Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ယင်းမာပင်နယ် ရွှေလှံရွာ သတ်ဖြတ်မီးရှို့ခံရသူများတွင် PDFရဲဘော် ၉ဦးနှင့် ပြည်သူတစ်ဦး ပါဝင်

နေရာမှာတင်သတ်ဖြတ်မီးရှို့ခံရသည့် ရဲဘော်များမှာ ရဲဘော်အောင်ဇေ၊ ရဲဘော်ထွေးကို၊ ရဲဘော်စတီး၊ ရဲဘော်အာကာ၊ ရဲဘော်ချစ်ကွင်း၊ ရဲဘော်မှေးကြီး၊ ရဲဘော်ဖိုးသား၊ ရဲဘော်ခေါင်းကြီး၊ ရဲဘော်ရန်ကြီးအောင်တို့ဖြစ်သည်ဟု သိရသည်။

(သတ်ဖြတ်မီးရှို့သွားပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-Cj)
(သတ်ဖြတ်မီးရှို့သွားပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-Cj)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ရွှေလှံကျေးရွာ၌ သတ်ဖြတ်မီးရှို့ခံရသူများတွင် မုံရွာနှင့် ပခုက္ကူအခြေစိုက် PDFရဲဘော် ၉ဦးနှင့် ပြည်သူတစ်ဦး ပါဝင်ကြောင်း Aung San Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (အောက်တိုဘာ၂၁ ရက်) နံနက် ၄ နာရီခွဲ ၅ နာရီဝန်းကျင်ခန့်တွင် ယင်းမာပင်မြို့နယ် ရွှေလှံရွာရှိ မုံရွာခရိုင်တပ်ရင်း – ၁၃ (အောင်ဆန်းမျိုးဆက်) ယာယီခေတ္တတည်းခိုရာနေရာကို စစ်ကောင်စီဘက်က စစ်ယူနီဖောင်း ဝတ်ဆင်မထားဘဲ PDF အယောင်ဆောင်၍ ခန့်မှန်းအင်အား ၁၀၀ခန့်ဖြင့် အလစ်စီးနင်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စီးနင်းခံရချိန်တွင် အခြားတိုက်ပွဲမှပြန်လာ၍ ​ခေတ္တနားနေသော ရဲဘော်များရှိခဲ့ရာ အောင်ဆန်းမျိုးဆက်မှ ရဲဘော် ရှစ်ဦးနှင့် ခေတ္တတည်းခိုနေသော ပခုက္ကူခရိုင်တပ်ရင်း(၂)မှ ရဲဘော် တစ်ဦးစုစုပေါင်း(၉)ဦး ကျဆုံးပြီး၊ နှစ်ဦး ဒဏ်ရာရရှိကာ နှစ် ဦးပျောက်ဆုံးလျက်ရှိကြောင်း၊ ပျောက်ဆုံး နှစ်ဦး၏ သတင်းကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း Aung San Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ကျွန်တော်တို့က ရင်ပေါင်တိုင် တိုက်ပွဲကနေ ည၁ နာရီလောက်မှာ ပြန်လာပြီး ရွှေလှံကျေးရွာကို ဝင်အိပ်ကြတာဗျ။ ကျေးရွာက လုံခြုံရေးတာဝန်ရှိသူတွေကို ကင်းတွေရှိသလား မေးတော့ရှိတယ်စိတ်ချရတယ်ပြောတယ်။ ဖြစ်သွားတာကလည်း ကင်းအချိန်းအပြောင်းလုပ်တဲ့အချိန်မှာ ဖြစ်သွားတာဖြစ်တယ်။ ရဲဘော်တွေကတော့ ကျွန်တော်တို့မုံရွာခရိုင်တပ်ရင်း (၁၃)က ရဲဘော်တွေဖြစ်ပါတယ်။”ဟု Aung San Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

