Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုနှင့် မြင်းမူနယ်ရှိ လမ်းပိုင်းအချို့ ယာယီပိတ်

အောက်တိုဘာ ၂၁ ရက်က မြိုင်မြို့နယ် လင်းကတောစခန်းအား ဒေသကာကွယ်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ယာယီပိတ်ထားသည့် ရေစကြိုမြို့နယ်ရှိ အောင်မိုးလမ်းခွဲအား တွေ့ရစဥ်၊ဓာတ်ပုံ - Cj
ယာယီပိတ်ထားသည့် ရေစကြိုမြို့နယ်ရှိ အောင်မိုးလမ်းခွဲအား တွေ့ရစဥ်၊ဓာတ်ပုံ - Cj

မကွေးတိုင်း၊ ရေစကြိုမြို့နယ်နှင့် စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်အတွင်းရှိ လမ်းပိုင်းအချို့အား ဒေသကာကွယ်ရေးအဖွဲ့များက ယာယီပိတ်ထားလိုက်သည်။

ယနေ့(အောက်တိုဘာလ ၂၄ ရက်) နံနက်ပိုင်းမှစတင်ကာ ရေစကြိုမြို့နယ် အောင်မိုးလမ်းခွဲမှ မြိုင်မြို့နယ် လင်းကတော လမ်းပိုင်းအား ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍ နောက်ထပ်ကြေညာချက်တစုံတရာမထုတ်ပြန်မီအထိ အရေးပေါ်လိုအပ်ချက်အရ ယာယီပိတ်ထားလိုက်ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယာယီပိတ်ထားချိန်အတွင်း ကြေညာချက်ပါလမ်းပိုင်းကိုပြည်သူတို့၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့် လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးအတွက်အာမမခံကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

ထို့အပြင် အိမ်စီးကားများ ခရီးသည်တင်ကားများအပါအဝင်မည်သည့်ကားမျှ ဖြတ်သန်းခွင့်ပြုမည်မဟုတ်ဘဲ အရေးပေါ်သွားလာလိုလျှင် မော်တော်ဆိုင်ကယ်ဖြင့်သာ သွားလာကြပါရန်နှင့်အဆိုပါလမ်းပိုင်းကိုလက်ရှိအသုံးပြုလျက်ရှိသော မိမိ၏ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးရန် ရေစကြို(ပကဖ)အဖွဲ့ကမေတ္တာရပ်ခံသည်။

အောက်တိုဘာ ၂၁ ရက်က မြိုင်မြို့နယ် လင်းကတောစခန်းအား ဒေသကာကွယ်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ထီးဆောင်း – အရာတော်လမ်းနှင့် မုံရွာ – မြင်းမူ – မန္တလေးလမ်းများအားအသုံးပြုခြင်းမပြုရန် GTR-MMU အဖွဲ့က မေတ္တာရပ်ခံသတိပေးထားသည်။

အဆိုပါ လမ်းပိုင်းများ၌လည်း စစ်ကောင်စီယာဥ်များဖြတ်သန်းသွားတိုင်း ဒေသကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

Facebook

You May Also Like

သတင်း

ရွှေဘို​ - ညောင်ပင်သာ - ရေဦးလမ်းအား ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးထားသည့်ကြားမှ ဖြတ်သန်းသွားလာသူများရှိနေပြီး မိုင်းပေါက်ကွဲမှုများ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

သတင်း

လမ်းပိုင်းယာယီပိတ်ထားသောလမ်းများသည် စစ်ကောင်စီတပ်များ မကြာခဏဖြတ်သန်းကာ လမ်းတစ်လျှောက်ကျေးရွာများအား ဝင်ရောက်ဖျက်ဆီး မွှေနှောက်လေ့ရှိသည်။

သတင်း

လက်ဖက်ရည်ဆိုင်အတွင်း ပစ်ခတ်တိုက်ခိုက်မှုတွင် မဟာမိတ်ပူးပေါင်းအဖွဲ့က ပစ္စတိုနှင့် လျက်ဆားပုလင်းမိုင်းအား အသုံးပြုခဲ့သည်။

သတင်း

အရေးပေါ် အခြေနေမှလွဲ၍ လမ်းအသုံးပြုမှုကိုယာယီရပ်ဆိုင်းထားရန်နှင့် သွားလာမည်ဆိုပါက နီးစပ်ရာအဖွဲ့များဖြင့် ချိတ်ဆက်သွားလာကြရန်ဝက်လက်နယ်အခြေစိုက် GZ Special Task Force-Wetletက သတိပေးသည်။