Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီတပ်မတော်​၏(၇၄)ကြိမ်မြောက် စစ်သင်တန်းပိတ်ပွဲ ပြုလုပ်

အကြမ်းဖက်စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီတွင်ဒေသအလိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များစွာဖွဲ့စည်းပြီး ခုခံတိုက်ခိုက်ခဲ့ရာတွင် ကရင်နီတပ်မတော်(KA)သည် ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ဓာတ်ပုံ - KA
ဓာတ်ပုံ - KA

(၇၄)ကြိမ်မြောက် ကရင်နီအခြေခံစစ်သင်တန်း ပိတ်ပွဲအခမ်းအနားကိုပြုလုပ်ခဲ့ကြောင်း ကရင်နီတပ်မတော် (KA)က ယနေ့(အောက်တိုဘာ၂၂ ရက်)တွင် ထုတ်ပြန် သည်။

ကရင်နီ(ကယားပြည်နယ်)အတွင်း စစ်ရေးပြင်း ထန်နေသော်လည်း စစ်ရေးသင်တန်းများပြုလုပ်ပေးနိုင်ခြင်းသည် ကရင်နီတပ်မတော် အပါအဝင်ဒေသတွင်းစစ်ရေးအရ အားတက်ဖွယ်ဖြစ်ကြောင်း ကရင်နီဒေသခံစစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

“အာဏာသိမ်းစစ်တပ်ကို နှစ်ရှည်လများတော်လှန်လာတဲ့ပြီး ပြည်သူနဲ့အတူ ရပ်တည်ချက်ခိုင်မာတဲ့ တပ်မတော်တစ်ခုရှိနေတာက ကရင်နီဒေသအတွက် အင်အားတစ်ခုပါ။နောက်ပြီး အခုထက်ထိစစ်ရေးနဲ့ပတ်သက်လို့ KAရဲ့ အကူအညီက အများကြီးလိုအပ်နေဆဲပဲ”ဟု ၎င်းက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီတွင်ဒေသအလိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များစွာဖွဲ့စည်းပြီး ခုခံတိုက်ခိုက်ခဲ့ရာတွင် ကရင်နီတပ်မတော်(KA)သည် ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ထို့အပြင် စစ်အာဏာရှင်ပြုတ်ကျရေးတွင် မသက်ဆိုင်သလိုနေသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများမှာ စစ်အာဏာရှင်၏ ကျွန်များဟု ကရင်နီတပ်မတော် ဒုစစ်ဦးစီးချုပ်က ယခုနှစ်သြဂုတ်က ပြောကြားထားဖူးသည်။

ထိုပုဂ္ဂိုလ်များကို အထူးသတိပြုရန်လည်း ၎င်းက ဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ် ကောင်စီကို ခုခံစစ်ဆင်နွှဲနေသည့် နိုင်ငံတစ်ဝန်းရှိဒေသများအနက် ကရင်နီ(ကယား)ပြည်နယ်မှာ နေ့စဥ်တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

လက်ရှိချိန်အထိ ကရင်နီတပ်မတော်(KA)နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အပါအဝင် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ် ပေါင်းစုများက နယ်မြေစိုးမိုးမှုများစွာ လုပ်ဆောင်နိုင်နေသည်။

You May Also Like

သတင်း

နေ့စဥ်ရဲဘော်များရှေ့တန်းတွင် ခွန်အားပြည့်ဝစေရေးအတွက် အာဟာရပြည့်ဝမည့် ရိက္ခာများ စုဆောင်းနိုင်ရေးအတွက် နည်းများမဆို ပါဝင်ကူညီလှူဒါန်းပေးကြရန် KNDFက တိုက်တွန်းသည်။

သတင်း

စက်တင်ဘာကစ၍ ကရင်နီဒေသတွင် အကြီး အကျယ်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ခုခံကာကွယ်မှု၌ ကရင်နီတပ်ပေါင်းစုများမှယနေ့(စက်တင်ဘာ ၂၄ ရက်)အထိ ရဲဘော် ၁၄ဦးကျဆုံးထားရသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုနှင့် လေကြောင်းတိုက် ခိုက်မှုတို့ကြောင့် မိုးဗြဲမြို့ပေါ်ရှိ ပြည်သူနေအိမ်အလုံး ၁၀၀နီးပါး ထိခိုက်ပျက်စီးခဲ့ရသည်။

သတင်း

စစ်ကောင်စီတပ်၏ အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရန် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)မှာ တပ်အင်အား ၇,၀၀၀ ဖြင့်အများဆုံး ဖြစ်သည်။