Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ် ခလရ-၁ မှ တပ်သားတစ်ဦး CDM ပြုလုပ်

CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သားမှာ မိုးဗြဲအခြေစိုက် ခမရ(၄၂၂) မိုးဗြဲဆည် ရေထိန်းတံခါးတွင် ကင်းတာဝန်ကျနေစဥ် ထွက်ပြေးလာခဲ့ခြင်းဟု ဆိုသည်။

(CDM ပြုလုပ်လာသည့် တပ်သားတစ်ဦးအား တွေ့ရစဥ်)
(CDM ပြုလုပ်လာသည့် တပ်သားတစ်ဦးအား တွေ့ရစဥ်)

အကြမ်းဖက်စစ်ကောင်စီ၏ ခလရ-၁ မှ တပ်သားတစ်ဦး CDM ပြုလုပ်လာကြောင်း ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၂)က ယနေ့(အောက်တိုဘာ ၂၃ရက်) ထုတ်ပြန်သည်။

CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သားမှာ မိုးဗြဲအခြေစိုက် ခမရ(၄၂၂) မိုးဗြဲဆည် ရေထိန်းတံခါးတွင် ကင်းတာဝန်ကျနေစဥ် ထွက်ပြေးလာခဲ့ခြင်းဟု ဆိုသည်။

လက်ရှိတွင် CDM စစ်ကောင်စီတပ်သားကို ဖယ်ခုံမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၂) က ကူညီစောင့်ရှောက်ထားကြောင်း အသိပေးထားသည်။

“မနေ့က ညပိုင်းထွက်ပြေးလာတာ။လက်နက်တော့ ပါမလာဘူး။အခြေအနေအရကိုယ်လွတ် ရုန်းပြေးလာရတာလို့သိရတယ်။ဒါပေမယ့် ကာကွယ်ရေးတပ်ဖွဲ့ဘက်က စစ်ဆေးမေးမြန်းတာတွေလုပ်စရာရှိတာ လုပ်နေတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

အောက်တိုဘာ ၁၇ရက်ကလည်း တပ်မ(၆၆)လက်အောက်ခံ ခလရ(၁၄)မှ စစ်ကောင်စီတပ်သားနှစ်ဦး ဖယ်ခုံမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း (၂)ထံ CDM ပြုလုပ်ထားသည်။

ထို့အပြင် စစ်ကောင်စီလက်အောက်၌ တာဝန်မထမ်းဆောင်ဘဲ လက်နက်နှင့်အတူ CDM ပြုလုပ်လာပါက ကျပ်သိန်း ၅၀ပေးအပ်သွားမည်ဖြစ်ကြောင်း ဖယ်ခုံ PDF က ထုတ်ပြန်ထားသည်။

Facebook

You May Also Like

သတင်း

ယမန်နေ့(အောက်တိုဘာ ၂၂ရက်) ည ၁၁နာရီခွဲခန့်တွင် မှော်ဘီလေတပ်စခန်းမှ ပျံတက်လာခဲ့သည့် တိုက်လေယာဉ် နှစ်စီးသည် လေးကေ့ကော်မြို့သစ်အနီးရှိ တောင်ကုန်းများသို့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

သတင်း

ဖားကန့်မြို့နယ် ကံစီးကျေးရွာပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က ယနေ့(အောက်တိုဘာ ၂၃ရက်)ည ၈နာရီခွဲခန့်တွင် လေကြောင်းမှ လာရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

သတင်း

လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုအား မျက်ကွယ်ပြုသည့် မလေးရှားအစိုးရ၏ လုပ်ရပ် အပေါ် စိုးရိမ်မကင်း ဖြစ်ရကြောင်းလည်း ပေးစာ၌ ဖော်ပြသည်။

သတင်း

ပြီးခဲ့သည့် အောက်တိုဘာ ၁၇ရက်ကလည်း မတူပီမြို့နယ် မြို့နယ်ပညာရေးမှူး ဦးတင်လွေးကို ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ကာ ရှင်းလင်းခဲ့ကြောင်း မတူပီ CDFက ထုတ်ပြန်ထားသည်။