Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်သားများ ပြည်သူထံမှခိုးယူထားသည့် အဖိုးတန်ပစ္စည်များကို ချင်းတပ်ဖွဲ့ သိမ်းဆည်းရရှိ

စစ်ကောင်စီတပ်သားများအနေဖြင့် ထန်တလန် မြို့တွင်း နေအိမ်များနှင့် စျေးဆိုင်များအားဖောက်ထွင်းလုယက် ခိုးယူထားသည့် ပစ္စည်းများ ဖြစ်နိုင်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်ဝတ်ရတနာများနှင့် လက်နက်ခဲယမ်းများ၊ဓာတ်ပုံ - The Chin Journal
စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်ဝတ်ရတနာများနှင့် လက်နက်ခဲယမ်းများ၊ဓာတ်ပုံ - The Chin Journal

ချင်းပြည်နယ် ထန်တလန်မြို့နှင့် သီတာကျေးရွာအကြားဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများကပြည်သူများထံမှ ခိုးယူထားသည့် အဖိုးတန်ပစ္စည်းများကို ထန်တလန်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF)တပ်ဖွဲ့ဝင်များက သိမ်းဆည်းရရှိခဲ့သည်ဟု The Chin Journalက ယနေ့ ဖော်ပြသည်။

အောက်တိုဘာ ၁၉ရက်ကဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ ခိုးယူထားသည့် ချင်းရိုးရာ ဆွဲကြိုးနှင့် အဖိုးတန်ပစ္စည်းများကို ထန်တလန် CDF ကွန်မန်ဒိုတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ပစ္စည်းများသည် ထန်တလန်မှ စစ်ကူလာသော စစ်ကောင်စီတပ်သားများထံမှ သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်သားများအနေဖြင့် ထန်တလန် မြို့တွင်း နေအိမ်များနှင့် စျေးဆိုင်များအားဖောက်ထွင်းလုယက် ခိုးယူထားသည့် ပစ္စည်းများ ဖြစ်နိုင်သည်ဟု ဆိုသည်။

ဟားခါးမြို့ နှင့် ထန်တလန်မြို့အကြား၊ ဟားခါးမြို့နှင့်အနီး၊ သီတာကျေးရွာနီး တို့တွင် ချင်းပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ အောက်တိုဘာ ၁၃ရက်မှစ၍ နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားခဲ့ ရာ စစ်ကောင်စီတပ်က ၂၅ဦးထက်မနည်းသေဆုံးခဲ့ပြီး ၂၀ကျော်ဒဏ်ရာရခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ထုတ်ပြန်ထားသည်။ ထန်တလန်မှ စစ်ကူလာသည့် အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီတပ်ကိုလည်း ပူးပေါင်းတပ်က ကြားညှပ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အထိနာခဲ့၍ လေကြောင်းမှ စစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၇ရက်ကလည်း ကရင်ပြည်နယ် မြ၀တီ – ဝေါ်လေလမ်းအနီး တိုက်ပွဲ၌လည်း စစ်ကောင်စီတပ်များ အထိနာပြီး ဆုတ်ခွာထွက်ပြေးစဉ် ကျန်ရစ်ခဲ့သည့် ခြင်းကျား အတွင်းမှ ခဲယမ်း၊ ကျည်များအပြင် ပြည်သူလူထုထံမှ ခိုးယူလုယက်ထားသည့် ပစ္စည်းများကို တွေ့ရှိခဲ့ရသည်ဟု ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထိုသို့ဖောက်ခွဲတိုက်ခိုက်မှုတွင် မြို့နယ်ပညာရေးမှူးအိမ်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပစ္စည်းများပျက်စီး၍ လူထိခိုက်မှုမရှိကြောင်း၊ စစ်မှူထမ်းဟောင်း အုပ်ချုပ်ရေးမှူးနေအိမ်၌ စစ်ကောင်စီတပ်များက မိုင်းလာရောက်ရှင်းလင်းသွား၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းမရှိကြောင်း အဆိုပါပြန်ကြားရေးတာဝန်ခံက ဆိုသည်။

သတင်း

အောက်တိုဘာလ ၁၆ ရက်က ပေါက်မြို့နယ်အတွင်း တောင်မြင့်ရွာကို စစ်ကောင်စီစစ်ကြောင်း ဝင်လာပြီး CDM ကျောင်းဆရာကို ဖမ်းဆီးသွားခဲ့တာပါ။

သတင်း

တိုက်ပွဲ ဖြစ်ပွားခဲ့သည့်နေရာများအနီး ခရီးသွားပြည်သူများ အနေဖြင့်လည်း အလျှင်စလိုမသွား လာဘဲ သတင်းအခြေနေများအား မေးမြန်း၍ ဂရုစိုက်သွားလာရန်လည်း KNDF တပ်ရင်း -၁၀ က တိုက်တွန်းသည်။

သတင်း

အဲဒီညီလာခံကို တက်ရောက်ဖို့စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟာ အောက်တိုဘာလ ၁၆ ရက်က မြန်မာနိုင်ငံကနေထွက်ခွာသွားပါတယ်။