Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်တွင် လက်နက်ကိုင်ရမ်းကားလူတစ်စု၏ သတ်ဖြတ်ခြင်းခံခဲ့ရသည့် ရဲဘော်တစ်ဦး၏စျာပန ပြည်သူအများအပြားလိုက်ပါပို့ဆောင်

ကျဆုံးရဲဘော်သည် မုံရွာမြို့ဇာတိ ပညာတက်လူငယ်တစ်ဦးဖြစ်ပြီး ပရဟိတအလုပ်များဖြင့် ရပ်ကျိုးရွာအကျိုးအား သွန်ခွန်စိုက်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

ကျဆုံးရဲဘော်၏ စျာပနအား တွေ့ရစဥ်၊ ဓာတ်ပုံ-ကိုနွေဦး(မြောင်)
ကျဆုံးရဲဘော်၏ စျာပနအား တွေ့ရစဥ်၊ ဓာတ်ပုံ-ကိုနွေဦး(မြောင်)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် လက်နက်ကိုင်ရမ်းကားသူ လူတစ်စုက သတ်ဖြတ်ခဲ့၍ ကျဆုံးခဲ့သည့် ရဲဘော်တစ်ဦး၏ စျာပနအား ယနေ့ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူအများအပြား လိုက်ပါပို့ဆောင်ခဲ့ကြသည်။

အောက်တိုဘာ ၁၇ရက် ညပိုင်းက တော်လှန်ရေးအယောင်ပြ လက်နက်ကိုင်သောင်းကျန်းနေသူလူတစ်စု၏ သတ်ဖြတ်ခြင်းခံခဲ့ရသည့် အသက် (၂၃)နှစ်အရွယ် ရဲဘော်အောင်ခိုင်သူ၏ စျာပနအခမ်းအနားအား ယနေ့ ပြုလုပ်ခဲ့သည်။

ကျဆုံးရဲဘော်သည် မုံရွာမြို့ဇာတိ ပညာတက်လူငယ်တစ်ဦးဖြစ်ပြီး ပရဟိတအလုပ်များဖြင့် ရပ်ကျိုးရွာအကျိုးအား သွန်ခွန်စိုက်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

တော်လှန်ရေးကာလ ၎င်းဖခင်၏မွေးရပ်မြေ မြောင်မြို့နယ်သို့လာရောက်ကာ အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းများ အဆက်မပျက်လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း၊ သို့သော် မသမာသူ လူတစ်စု၏ အယုံသွင်းကာ ငွေယူ လူသတ်အလောင်းဖျောက်ဖြတ်ခြင်းခံလိုက်ရသူဖြစ်ကြောင်း CDSOMက အသိပေးသည်။

Public Service Announcement
Public Service Announcement

၎င်းရဲဘော်အား တော်လှန်ရေးအရေခြုံလက်နက်ကိုင်လူတစ်စုက လက်နက်ဝယ်ယူပေးမည်ဟုအကြောင်းပြကာ ငွေကိုလိမ်လည်ယူပြီး လူသတ်သွားခြင်းဖြစ်ကြောင်း၊ ၎င်းအဖွဲ့ကိုလည်း ဖမ်းဆီးထားနိုင်ပြီဖြစ်ကြောင်း CDSOM အဖွဲ့က အသိပေးထားသည်။

မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ CDSOMနှင့် တော်လှန်ရေးအင်အားစုများက သူရဲကောင်းနှင့် ထိုက်တန်သောအလေးပြု အခမ်းအနား​ဖြင့်ဂုဏ်ပြုခဲ့ကြသည်ဟု အသိပေးသည်။

Facebook

You May Also Like

သတင်း

အာဇာနည်ရဲဘော် ဆောင်ရွက်လက်စဖြစ်သောစစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးတာဝန်များကိုကျန်ရစ်သောရဲဘော်များကဆက်လက်ထမ်းဆောင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော်က ကတိပြုသည်။

သတင်း

ယနေ့(အောက်တိုဘာ ၂၂ရက်) နံနက် ၄နာရီခန့်က စစ်ကောင်စီတပ်သည် မြောင်မြို့နယ်တွင်းသို့ စစ်ကြောင်း နှစ်ကြောင်းပြိုင်ဝင်လာခဲ့သည်။

သတင်း

နေရာမှာတင်သတ်ဖြတ်မီးရှို့ခံရသည့် ရဲဘော်များမှာ ရဲဘော်အောင်ဇေ၊ ရဲဘော်ထွေးကို၊ ရဲဘော်စတီး၊ ရဲဘော်အာကာ၊ ရဲဘော်ချစ်ကွင်း၊ ရဲဘော်မှေးကြီး၊ ရဲဘော်ဖိုးသား၊ ရဲဘော်ခေါင်းကြီး၊ ရဲဘော်ရန်ကြီးအောင်တို့ဖြစ်သည်ဟု သိရသည်။

သတင်း

တိုက်ပွဲကြာမြင့်ချိန် ၁နာရီအခန့်အကြာတွင်ဝေဟင်မှ လေယာဉ်ဖြင့် ပစ်ခက်သောကြောင့် တပ်ဖွဲ့၀င်များ ဆုတ်ခွာခဲ့ရပြီး ရဲဘော်‌တစ်ဦးကျဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး ခြောက်ဦးအပြင်းအထန်ဒဏ်ရရှိခဲ့သည်။