Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်က ကျောင်းဆရာတစ်ဦးအား ခေါင်းဖြတ် သတ်သည့်ဖြစ်စဥ်ကို နိုင်ငံတကာက ပြင်းထန်စွာတုံ့ပြန်ရန် အမေရိကန်တိုက်တွန်း

ယင်းကဲ့သို့ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော လူသားဂုဏ်သိက္ခာ ညှိုးနွမ်းစေသည့် ရာဇဝတ်မှုကို ကျူးလွန်ခံရသည့် အဖြစ်အပျက်အတွက် ကျန်ရစ် သူမိသားစု နှင့် ထပ်တူဝမ်းနည်းရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မကွေးတိုင်းတွင် ကျောင်းဆရာတစ်ဦး ရက်စက်စွာခေါင်းဖြတ်အသတ်ခံရသည့်ဖြစ်စဥ်နှင့်ပတ်သက်၍ နိုင်ငံတကာအသိုက်အဝန်းက ပြင်းထန်စွာတုံ့ပြန်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က တိုက်တွန်းလိုက်သည်။

မြန်မာစစ်တပ်သည် ပညာတတ်များအပါအဝင် ပြည်သူလူထုအပေါ်ကျူးလွန်နေသာ လူမဆန်စွာ သတ်ဖြတ်အကြမ်းဖက်မှုများကို နိုင်ငံတကာအသိုက်အဝန်းက ပြင်းထန်စွာ တုံ့ပြန်ဆောင်ရွက်သင့်ကြောင်း ကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် Ned Price က တွစ်တာလူမှုကွန်ရက်၌ ရေးသားသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် လက်အောက်ခံ ပျူစောထီးများသည် အောက်တိုဘာ ၁၆ ရက်က မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း၊ သစ်ညီနောင်ရွာနေ အသက် ၄၆ နှစ်အရွယ် CDM ကျောင်းဆရာ ဦးစောထွန်းမိုးကို ဦးခေါင်းနှင့် ခြေလက်များကို အပိုင်းပိုင်းဖြတ်ကာသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုထားသည်။ အဆိုပါ ဆရာဦးစောထွန်းမိုးကို ဦးခေါင်းကို တခြားကျေးရွာဖြစ်သည့် တောင်မြင့်ရွာရှိ အလယ်တန်းကျောင်းတံခါးတွင် လူမဆန်စွာချိတ်ဆွဲထားခဲ့သည်။

ယင်းကဲ့သို့ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော လူသားဂုဏ်သိက္ခာ ညှိုးနွမ်းစေသည့် ရာဇဝတ်မှုကို ကျူးလွန်ခံရသည့် အဖြစ်အပျက်အတွက် ကျန်ရစ် သူမိသားစု နှင့် ထပ်တူဝမ်းနည်းရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ကောင်စီသည် ကျေးရွာများကို မီးရှို့၊ ဓါးပြတိုက်နေသည့်အပြင် ရွာသားများကို အကြမ်းဖက် နှိပ်စက် သတ်ဖြတ်ခြင်း၊ ကျေးရွာစာသင်ကျောင်းများကို မီးရှို့ခြင်းများလုပ်ဆောင်နေသည့်အပြင် ကြားကာလပညာရေးကို အကောင်အထည်ဖော်နေသည့် ရဲဝံ့စွန့်စား စီဒီအမ်ဆရာများနှင့် အပြစ်မဲ့ကျောင်းသား၊ ကျောင်းသူကလေးသူငယ်များအား လူမဆန်စွာ သတ်ဖြတ်နေခြင်းကို ပညာရေးဝန်ကြီးဌာနက ပြင်းထန်စွာရှုံ့ချကြောင်းလည်း ဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်တပ်သည် ၎င်းတို့စတင်ခဲ့သည့် ပြဿနာရပ်များအား အဆုံးသတ်ရန် ဆောင်ရွက်နိုင်ခြင်း မရှိကြောင်းသံအမတ်ကြီးက ဆက်ပြောသည်။

သတင်း

အောက်တိုဘာလ ၁၆ ရက်က ပေါက်မြို့နယ်အတွင်း တောင်မြင့်ရွာကို စစ်ကောင်စီစစ်ကြောင်း ဝင်လာပြီး CDM ကျောင်းဆရာကို ဖမ်းဆီးသွားခဲ့တာပါ။

နိုင်ငံတကာ

ကမ္ဘာပေါ်မှာ ခေတ်အမီဆုံး ဘက်စုံသုံး တိုက်လေယာဉ်အဖြစ် ညွှန်းဆိုခံထားရတဲ့ F-35 ပျက်ကျခဲ့တဲ့ အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။ အနီးအနားမှာ ရှိနေသူ တချို့ကတော့ လေယာဉ် အဆင်းမှာ ပျက်ကျသွားတာကို တွေ့လိုက်ကြောင်း ပြောပါတယ်။

သတင်း

မြန်မာစစ်တပ်သည် ၎င်းတို့ ဆောင်ရွက်ခဲ့သည် ဓာတုလက်နက်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု လုံးဝမရှိခဲ့ဖူးကြောင်းနှင့် နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးကိစ္စရပ်များတွင်လည်း ကောင်းမွန်သည့်မိတ်ဖက်မဖြစ်ခဲ့ဖူးကြောင်း ဆက်ပြောသည်။