Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးမောက်တိုက်ပွဲ စစ်ကောင်စီတပ် အထိနာ၊ အင်အားဖြည့်တင်းနေဟုဆို

စစ်ကောင်စီဘက်က ထိခိုက်မှုကို အသေးစိတ်မသိရသေးသော်လည်း မြေပြင်တွင် အင်အားအများအပြားတိုးချနေသည်ဟု ဒေသခံများကပြောသည်။

မိုးမောက်တိုက်ပွဲ စစ်ကောင်စီတပ် အထိနာ၊ အင်အားဖြည့်တင်းနေဟုဆို
မိုးမောက်တိုက်ပွဲ စစ်ကောင်စီတပ် အထိနာ၊ အင်အားဖြည့်တင်းနေဟုဆို

ယမန်နေ့က တနေကုန်ဖြစ်ခဲ့သည့် မိုးမောက်တိုက် ပွဲတွင် စစ်ကောင်စီဘက်က အလွန်အထိနာသွားပြီး ယနေ့တွင် အင်အားအများအပြားဖြည့်တင်းနေသည် ဟု ဒေသခံများက ပြောသည်။

“မနေ့က တိုက်ပွဲမှာ ထိခိုက်သေဆုံးတဲ့သူ (စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေကို စစ်ကားလေးစီးနဲ့ လာသယ်သွားတယ်။ ဒီနေ့မနက်မှာ စစ်ကားတွေ အများကြီး ထပ်တက်လာတယ်”ဟု မိုးမောက်မြို့ခံတစ်ဦးက ပြောသည်။

ကချင်လွပ်လပ်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ မိုးမောက်မြို့နယ် လုံဂျာတောင်ပတ်ဝန်းကျင်နှင့် ကျောက်စခန်းပတ်ဝန်းကျင်တွင် ယ‌မန်နေ့(အောက်တိုဘာ ၂၂ ရက်) နံနက်မှစတင်၍ ယနေ့(အောက်တိုဘာ ၂၃ ရက်)နံနက် ၄နာရီခန့်အထိ တိုက်ပွဲဖြစ်ခဲ့သည်။

ယမန်နေ့ညနေပိုင်းကလည်း စစ်ကောင်စီက တိုက် လေယာဉ် လေးစင်းဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု မျက်မြင်ဒေသခံများက ပြောသည်။

စစ်ကောင်စီဘက်က ထိခိုက်မှုကို အသေးစိတ်မသိရသေးသော်လည်း မြေပြင်တွင် အင်အားအများအပြားတိုးချနေသည်ဟု ဒေသခံများကပြောသည်။

“လုံဂျာတောင်ဘက်ကို ကားတွေတက်သွားတာ အများကြီးပဲ။ တိုက်ပွဲက ပိုပြင်းထန်လာမယ်ထင်တယ်”ဟု ‌မိုးမောက်မြို့ခံတစ်ဦးက ပြောသည်။

တိုက်ပွဲပြင်းထန်လာမည့်အခြေအနေကြောင့် မိုးမောက်မြို့ခံအချို့သည် ဗန်းမော်မြို့ပေါ်သို့ လာ ရောက်တိမ်းရှောင်နေကြသည်။ လတ်တလော ‌ဒေသတွင်း အခြေအနေများနှင့် ပတ်သက်၍ မေးမြန်းရန် KIAပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နော်ဘူအား ဆက်သွယ်သော်လည်း ဆက်သွယ်၍မရသေးပေ။

You May Also Like

သတင်း

ပြီးခဲ့သည့် အောက်တိုဘာ ၁၇ရက်ကလည်း မတူပီမြို့နယ် မြို့နယ်ပညာရေးမှူး ဦးတင်လွေးကို ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ကာ ရှင်းလင်းခဲ့ကြောင်း မတူပီ CDFက ထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီတပ်ဟာ ကားတွေကို တားဆီးစစ်ဆေးချိန် လမ်းသွားလမ်းလာတွေကို လာရာလမ်းအတိုင်းပြန်လှည့်ကြဖို့ ဆဲဆိုကြိမ်းမောင်းခဲ့တယ်လို့သိရပါတယ်။

သတင်း

ယနေ့(အောက်တိုဘာ ၂၃ ရက်)က ရေယာဥ်ခုနစ် စီးပါ စစ်ကောင်စီတပ်သည် ကသာမြို့နယ်၊မိုးတားလေးကျေးရွာမှ အထက်သို့ ဆန်တက်လာစဥ် ဧရာဝတီမြစ်ဘေးတစ်လျှောက်ရှိ ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

သတင်း

မတ္တရာမြို့နယ်အရှေ့ခြမ်း၌ စစ်ကောင်စီတပ်စစ်ကြောင်းထိုးဖျက်ဆီးမှုများကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။