နေရာမှာတင်သတ်ဖြတ်မီးရှို့ခံရသည့် ရဲဘော်များမှာ ရဲဘော်အောင်ဇေ၊ ရဲဘော်ထွေးကို၊ ရဲဘော်စတီး၊ ရဲဘော်အာကာ၊ ရဲဘော်ချစ်ကွင်း၊ ရဲဘော်မှေးကြီး၊ ရဲဘော်ဖိုးသား၊ ရဲဘော်ခေါင်းကြီး၊ ရဲဘော်ရန်ကြီးအောင်တို့ဖြစ်သည်ဟု သိရသည်။

ရွှေလှံရွာအတွင်းရှိ အိမ်ထောင်စု (၈)စုကိုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ခေတ္တတည်းခိုရာနေရာကို မီးရှို့ဖျက်​ဆီးရာတွင် ကျဆုံးရဲဘော်များနှင့် ရွာသား တစ်ဦး စုစုပေါင်း (၁၀)ဦးကိုပါ မီးရှို့သွားခဲ့ကြောင်း၊ ငွေသားနှင့်ပစ္စည်း ပျက်စီးဆုံးရှုံးမှုမှာ ခန့်မှန်းတန်ဖိုးအားဖြင့် သိန်းပေါင်း (၆၀၀) ဝန်းကျင်ခန့်ရှိကြောင်း Aung San Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

You May Also Like

သတင်း

လိင်ဖျော်ဖြေရေးအရုပ်နှစ်ရုပ်ကိုရန်ကုန်မြို့၊ ရွှေတိဂုံဘုရား သိင်္ဂုတ္တရကုန်းသို့ယူ​ဆောင်လာ၍ မယ်တော်အဖြစ်ရင်​ငွေ့ခိုလှုံစည်ဆိုကာအသက်သွင်းပွဲပြုလုပ် ခြင်းအ​ပေါ် ပြည်သူများက အပြင်းအထန်​ဝေဖန်​နေကြသည်။ နိူင်ငံတကာတွင်လိင်​ဖျော်​ဖြေ​ရေးအရုပ်အဖြစ်အသုံးပြု​နေ​​သောအရုပ်နှစ်ရုပ်ကိုလောကီဝိဇ္ဇာဓိုရ် မိန်းမလှဒေဝီအထက်ဂိုဏ်းချုပ်ကြီးဆိုသူက တစ်ရုပ်လျှင် ဒေါ်လာ၂၄၀ဝ ဖြင့် ဝယ်ယူခဲ့ကြောင်း၊ လူအစစ်နှင့်တူ၍ နည်းပညာကိုကြည့်ကာ မှာယူခဲ့ခြင်းဖြစ်ကြောင်း၎င်း၏ ​ဖေစ်ဘွခ်တွင်​ရေးသားထားသည်။ ထိုသူကဦး​ဆောင်၍ ယနေ့ (အောက်တိုဘာ၂၂ ရက်)နံနက်ပိုင်းက ရွှေတိဂုံဘုရား၊ သိင်္ဂုတ္တရကုန်း၌ အဆိုပါလိင်ဖျော်ဖြေရေးအရုပ်နှစ်ရုပ်အား...

သတင်း

ယနေ့ (အောက်တိုဘာ ၂၂ ရက်)တွင် စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ်အရှေ့ခြမ်း၌ စစ်ကြောင်းထိုးလျက်ရှိရာ ချောင်းမီတို(ခ)ချောင်းမကြီးရွာရှိ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရသည်။

သတင်း

ယနေ့ (အောက်တိုဘာ ၂၁ရက်)နံနက်တွင်လည်း စစ်ကောင်စီတပ်က ရွှေလှံရွာကို ထိုးစစ်ဆင်ဝင်ရောက်ခဲ့ရာ ဒေသခံ PDF တပ်ဖွဲ့ဝင်များ ကျဆုံးခဲ့သည်ဟုဆိုသည်။

သတင်း

ဗန်းမောက်မြို့နယ်အတွင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့သော်လည်း ယခု လေကြောင်း တိုက်ခိုက်ခံရသည့် မံယူးကြီးရွာနှင့် ကြောင်လည်ရွာတို့၌ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ တိုက်ခိုက်လာခြင်း ဖြစ်ကြောင်း ဒေသခံက ပြောသည်။