Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းတံတား ရဲကင်း သေနတ်ပျောက်ဆုံးမှု ရဲ ၃ ဦး စစ်ဆေးခံနေရ

ရဲကင်းစခန်း မှာ သေတ္တာထဲ သော့ခတ်သိမ်းထားတဲ့ သေနတ် ၃ လက်အနက် ၂ လက် ပျောက်ဆုံးနေတာလို့ စုံစမ်းသိရပါတယ်။

ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းဖို့ပြင်နေတဲ့ စစ်ကောင်စီသြဇာခံ ရဲတပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်
ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းဖို့ပြင်နေတဲ့ စစ်ကောင်စီသြဇာခံ ရဲတပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်

မန္တလေးမြို့၊ အမရပူရမြို့နယ် စစ်ကိုင်းတံတားထိပ် ရဲကင်းမှာ သေနတ် ၂လက် ပျောက်ဆုံးနေလို့ ရဲ ၃ ဦးကို စစ်တပ်က ခေါ်စစ်နေတယ်လို့နီးစပ်သူတွေထံကသိရပါတယ်။

ရဲကင်းက သေနတ်ပျောက်ဆုံးမှုဟာ အောက်တိုဘာလ ၁၈ ရက်ကတည်းက ဖြစ်ပွားတာပါ။

ရဲကင်းစခန်း မှာ သေတ္တာထဲ သော့ခတ်သိမ်းထားတဲ့ သေနတ် ၃ လက်အနက် ၂ လက် ပျောက်ဆုံးနေတာလို့ စုံစမ်းသိရပါတယ်။

” ဖြစ်ဖြစ်ချင်းကတော့ အကြောင်းမကြားသေးဘဲ ကြိတ်ရှာနေကြသေးတယ်၊တနေရာရာကျန်ခဲ့ကြတာလား ၊တကယ်ပဲပျောက်တာလားတော့ မသိဘူး ၊အခုတော့ ရဲကင်းစခန်းက တာဝန်ရှိသူ၃ဦးကို စစ်နေပြီ”လို့ ရဲကင်းနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ရဲကင်းက ရဲ ၃ ဦးကို စစ်တပ်က ဖမ်းပြီး စစ်ကြောရေးလုပ်နေတယ်လို့လည်းသိရပါတယ်။

ဖမ်းခံရတဲ့ ရဲတွေရဲ့ အဆင့်ရာထူးကိုတော့မသိရသေးပါဘူး။

Photo – STR/AFP/GETTY

You May Also Like

သတင်း

မဏိပူရပြည်နယ်ဟာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမှာတည်ရှိတဲ့ပြည်နယ်ဖြစ်ပြီး ပြည်နယ်အတွင်းက ခရိုင် ငါးခုဟာ မြန်မာနဲ့ထိစပ်နေပါတယ်။

နိုင်ငံတကာ

အခုအခါမှာတော့ စုံစမ်း စစ်ဆေးရေး အဖွဲ့ရဲ့ အစီရင်ခံမှုကို ကိုးကားပြီး အင်ဒိုနီးရှား လုံခြုံရေးဝန်ကြီး မာဖွတ်ဒ်အမ်ဒီက ဖြစ်ရပ်တစ်ခုလုံးမှာ အသေအပျောက် အရမ်းများခဲ့တာဟာ မျက်ရည်ယိုဗုံးတွေကြောင့် ဖြစ်တယ်လို့ ကြေညာသွားပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိကြားကာလအမွေအနှစ်စာရင်းများတွင် ဟန်လင်းပျူမြို့ဟောင်း၊ ကလေးမြို့ဟောင်း ၊ အမြင့်မြို့ဟောင်း၊ အနိမ့်မြို့ဟောင်း၊ စစ်ကိုင်းမြို့ဟောင်း။ ရွှေဘိုမြို့ဟောင်းနှင့် နန်းတော် စသည့်တို့ပါဝင်သည်။

သတင်း

CDM ပြုလုပ်ပြီးနောက် စစ်ကောင်စီတပ်ထံသို့ ပြန်လည်ရောက်ရှိသွားသည့် ဗိုလ်မှူးမျိုးမင်းထွန်း ကိစ္စ အပါအဝင် Non-CDMများအကြောင်း မေးမြန်းမှုအပေါ် NUG သတင်းစာရှင်းလင်းပွဲ တာဝန်ရှိသူ ဦးနေဘုန်းလတ်က အထက်ပါအတိုင်း သတိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။