Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သီရိမင်္ဂလာဈေးသစ်ရှိ KBZ ဘဏ်ခွဲကို ဖောက်ခွဲတိုက်ခိုက်

စစ်ဆင်ရေးပြုလုပ်သည့် ဘဏ်အနီး၌ အကြမ်းဖက်စစ်ကောင်စီများရှိသော်လည်း အဖွဲ့သားအားလုံး ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

KBZ ဘဏ်ခွဲတစ်ခုအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ
KBZ ဘဏ်ခွဲတစ်ခုအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ

တော်လှန်ရေးအင်အားစုများ၏ ငွေလွှဲအချက် အလက်များကို အကြမ်းဖက်စစ်ကောင်စီတပ်ထံ သတင်းပေးပို့နေသည့် ကမ္ဘောဇဘဏ်ကို သတိပေးသည့် အနေဖြင့် ရန်ကုန်မြို့ သီရိမင်္ဂလာဈေးသစ်ရှိ KBZ ဘဏ်ခွဲကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Myit Ma Kha Special Task Force မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“KBZ ကိုသတိပေးချင်တာကတော့ ဆက်လက် ပြီး စကစထောက်တိုင်အဖြစ်တည်ရှိနေမယ်၊ တော်လှန်ရေးအတွက် ငွေလွှဲတွေကို ဆက်လက် နှောက်ယှက်ပြီး သတင်းအချက်အလက်တွေကို စကစကို ဆက်လက်တင်ပြနေမယ်ဆိုရင် ဒီထက် ပိုမိုပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ။”ဟု ၎င်းက ပြောသည်။

အောက်တိုဘာ ၂၁ရက် ညနေ ၃နာရီခန့်တွင် အဆိုပါစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး Generation-Y Guerilla GY G ၊ Army Representing Myanmar Society ARMS ၊ P.C-UGF မဟာမိတ်ညီနောင်အဖွဲ့တို့နှင့်ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“အထိခိုက် အပျက်စီးမရှိခဲ့ပါဘူး၊ ဒုတိယအလုံးက အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့လို့ပါ။” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

စစ်ဆင်ရေးပြုလုပ်သည့် ဘဏ်အနီး၌ အကြမ်းဖက်စစ်ကောင်စီများရှိသော်လည်း အဖွဲ့သားအားလုံး ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

KBZ ဘဏ်သည် တော်လှန်ရေးရဲဘော်များအတွက် ငွေကြေးလှူဒါန်းမှုများပြုလုပ်သည်ဟုဆိုကာ အချို့ KPay အကောင့် အသုံးပြုသူများအား စစ်ကောင်စီအလိုကျ ပိတ်သိမ်းပေးမှုပြုလုပ်နေသည်။

You May Also Like

သတင်း

တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးခဲ့သော စစ်ကောင်စီတပ်သားများအား လူနာတင်ယာဥ်ငါးစီးဖြင့် လာရောက်သယ်ဆောင်သည့်အပြင် အနီးဝန်းကျင်သို့ ရမ်းသမ်းပစ် ခတ်မှုများရှိခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဟု ဆိုသည်။

သတင်း

"ရဲစခန်းရှေ့တည့်တည့်မှာ ဗုံးပေါက်တာ။နှစ်လုံးဆက်မှာ တစ်လုံးကို ငါးမိနစ်လောက် ခြားပြီး ကြားရတယ်။ရခ တွေထိတာတော့ မသိရသေးဘူး"ဟု ရန်ကင်းမြို့ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

နောက်နောင်တွင်လည်း အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သော အုပ်ချုပ်ရေး၊ စီပွားရေး၊ လူမူရေးပစ်မှတ်များအား ထိရောက်ပြင်းထန်စွာတိုက်ခိုက်သွားမည် ဖြစ်ကြောင်း Dark shadow (UG)က ဆိုသည်။

သတင်း

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုအပြီးနောက် စစ်ကားလေးစီးခန့် ရောက်ရှိလာပြီး ဗဟိုလမ်းမီးပွိုင့်ထိပ်ရှိ လမ်းလေးဘက်လုံးအား ပိတ်ဆို့ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။