Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျိုက်ထိုမြို့နယ်အတွင်း ဒေသခံ ရှစ်ထောင်ကျော်ထွက်ပြေးနေရကြောင်း KNU ထုတ်ပြန်

စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်ဖွဲ့များသည် အောက်တိုဘာ(၁၃)ရက်မှ (၁၅)ရက်နေ့များတွင် ထိတွေ့ပစ်ခတ်မှုများရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကျိုက်ထိုမြို့မယ်အတွင်း ဒေသခံ ရှစ်ထောင်ကျော်ထွက်ပြေးနေရကြောင်း KNU ထုတ်ပြန်
ကျိုက်ထိုမြို့မယ်အတွင်း ဒေသခံ ရှစ်ထောင်ကျော်ထွက်ပြေးနေရကြောင်း KNU ထုတ်ပြန်

ကျိုက်ထိုမြို့နယ်တွင်း စစ်ကောင်စီတပ်က လူနေအိမ်များအား မီးရှို့ပြီး ရွာသားများကို အကြမ်းဖက်ဖမ်းဆီးနေခြင်းကြောင့် ဒေသခံပြည်သူရှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်ဟု ကေအဲန်ယူက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်များက အင်အား(၅၀၀)ခန့်နှင့် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟုဆိုသည်။

ယမန်နေ့ အောက်တိုဘာလ(၁၉)ရက်တွင် စစ်ကောင်စီတပ်များသည် ကေအဲန်ယူ-ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကုန်းကျေးနယ်အုပ်စု၊ ပိန္နဲကုန်းကျေးရွာရှိ လူနေအိမ်ခြောက်လုံးအား မီးရှို့ဖျက်ဆီးခဲ့ပြီး ပိန္နဲကုန်းရွာသားနှစ်ဦးကို ဖမ်းဆီးကာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်များသည် ပိန္နဲကုန်းကျေးရွာရှိ လူနေအိမ်များအား ယမန်နေ့ နံနက်(၁၁)နာရီဝန်းကျင်တွင် တစ်ကြိမ်၊ မွန်းလွဲနှစ်နာရီခွဲဝန်းကျင်တွင် တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးထားသောရွာသားနှစ်ဦးကို ပြန်လည်လွှတ်ပေးခြင်း မရှိသေးဘူးလို့ ကေအဲန်ယူက ပြောသည်။

စစ်ကောင်စီတပ်မှ ပိန္နဲကုန်းကျေးရွာအား မီးမရှို့မီ ယမန်နေ့ နံနက်အစောပိုင်းက ကျေးရွာထဲသို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့၍ ရွာသူရွာသားများ နေအိမ်စွန့်ခွာထွက်ပြေးကြပြီးနောက် စစ်ကောင်စီတပ်များသည် ရွာအတွင်းဝင်ရောက်ကာ နေအိမ်ထဲရှိ အဖိုးတန်ပစ္စည်းများကို မွှေနှောက်ယူဆောင်ပြီးမှ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။

“သူတို့(စစ်ကောင်စီ)က ရွာထဲဝင်လာ​ပြီး ဘုန်းကြီးကျောင်းကို အကာအကွယ်ယူထားတယ်၊ ရွာထဲကိုလည်း သေနတ်တွေရမ်းပစ်တယ်၊ လက်နက်ကြီးတွေကောပဲ၊ သူတို့ပစ်တော့ ရွာသားတွေအကုန်ပြေးတာပေါ့။ ရွာသားနှစ်ယောက်ကိုလည်း ဖမ်းထားတယ်၊ အိမ်တော့မီးရှို့လိုက်ပြီ၊ ကျွန်တော့အိမ်လည်း ရှို့ခံရတယ်” ဟု ရွာသားတစ်ဦးက ပြောကြားကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကျိုက်ထိုမြို့မယ်အတွင်း ဒေသခံ ရှစ်ထောင်ကျော်ထွက်ပြေးနေရကြောင်း KNU ထုတ်ပြန်
ကျိုက်ထိုမြို့မယ်အတွင်း ဒေသခံ ရှစ်ထောင်ကျော်ထွက်ပြေးနေရကြောင်း KNU ထုတ်ပြန်

ပြီးခဲ့သည့် အောက်တိုဘာလ(၁၃)ရက်က စစ်ကောင်စီတပ်များသည် အင်အား(၅၀၀)ခန့်ဖြင့် ကေအဲန်ယူ-ကျိုက်ထိုမြို့နယ် အုပ်ချုပ်နယ်မြေအတွင်း ကျူးကျော်ဖြန့်ကျက်ထားပြီး ဝိဇ္ဇာတောင်ဘက်မှ စစ်ကြောင်းတစ်ကြောင်း၊ အထက်အင်ဂဘို စစ်စီးကုန်းဘက်မှ တစ်ကြောင်း စစ်ကြောင်းနှစ်ကြောင်းခွဲကာ နယ်မြေအတွင်း ဝင်ရောက်လာခြင်းဖြစ်သည်။

