Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အိုးဘိုထောင်မှာ နိုင်ကျဉ်းအမှုတွေကို အမြန်စစ်ဆေးဖို့ စစ်ကောင်စီ စီစဉ်

စစ်ခုံရုံးတွေမှာ သက်သေတင်ပြခွင့် ၊ရှေ့နေ လိုက်ပါခွင့်မရှိပေမယ့် အထူးတရားရုံးတွေမှာတော့သက်သေတင်ပြခွင့်နဲ့ ရှေ့နေ ဌားခွင့်ရကြပါတယ်။

Photo - AFP
Photo - AFP

မန္တလေး အိုးဘိုထောင် မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့အမှုကို အမြန်ဆုံးအပြီးသတ်စစ်ဆေးဖို့ စစ်ကောင်စီရဲ့ ညွှန်ကြားစာ ထွက်လာတယ်လို့ ရှေ့နေအသိုင်းအဝိုင်းထံကနေသိရပါတယ်။

ထောင်တွင်း စစ်ကောင်စီအထူးတရားရုံးတွေမှာစစ်ဆေးနေတဲ့ နိုင်ကျဉ်းတွေရဲ့ အမှု မှာ စွပ်စွဲခံရသူဘက်က ပြတဲ့သက်သေတွေကို သတ်မှတ်ရက်အတွင်း အပြီးစစ်ဆေးဖို့ အဲဒီညွှန်ကြားစာထဲမှာပါတယ်လို့ ရှေ့နေ့တစ်ဦးကပြောပါတယ်။

” ဒီတပတ်ရယ် လာမယ့်ရှေ့တပတ်ရယ်မှာ တရားခံပြသက်သေတွေအကုန်လုံးအမြန်ဖြတ်ဖို့စာထွက်ထားတယ်”လို့ အဲဒီရှေ့နေက ဆိုပါတယ်။

စစ်ကောင်စီဟာ နွေဦးတော်လှန်ရေးအတွင်း ဖမ်းမိတဲ့သူတွေကို ပြင်ပတရားရုံးမထုတ်ဘဲထောင်ထဲမှာ ရုံးဖွဲ့ကာစစ်ဆေးတာပါ။

ဒီလို စစ်ဆေးရာမှာ စစ်အုပ်ချုပ်ရေးနယ်မြေထုတ်ထားတဲ့ မြို့နယ်တွေမှာ ဖမ်းမိသူတွေကိုတော့စစ်ခုံရုံးနဲ့ စစ်ဆေးတာလည်းဖြစ်ပါတယ်။

စစ်ခုံရုံးတွေမှာ သက်သေတင်ပြခွင့် ၊ရှေ့နေ လိုက်ပါခွင့်မရှိပေမယ့် အထူးတရားရုံးတွေမှာတော့သက်သေတင်ပြခွင့်နဲ့ ရှေ့နေ ဌားခွင့်ရကြပါတယ်။

ဒါပေမယ့် အခုတော့ နိုင်ကျဉ်းတွေဘက်က တင်ပြတဲ့သက်သေတွေကို ခပ်မြန်မြန်စစ်ဆေးပြီး အမှုကို မြန်မြန်အမိန့်ချဖို့ စစ်ကောင်စီဘက်ကခြေလှမ်းပြင်လာတာလို့ နိုင်ငံရေးအကျဉ်းသားတွေရဲ့အမှုကိုလုပ်ပါဆောင်ရွက်နေသူ ရှေ့နေတစ်ဦးကသုံးသပ်ပါတယ်။

ဒါဟာ အမိန့်ချပြီးနောက် နိုင်ကျဉ်းတွေကို နယ်ထောင်တွေဆီ ရွှေ့ဆိုင်းလိုတာလည်းဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အောက်တိုဘာ၁၉ ရက် ညတွင် စစ်ကောင်စီတပ် သည် ဖလံမရွာ၌ ညအိပ်ပြီး အောက်တိုဘာ ၂၀ ရက် နံနက်တွင် ဖလံမရွာအား မီးရှို့ဖျက်ဆီးခဲ့သည်။

သတင်း

သေဆုံးသွားတဲ့ကလေးငယ် ၂ ဦးဟာ အသက် ၆ နှစ်အရွယ် ဂျဲမ်းရှမ်းဇာအုပ်နဲ့အသက် ၇ နှစ်အရွယ် ဟင်နရီ ဘွေဇလျန်းတို့ဖြစ်တယ်လို့သိရပါတယ်။

သတင်း

လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံထိခိုက်ပျက်စီးမှုရှိသည်ဟု ကြားသိရသော်လည်း လူသေဆုံးဒဏ်ရာရမှု အခြေအနေကို မသိရသေးဟု ဆိုသည်။

သတင်း

ထိုသို့ဖောက်ခွဲတိုက်ခိုက်မှုတွင် မြို့နယ်ပညာရေးမှူးအိမ်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပစ္စည်းများပျက်စီး၍ လူထိခိုက်မှုမရှိကြောင်း၊ စစ်မှူထမ်းဟောင်း အုပ်ချုပ်ရေးမှူးနေအိမ်၌ စစ်ကောင်စီတပ်များက မိုင်းလာရောက်ရှင်းလင်းသွား၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းမရှိကြောင်း အဆိုပါပြန်ကြားရေးတာဝန်ခံက ဆိုသည်။