်မည်ဟု စစ်​ကောင်စီဗျူဟာမှူး ခြိမ်းခြောက်ဟုဆို

ကရင်နီ(ကယား)ပြည်နယ် ရှားတောမြို့နယ်ရှိ စစ်ကောင်စီဗျူဟာကုန်းနှင့် ခလရ(၄၂၈)တပ်သို့ ရိက္ခာပို့လာသည့် ရဟတ်ယာဉ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) လက်အောက်ခံတပ် ကရင်နီတပ်မတော်(KA)က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၁၉ရက် မွန်းလွဲပိုင်း၌ ရိက္ခာနှင့် လက်နက်လာပို့သည့် ရဟတ်ယာဉ်ကို KAနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၁၇) တို့မှ အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း ဖော်ပြထားသည်။ ရဟတ်ယာဉ် မြေပြင်၌ ဆင်းသက်စဉ် တိုက်ခိုက်ခြင်းသို့မဟုတ် လေပေါ်ပျံနေချိန်တိုက်ခိုက်ခြင်းစသည့် အသေးစိတ် အခြေအနေကို ဖော်ပြမထားပေ။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကာ ခြောက်ဦး ဒဏ်ရာရခဲ့ကြောင်း နှင့် ပစ်ခတ်မှု ဖြစ်ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အသက် ၁၅နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက် ၅၀ ကျော် အရပ်သား တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်ဟု KAက ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီဗျူဟာမှူးက ရှားတောမြို့ပေါ် အုပ်ချုပ်ရေးမှူးများကို ခေါ်ယူတွေ့ဆုံပြီး ထိုနည်းတူပစ်ခတ်မှု ထပ်မံဖြစ် ပွားပါက ရှားတောမြို့တစ်မြို့လုံး ပြာကျသွားမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများကို ပစ်မှတ်ထား တုန့်ပြန်ခြင်းသည် လူစိတ်မရှိသည့် လုပ်ရပ်ဖြစ်ကြောင်း ကယားဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။

” ဒီမှာ ကျွန်တော်တို့အပါအဝင် လူအများစုမြင် တာက သူတို့ (စစ်ကောင်စီ)လုပ်လိုက်ရင် လူထုနာမယ်။ လူထုနာရင်မလုပ်တော့ဘူး သူတို့ သက်သာမယ် သူတို့ အနိုင်ရမယ်လို့ အခုအချိန်ထိ တွက်တုန်း။ လူထု သဘောထားက အခုလို ဖြစ်လေ စိတ်နာလေ။ သူတို့အတွက် သတင်းမရလေ သူတို့ အကျအဆုံးများလေ။ သူတို့ မြန်မြန်ရှုံးဖို့မြန်လေပဲ။”ဟု ကယား(ကရင်နီ)ဒေသခံက ပြောသည်။

ယခု ပစ်ခတ်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တာဝန်ရှိသူ အချို့ထံ ဆက်သွယ်ရာအဆက်အသွယ်မရ​သေးပေ။

ရှားတောမြို့သည် ဆက်သွယ်သွားလာရေးခက်ခဲသည့် ဒေသ၌တည်ရှိသည်။ လွိုင်ကော်မှ ရှားတောသို့လာသည့် လမ်းကြောင်းများကို ကရင်နီတပ်မတော် နှင့်KNDF တပ်ရင်း (၁၇)တို့က လအတန်ကြာ လမ်းကြောင်း ပိတ်ဆို့ခြင်း၊ တပ်စခန်းများကို မကြာခဏ နှောက်ယှက်တိုက်ခိုက်ခြင်း၊ ရိက္ခာ လမ်းကြောင်းများကို ဖျက်ဆီးခြင်း လုပ်ဆောင်နိုင်ခဲ့ကြောင်း ကရင်နီတပ်မတော်က ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါ မံယူးကြီးရွာတွင် အိမ်ခြေ ၂၀၀ ခန့်ရှိပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် ကျေးရွာဆေးပေးခန်းနှင့် နေအိမ် ၅လုံးခန့်ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီများဘက်မှ ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း အဖွဲ့သားအားလုံး ဘေးကင်းကြောင်း အထက်ပါတာဝန်ရှိသူကပြောသည်။

သတင်း

အဆိုပါ တိုက်ခိုက်မှုအား KNLA တပ်ရင်း (၂၇)ကော်ဘရာစစ်ကြောင်း ၊ Federal Wings Drone အဖွဲ့၊ တပ်မဟာစစ်ကြောင်း တပ်ခွဲ (၂)၏ ရောင်နီတပ်ခွဲဒရုန်းအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

သတင်း

ကန်ပက်လက်ဒေသတစ်နေရာ၌ ကင်းပုန်းယူထားသည့် CDF ရဲဘော်များနှင့် စစ်ကောင်စီတပ်တို့ အောက်တိုဘာ ၂၀ရက် နံနက် ၈နာရီမှစ၍ ၄နာရီကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။