ကျိုက်ထီးရိုးတောင်တန်း ဝိဇ္ဇာတောင်ဘက်မှ အင်အား(၁၀၀)ကျော်ရှိသော စစ်ကောင်စီစစ်ကြောင်းသည် အောက်တိုဘာ(၁၆)ရက်နေ့က ကျောက်ဖျာကျေးနယ်အုပ်စု ကဒိုင်ဒွတ်ကျေးရွာအတွင်းသို့ ရောက်ရှိပြီး ကျေးရွာအတွင်းရှိ နေအိမ်များအား မွှေနှောက်ဖျက်ဆီးကာ လက်ဝတ်ရတနာနှင့် တန်ဖိုးကြီးပစ္စည်းများအား အဓမ္မယူဆောင်ခဲ့ကြသည်ဟု ကေအဲန်ယူက ဆိုသည်။

အထက်အင်ဂဘို စစ်စီးကုန်းဘက်မှ အင်အား(၂၀၀)ကျော်ပါရှိသော စစ်ကြောင်းသည် အောက်တိုဘာ(၁၃)ရက်နေ့က စတင်လှုပ်ရှားပြီး ​ောအက်တိုဘာ(၁၆)ရက်နေ့တွင် ကဒိုင်ဒွတ်ရွာအတွင်း စစ်ကောင်စီအဖွဲ့နှင့်ဆုံ၍ အောက်တိုဘာ(၁၈)ရက်တွင် ပိန္နဲတောကျေးရွာဘက်သို့ တပ်ဖြန့်ကာ အောက်တိုဘာလ(၁၉)ရက်နေ့တွင် လူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

“စစ်ကောင်စီဘက်က အင်အား(၅၀၀)လောက် မြို့နယ်ထဲမှာ ဖြန့်ထားတယ်၊ သူတို့စစ်ကြောင်းက နှစ်ကြောင်းထိုးလာတာတွေ့ရတယ်။ တချို့ကိုတော့ ကင်းပုန်းချထားတာရှိမယ်” ဟု ကေအဲန်ယူ-ကျိုက်ထိုမြို့နယ် သတင်းတာဝန်ခံက ပြောသည်။

ယခုလို KNU ကျိုက်ထိုမြို့နယ်အုပ်ချုပ်နယ်မြေအတွင်းသို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလှုပ်ရှားလာသော ဒေသတစ်လျှောက် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ဒေသခံများအား ဖမ်းဆီးခြင်း၊ ပစ္စည်းများအဓမ္မယူဆောင်ခြင်း၊ လူနေအိမ်များအား မီးရှို့ဖျက်ဆီး စသည့် အကြမ်းဖက်လုပ်ဆောင်မှုများကြောင့် ကျောက်ဖျာကျေးနယ်နှင့် ပျဉ်းကတိုးကုန်းကျေးနယ်မှ ဒေသခံပြည်သူဦးရေ(၈၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်ဖွဲ့များသည် အောက်တိုဘာ(၁၃)ရက်မှ (၁၅)ရက်နေ့များတွင် ထိတွေ့ပစ်ခတ်မှုများရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲကြာမြင့်ချိန် ၁နာရီအခန့်အကြာတွင်ဝေဟင်မှ လေယာဉ်ဖြင့် ပစ်ခက်သောကြောင့် တပ်ဖွဲ့၀င်များ ဆုတ်ခွာခဲ့ရပြီး ရဲဘော်‌တစ်ဦးကျဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး ခြောက်ဦးအပြင်းအထန်ဒဏ်ရရှိခဲ့သည်။

သတင်း

"တပ်မဟာ(၆)တခုလုံးမှာ တိုက်ပွဲဖြစ်တာမှန်တယ်။ အဲ့ဒါကြောင့်မို့လို့ ထွက်ပြေးတိမ်းရှောင်နေတဲ့လူက ကျွန်တော်တို့စာရင်းကောက်ထားတဲ့အတိုင်းဆိုတော့ ရှစ်သောင်းကျော်တယ်လေ IDP ဦးရေစာရင်းက။ အခုဆိုရင်တော့ တော်တော်ကြီးစံချိန်က တင်သွားတယ်၊ တစ်သိန်းနီးပါးလောက်ဖြစ်နေတယ်" လို့ ပဒိုစောတောနီးက ပြောသည်။

သတင်း

စစ်အာဏာရှင်များနှင့် သွားပြီးဆွေးနွေးမည့် အလုပ်မျိုးသည် မည်သို့မှ အလုပ်မဖြစ်ဆိုသည်ကို KNU အနေဖြင့် ရှင်းလင်းပြတ်သားစွာ ပြောထားပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။

သတင်း

ကျိုက်ထိုမြို့နယ် ပိန္နဲကုန်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က ယနေ့ နေ့လည်တစ်နာရီခွဲအချိန်ကစပြီး ကျေးရွာကို မီးစရှို့ကာ ဘုန်းကြီးတစ်ပါးအပါအဝင် ကျေးရွာသားတချို့ကို ဖမ်းဆီးခဲ့သည်ဟု ကျိုက်ထိုနယ်မြေသတင်းများကိုဖော်ပြနေသည့် Kyaikhto Information Team က ရေသားထားသည်။