Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လေးကေ့ကော်အနီး စစ်ကောင်စီကအမျိုးအမည်စိစစ်ဆဲဗုံးများသုံး၍ လေကြောင်းတိုက်ခိုက်ဟု ကော်ဘရာစစ်ကြောင်းထုတ်ပြန်

ယမန်နေ့(အောက်တိုဘာ ၂၂ရက်) ည ၁၁နာရီခွဲခန့်တွင် မှော်ဘီလေတပ်စခန်းမှ ပျံတက်လာခဲ့သည့် တိုက်လေယာဉ် နှစ်စီးသည် လေးကေ့ကော်မြို့သစ်အနီးရှိ တောင်ကုန်းများသို့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

ဓာတ်ပုံ - Cobra Column
ဓာတ်ပုံ - Cobra Column

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) ကော်ဘရာစစ်ကြောင်း လုံခြုံရေးတာဝန်ယူထားသည့် လေးကေ့ကော်မြို့သစ်အနီးရှိ တောင်ကုန်းများသို့ စစ်ကောင်စီတပ်က အမျိုးအမည် စိစစ်ဆဲဗုံးများ အသုံးပြုကြဲချတိုက်ခိုက်ခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ယမန်နေ့(အောက်တိုဘာ ၂၂ရက်) ည ၁၁နာရီခွဲခန့်တွင် မှော်ဘီလေတပ်စခန်းမှ ပျံတက်လာခဲ့သည့် တိုက်လေယာဉ် နှစ်စီးသည် လေးကေ့ကော်မြို့သစ်အနီးရှိ တောင်ကုန်းများသို့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

ဓာတ်ပုံ - Cobra Column
ဓာတ်ပုံ – Cobra Column

အဆိုပါတိုက်ခိုက်မှုကြောင့် တောတောင်များ ပျက်စီးမှုဖြစ်ခဲ့သော်လည်း ကော်ဘရာစစ်သည်တော်များ ထိခိုက်ကျဆုံးမရှိကြောင်း အသိပေးထားသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီမှ ကြဲချတိုက်ခိုက်လာသည့် လေလာဉ်ဗုံး အကြွင်းအကျန်များကိုလည်း အများပြည်သူ သိရှိလေ့လာနိုင်ရန်အတွက် ကော်ဘရာစစ်ကြောင်းက ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ထုတ်ပြန်ဖော်ပြခဲ့သည်။

ကော်ဘရာပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ မြ၀တီ – ဝေါ်လေလမ်း အနီးတဝိုက်၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ အောက်တိုဘာ ၂၂ရက်တိုက်ပွဲ၌ စစ်ကောင်စီတပ်က လေးဦး သေဆုံးခဲ့သည်။

အောက်တိုဘာ ၁၉ရက် တိုက်ပွဲတွင်လည်း ကော်ဘရာစစ်ကြောင်းမှ စနိုက်ပါစစ်သည်တော်၏ လက်ချက်ကြောင့် တပ်မ(၄၄)မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦး သေဆုံးခဲ့သည်။

Facebook

You May Also Like

သတင်း

ဖားကန့်မြို့နယ် ကံစီးကျေးရွာပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က ယနေ့(အောက်တိုဘာ ၂၃ရက်)ည ၈နာရီခွဲခန့်တွင် လေကြောင်းမှ လာရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

သတင်း

CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သားမှာ မိုးဗြဲအခြေစိုက် ခမရ(၄၂၂) မိုးဗြဲဆည် ရေထိန်းတံခါးတွင် ကင်းတာဝန်ကျနေစဥ် ထွက်ပြေးလာခဲ့ခြင်းဟု ဆိုသည်။

သတင်း

ပြီးခဲ့သည့် အောက်တိုဘာ ၁၇ရက်ကလည်း မတူပီမြို့နယ် မြို့နယ်ပညာရေးမှူး ဦးတင်လွေးကို ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ကာ ရှင်းလင်းခဲ့ကြောင်း မတူပီ CDFက ထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီဘက်က ထိခိုက်မှုကို အသေးစိတ်မသိရသေးသော်လည်း မြေပြင်တွင် အင်အားအများအပြားတိုးချနေသည်ဟု ဒေသခံများကပြောသည်။