Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလောတွင် စစ်ကောင်စီ စစ်ဆေးဂိတ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ဟု မြိတ်ခရိုင်တပ်ရင်း (၁)ထုတ်ပြန်

ပုလောမြို့နယ်၊ တိုကျေးရွာတွင် စစ်ဆးရေးဂိတ် ချကာ ပြည်သူ့လူထုကို အတင်းအကြပ် ဆက်ကြေးကောက်နေ၍ အောက်တိုဘာ ၂၀ရက် ညနေ ၆နာရီက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါတပ်ရင်းက ထုတ်ပြန်ထားသည်။

ပုလောတွင် စစ်ကောင်စီ စစ်ဆေးဂိတ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ဟု မြိတ်ခရိုင်တပ်ရင်း (၁)ထုတ်ပြန်
ပုလောတွင် စစ်ကောင်စီ စစ်ဆေးဂိတ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ဟု မြိတ်ခရိုင်တပ်ရင်း (၁)ထုတ်ပြန်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ စစ်ကောင်စီစစ် ဆေးရေးဂိတ်ကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ကာ စစ်ကောင်စီတပ် သားတစ်ဦးသေဆုံးကြောင်း မြိတ်ခရိုင်တပ်ရင်း (၁)က ယနေ့(အောက်တိုဘာ ၂၁ရက်).ထုတ်ပြန်သည်။

ပုလောမြို့နယ်၊ တိုကျေးရွာတွင် စစ်ဆးရေးဂိတ် ချကာ ပြည်သူ့လူထုကို အတင်းအကြပ် ဆက်ကြေးကောက်နေ၍ အောက်တိုဘာ ၂၀ရက် ညနေ ၆နာရီက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါတပ်ရင်းက ထုတ်ပြန်ထားသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် နှစ်ဖက်အပြန်အလှည်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီဘက် မှ တစ်ဦးသေဆုံးခဲ့သည်ဟုလည်း တပ်ရင်းကဆိုသည်။ အဆိုပါ တိုက်ပွဲတွင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိကြောင်းလည်း ဆိုထားသည်။

“မိုင်းဆွဲပြီး အပြန်အလှန်ပစ်ကြတဲ့အချိန် လက်နက်ကြီးတွေ သုံးလာလို့ ပြန်ဆုတ်လာကြတာ။ တွေဘက်က အထိအခိုက်မရှိပါဘူး”ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထိုတိုက်ခိုက်မှုကို မြိတ်ခရိုင်တပ်ရင်း(၁)နှင့် တောကြီးမြွေဟောက်အဖွဲ့(ပကဖ)တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

You May Also Like

သတင်း

ကော့ကရိတ်ဒေသခံတစ်ဦးကလည်း “မနေ့က သူတို့ ရုပ်သွားတဲ့အခါ ရွာလူကြီးတွေ ရှင်းပြတာက မသွားနဲ့အုံးပေါ့နော်။ အန္တရာယ်ရှိမှာစိုးလို့ပေါ့။ သူတို့(စစ်ကောင်စီ)ကလည်း KNU ဝင်ပြီးရှင်းမယ်ထင်ပြီးသူတို့အလုံးကြီး (လက်နက်ကြီး)တွေပစ်ချတယ်သုံးလုံး။ KNU ကတော့သွားပြီးတော့ ရှင်းလိုက်တာပဲ”ဟု ပြောသည်။

သတင်း

ယနေ့ (အောက်တိုဘာ ၂၂ ရက်)တွင် စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ်အရှေ့ခြမ်း၌ စစ်ကြောင်းထိုးလျက်ရှိရာ ချောင်းမီတို(ခ)ချောင်းမကြီးရွာရှိ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီ၏ အဆိုပါအကြမ်းဖက် လုပ်ရပ်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဖြစ်နိုင်သည့် နည်းလမ်းမှန်သမျှဖြင့် ထိရောက်စွာ တားဆီးအရေးယူ ဆောင်ရွက်ကြပါရန် တိုက်တွန်းကြောင်း ထုတ်ပြန်သည်။

သတင်း

ဖယ်ရှားခိုင်းတဲ့အခါမှာစစ်ကောင်စီကပေးတဲ့အကြောင်းပြချက်ကတော့ လမ်းနဲ့မလွတ်လို့ ဖြစ်တယ်လို့သိရပါတယ်။