Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မောင်တောမြောက်ပိုင်းတွင် AAနှင့် RSO တိုက်ပွဲဖြစ်

“မောင်တောမြောက်ပိုင်းအစွန်ဆုံး ဘင်္ဂလာ – မြန်မာ နယ်စပ် မိုင်တိုင်(၄၀)ကနေ (၆၄)ကြားမှာ ရှိတဲ့ RSO စခန်းတချို့ကို AAက သိမ်းလိုက်တယ်ကြားတယ်”ဟု ၎င်းက ပြောသည်။

ဓာတ်ပုံ - Mayyu TV News
ဓာတ်ပုံ - Mayyu TV News

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း၌ ရက္ခိုင့်တပ်တော်(AA)နှင့် ရိုဟင်ဂျာညီညွတ်ရေးအဖွဲ့(RSO) တို့ ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရခိုင်ဒေသခံတစ်ဦးက ယနေ့ အောက်တိုဘာ ၂၃ရက်တွင် ပြောသည်။

“မောင်တောမြောက်ပိုင်းအစွန်ဆုံး ဘင်္ဂလာ – မြန်မာ နယ်စပ် မိုင်တိုင်(၄၀)ကနေ (၆၄)ကြားမှာ ရှိတဲ့ RSO စခန်းတချို့ကို AAက သိမ်းလိုက်တယ်ကြားတယ်”ဟု ၎င်းက ပြောသည်။

RSO တပ်ဖွဲ့သည် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်း စစ်ရေးလှုပ်ရှားမှုများ ပိုမို ပြုလုပ်လာသည့် အဖွဲ့ဖြစ်သည်ဟု ဆိုသည်။

ဓာတ်ပုံ - Mayyu TV News
ဓာတ်ပုံ – Mayyu TV News

သို့သော် RSOအဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့မှု အခြေအနေကို AA ဘက်က တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးပေ။

AAနှင့် တိုက်ပွဲဖြစ်ပွားခဲ့မှုနှင့်ပတ်သက်ပြီး ရိုဟင်ဂျာအသိုင်းအဝိုင်းက တိုက်ပွဲသတင်းများ ဖော်ပြထားရာ နယ်စပ်တလျှောက် RSOခြေကုပ်စခန်း ၁၁ခုကို AAက အောက်တိုဘာ ၂၂ရက်တွင် တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့၍ နှစ်ဖက်ထိခိုက်ကျဆုံး များပြားခဲ့သည်ဟု ဆိုသည်။ တိုက်ပွဲအတွင်း RSOအဖွဲ့သား ဆယ်ဂဏန်းခန့် ကျဆုံးခဲ့ပြီး ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ နေရာ ၄ခု၌ တိုက်ခိုက်မှုများ ဆက်ရှိနေကြောင်း သတင်း၌ ဖော်ပြထားပြီး လက်နက် ၉လက် ဆုံးရှုံးခဲ့ရသည်ဟုဆိုသည်။

ဓာတ်ပုံ - Mayyu TV News
ဓာတ်ပုံ – Mayyu TV News

သတင်းနှင့် အတူဖော်ပြခဲ့သည့် ရုပ်သံမှတ်တမ်း၊ ဓာတ်ပုံမှတ်တမ်းတို့၌ အောက်တိုဘာ ၂၂ရက် က ပြုလုပ်ခဲ့သည့် RSO တပ်မှူးတစ်ဦး၏ နာရေးအခမ်းအနားကိုလည်း မြင်တွေ့ရသည်။

Facebook

You May Also Like

သတင်း

စစ်ကောင်စီဘက်က ထိခိုက်မှုကို အသေးစိတ်မသိရသေးသော်လည်း မြေပြင်တွင် အင်အားအများအပြားတိုးချနေသည်ဟု ဒေသခံများကပြောသည်။

သတင်း

မိုးမောက်တိုက်ပွဲတွင် စစ်ကောင်စီဘက်က နှစ်ဦးထက်မနည်းသေဆုံးကြောင်း ကြားသိရသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

သတင်း

ကရင်ပြည်နယ်တွင်တိုက်ပွဲများပြင်းထန်​​​နေပြီး စစ်​ကောင်စီ​ဆေးရုံတွင် ဒဏ်ရာရစစ်သားများဖြင့်ပြည့်​နေ​ကြောင်းလည်းအထက်ပါသတင်းရင်းမြစ်က​ပြောသည်။

သတင်း

"လုံဂျာတောင်ပတ်ဝန်းကျင်မှာ ရှမ်းရွာတွေရှိတယ်။ စစ်ကောင်စီက တိုက်လေယာဉ်လေးစင်းနဲ့ လာပစ်လို့ ရွာသားတွေ ထွက်ပြေးနေရတယ်"ဟု မိုးမောက်မြို့ခံတစ်ဦးက ပြောသည်။