Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကိုးဆူစစ်ဆေးရေးဂိတ်အနီး ခရီးသည်တင်ယာဉ်နှင့် အိမ်စီးကား ယာဉ်တိုက်မှုဖြစ်၊ တစ်ဦးသေ နှစ်ဦးဒဏ်ရာရ

ယာဉ်တိုက်မှုဖြစ်သည့် ခရီးသည်တင်ယာဉ်သည် ‌ရွှေစင်စင်္ကြာယာဉ်လိုင်းမှဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ - MFSD
ဓာတ်ပုံ - MFSD

ရန်ကုန် – ပုသိမ်လမ်းပိုင်းရှိ ကိုးဆူစစ်ဆေးရေးဂိတ်အနီးတွင် ခရီးသည်တင်ယာဉ်နှင့် အိမ်စီးကား ယာဉ်တိုက်မှုဖြစ်ရာ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ယင်းနေရာသို့သွားရောက်ကူညီခဲ့သည့် ဘက်စုံလူမှုကူညီရေးအဖွဲ့-ပုသိမ်မှ တာဝန်ရှိသူက ပြောသည်။

“အိမ်စီးကားလေးက လမ်းဘေးမှာ ထိုင်နေသူကိုရှောင်ရင်း ခရီးသယ်တင်ယာဥ်နဲ့မျက်နှ ာချင်းဆိုင်တိုက်မိတယ်လို့ သိရပါတယ်”ဟု ယာဉ်တိုက်မှု အခြေအနေနှင့်ပတ်သတ်၍ ၎င်းကပြောသည်။

အောက်တိုဘာ ၂၃ ရက် ညနေ ၆နာရီခွဲအချိန်ခန့်တွင် ယာဉ်တိုက်မှုသတင်းရသောကြောင့် လူနာတင်ယာဉ်နှစ်စီးနှင့်သွားရောက်ကူညီခဲ့ကြောင်း ၎င်းကဆိုသည်။

ဓာတ်ပုံ - MFSD
ဓာတ်ပုံ – MFSD

“အိမ်စီးကားမှာ ပါလာသူ သုံးဦးအနက် တစ်ဦးသေဆုံးပြီး နှစ်ဦး မစိုးရိမ်ရဒဏ်ရရပါတယ်ဗျ။သေဆုံးသူက ဒရိုက်ဘာရဲ့ဘေးမှာ ထိုင်သူဟုသိရပါတယ်။ခရီးသယ်တင်ယာဥ်ဘက်မှ လူထိခိုက်မူ မရှိပါခင်ဗျ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ယာဉ်တိုက်မှုဖြစ်သည့် ခရီးသည်တင်ယာဉ်သည် ‌ရွှေစင်စင်္ကြာယာဉ်လိုင်းမှဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

သေဆုံးသူကိုနေအိမ်သို့ ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာရရှိသူနှစ်ဦးကို ပုသိမ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

Facebook

You May Also Like

သတင်း

စစ်ကောင်စီတပ်ဟာ ကားတွေကို တားဆီးစစ်ဆေးချိန် လမ်းသွားလမ်းလာတွေကို လာရာလမ်းအတိုင်းပြန်လှည့်ကြဖို့ ဆဲဆိုကြိမ်းမောင်းခဲ့တယ်လို့သိရပါတယ်။

သတင်း

"အဲဒီဂိတ်က မနေ့ကအထိတော့ ဆိုင်ကယ်အစီး ၂၀ လောက်သိမ်းထားတယ်။ သူတို့အဲနားမှာ ကြာတော့ကြာနေပြီ။"ဟု BLACK WOLF-ARMYအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

စစ်ကောင်စီဘက်က အထိအခိုက်ကျဆုံးစာရင်းကို အတိအကျ မသိရှိရသေးဘဲ ပြည်သူ့ရဲဘော် များမှာမူ အထိအခိုက်မရှိဟု အသိပေးထား သည်။

သတင်း

စစ်အာဏာရှင်အား တော်လှန်မှုအားကောင်းရာ မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူများအား မကြာခဏဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ ပြုလုပ်နေပြီး ယခင်ရက်ပိုင်းအတွင်းကလည်း လမ်းပိုင်းအချို့ကား ဘူဒိုဇာဖြင့် ဖျက်ဆီးသွားခဲ့သည်။