Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်၏ မီဒီယာဖိနှိပ်မှုနှင့် သတင်းအမှားများဖြန့်ဝေမှုများ အဆုံးသတ်ရေး ရန်ကုန်ရှိ UNIC အနီးကပ် ကြီးကြပ်ပေးရန် မြန်မာသံအမတ်ကြီးတောင်းဆို

စစ်တပ်သည် ၎င်းတို့စတင်ခဲ့သည့် ပြဿနာရပ်များအား အဆုံးသတ်ရန် ဆောင်ရွက်နိုင်ခြင်း မရှိကြောင်းသံအမတ်ကြီးက ဆက်ပြောသည်။

စစ်တပ်၏ မီဒီယာဖိနှိပ်မှုနှင့် သတင်းအမှားများဖြန့်ဝေမှုများ အဆုံးသတ်ရေး ရန်ကုန်ရှိ UNIC အနီးကပ် ကြီးကြပ်ပေးရန် မြန်မာသံအမတ်ကြီးတောင်းဆို
စစ်တပ်၏ မီဒီယာဖိနှိပ်မှုနှင့် သတင်းအမှားများဖြန့်ဝေမှုများ အဆုံးသတ်ရေး ရန်ကုန်ရှိ UNIC အနီးကပ် ကြီးကြပ်ပေးရန် မြန်မာသံအမတ်ကြီးတောင်းဆို

စစ်တပ်၏ နိုင်ငံအတွင်း မီဒီယာဖိနှိပ်မှုများကို ဖော်ထုတ်ပေးရေး၊ စစ်တပ်ပိုင်သတင်းဌာနများမှ သတင်းမှားများဖြန့်ဝေမှုများ အဆုံးသတ်ရေး ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ၏ သတင်းအချက်အလက် စင်တာ(UNIC) မှ အနီးကပ်ကြီးကြပ်ပေးရန် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုသည်။

မြန်မာစစ်တပ်မှ သတင်းသမားများကို မတရားဖမ်းဆီးနှိပ်စက်၍ ၎င်းတို့၏လုပ်ရပ်များအား သတင်းအမှောင်ချရန် ကြိုးပမ်းမှုနှင့် သတင်းမှားဖြန့်ဝေမှုများကို နိုင်ငံတကာမှဖော်ထုတ်ပေးရန်၊ သတင်းသမားများအား ပစ်မှတ်ထားတိုက်ခိုက်မှုများ ရပ်တန့်စေရန်နှင့် မြန်မာနိုင်ငံတွင် ပွင့်လင်းမြင်သာမှုရှိသော မီဒီယာကဏ္ဍပြန်လည်ရရှိစေရေးအတွက် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဒီမိုကရေစီပြန်လည်ရရှိနိုင်ရန် နိုင်ငံတကာအသိုက်အဝန်းမှ ကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂ၌ တောင်းဆိုသည်။

ယမန်နေ့တွင် ကျင်းပသော (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စတုတ္ထကော်မတီမှ သတင်းအချက်အလက်နှင့် ပြန်ကြားရေးဆိုင်ရာဆွေးနွေးမှု၊ ဘာသာရပ်အစီအစဉ် (၅၀) တွင်ထည့်သွင်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။

စစ်တပ်သည် ၎င်းတို့စတင်ခဲ့သည့် ပြဿနာရပ်များအား အဆုံးသတ်ရန် ဆောင်ရွက်နိုင်ခြင်း မရှိကြောင်းသံအမတ်ကြီးက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ပြည်သူများလိုလားသည့် ဒီမိုကရေစီပြန်လည်ရရှိရေးကို နိုင်ငံတကာအသိုက်အဝန်းမှ ကူညီဆောင်ရွက်ပေးရန်လည်း သံအမတ်ကြီးက မေတ္တာရပ်ခံခဲ့သည်။

စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီး လပေါင်း (၂၀) အတွင်း စစ်တပ်က လွတ်လပ်သည့် သတင်းဌာန (၅) ခုအား မှတ်ပုံတင်များရုပ်သိမ်းခဲ့ပြီး သတင်းဌာန ရုံးခန်းများအထိ ဝင်ရောက်၍ အခန်းရှိပစ္စည်း ကိရိယာများကို ဖျက်ဆီးခဲ့ပြီးနောက် သတင်းဌာန စုစုပေါင်း (၁၂) ခုကို ပိတ်သိမ်းစေခဲ့သည်။

ပြည်တွင်း၊ ပြည်ပသတင်းသမားများနှင့် မီဒီယာဝန်ထမ်း (၁၅၀) ဦးအား တရားမျှတမှုကင်းမဲ့စွာ ဖမ်းဆီးထိန်းသိမ်းခဲ့ရာ ပိုလန်၊ ဂျပန်နှင့် အမေရိကန်တို့မှ သတင်းသမားများ ပါဝင်ပြီး သတင်းသမား လေးဦးကို စစ်တပ်က ရက်စက်စွာသတ်ဖြတ်ခဲ့ကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂသို့ အစီရင်ခံသည်။

မကြာသေးမီကပင် မြန်မာပြည်သူများ၏ ဆန္ဒဖော်ထုတ်ခြင်းကို သတင်းရယူခဲ့သည့် ဂျပန်သတင်းထောက် Toru Kubota အား စစ်တပ်က ၎င်းတို့၏ ယုတ္တိမရှိသော ဥပဒေပုဒ်မတို့ဖြင့် ဖမ်းဆီး၍ ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခဲ့သည်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့- Reporters without Borders (RSF) ၏ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံသည် သတင်းအချက်အလက်ရရှိမှုနှင့် ပတ်သက်၍ ကမ္ဘာ့အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိနေကြောင်း သံအမတ်ကြီးက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယင်းကဲ့သို့ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော လူသားဂုဏ်သိက္ခာ ညှိုးနွမ်းစေသည့် ရာဇဝတ်မှုကို ကျူးလွန်ခံရသည့် အဖြစ်အပျက်အတွက် ကျန်ရစ် သူမိသားစု နှင့် ထပ်တူဝမ်းနည်းရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သတင်း

မြန်မာစစ်တပ်သည် ၎င်းတို့ ဆောင်ရွက်ခဲ့သည် ဓာတုလက်နက်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု လုံးဝမရှိခဲ့ဖူးကြောင်းနှင့် နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးကိစ္စရပ်များတွင်လည်း ကောင်းမွန်သည့်မိတ်ဖက်မဖြစ်ခဲ့ဖူးကြောင်း ဆက်ပြောသည်။

သတင်း

အလောင်းတွေဟာ လက်ပြန်ကြိုးတုပ်ပြီးသတ်ဖြတ်ခံထားရတာဖြစ်ကာ ခေါင်းမှာ ကျည်ထိမှန်ထားတာတွေ့ရတယ်လို့ အဲဒီဒေသခံတွေက ပြောပြပါတယ်။

သတင်း

စစ်ကောင်စီခေါင်းဆောင်အတွက် လုံခြုံရေးသွားယူပေးခဲ့သည့် စစ်တပ်နှင့်ရဲလုံခြုံရေးယာဉ်တန်းသည် ဘီးလင်းမြို့နယ်အတွင်း၌ နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရသည်ဟု ဆိုသည်။