Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်ဗုံးကြဲမှုကို တံတားဦး​လေတပ်စခန်းမှ တိုက်​လေယာဥ်သုံးစီး ပြုလုပ်ခဲ့ခြင်းဖြစ်

ဖားကန့်မြို့နယ်မှ​​ဒေသခံများကလည်းယမန်​နေ့ညတွင် တိုက်​လေယာဥ်သုံးစင်းဖြင့်လာ​ရောက်ဗုံကြဲတိုက်ခိုက်ခံရခြင်းဖြစ်​ကြောင်းအတည်ပြု​ပြောကြားသည်။

(တံတားဦး​လေတပ်စခန်းကို Google Map တွင်​တွေ့ရမှု )
(တံတားဦး​လေတပ်စခန်းကို Google Map တွင်​တွေ့ရမှု )

ဖားကန့်မြို့နယ်တွင်ယမန်​နေ့ညက အနုပညာရှင်များအပါအဝင်ပြည်သူဆယ်နှင့်ချီ​​သေဆုံး​စေခဲ့​သော ဗုံကြဲတိုက်ခိုက်မှုကို စစ်​ကောင်စီ၏ တံတားဦး​လေတပ် မှတိုက်​လေယာဥ်သုံးစီးက ပြုလုပ်ခဲ့တာလို့ ​လေ​ကြောင်းသတင်းအချက်အလက်​တွေ​ဖော်ပြ​ပေး​နေတဲ့ ရင်းမြစ်​များထံမှသိရသည်။

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်တွင်KIA ၏တပ်မဟာ ၉ နယ်​မြေတွင်KIOတည်​ထောင်ခြင်း ၆၂ နှစ်​မြောက်အထိန်းအမှတ်​နေ့အကြိုပွဲပြုလုပ်၍​တေးသီချင်းများဖြင့် ဖျော်​ဖြေ​နေစဥ် ယမန်​နေ့ (​အောက်တိုဘာ ၂၃ )ည ၈ နာရီခွဲဝန်းကျင်တွင်စစ်​ကောင်စီတပ်၏ တိုက်​လေယာဥ်သုံးစီးကလာ​ရောက်ဗုံးကျဲခဲ့ခြင်းဖြစ်သည်။အခမ်းအနားအတွင်းဗုံးကျဲတိုက်ခိုက်ခံရသဖြင့်ကချင်တိုင်းရင်းသားနာမည်​ကျော် အနုပညာရှင်များအပါအဝင် ပြည်သူ ၅၀ ​ကျော်​သေဆုံး၍ ၅၀ ခန့်​သေဆုံးခဲ့​ကြောင်း ​​ဒေသခံအချို့က People’s Spring သို့​ပြောသည်။

ဖားကန့်ဗုံးကြဲမှုကို တံတားဦး​လေတပ်စခန်းမှ တိုက်​လေယာဥ်သုံးစီး ပြုလုပ်ခဲ့ခြင်းဖြစ်
ဖားကန့်ဗုံးကြဲမှုကို တံတားဦး​လေတပ်စခန်းမှ တိုက်​လေယာဥ်သုံးစီး ပြုလုပ်ခဲ့ခြင်းဖြစ်

စစ်​ကောင်စီ​၏ ​လေ​ကြောင်းအချက်အလက်များကိုစုစည်း​ဖော်ပြ​ပေး​နေ​သော Enemy Air Route Channel (EAR)၏ အချက်အလက်များအရ တံတားဦးလေတပ်စခန်းမှ ယမန်​နေ့ည ၇ နာရီ ၄၅ မိနစ်တွင်Jet Fighter ၂ စင်း စတင်ထွက်ခွာပျံသန်းလာပြီး ​နောက်သုံးမိနစ်အကြာတွင် ​​အခြားဂျက်ဖိုက်တာတစ်စီးထပ်မံထွက်ခွာလာခဲ့ခြင်းဖြစ်​ကြောင်း​ဖော်ပြထားသည်

အဆိုပါဂျက်ဖိုက်တာသုံးစီးသည် ည ၈ နာရီ ၅ မိနစ်တွင်ထီးချိုင့်မြို့ ကိုဖြတ်သန်း၍ ​မြောက်ဖက်သို့ဆက်လက်ပျံသန်းသွားခဲ့ခြင်းဖြစ်သည်။ထို​​​​နောက် နာရီဝက်ခန့်အကြာတွင် ဖားကန့်မြို့နယ်တွင်ဗုံးကျဲပြီးတံတားဦး​​လေတပ်စခန်းကိုပင် ပြန်သွားခြင်းဖြစ်သည်။

(တံတားဦး​လေတပ်စခန်းကို Google Map တွင်​တွေ့ရမှု )
(တံတားဦး​လေတပ်စခန်းကို Google Map တွင်​တွေ့ရမှု )

ထိုဂျက်ဖိုက်တာ​လေယာဥ်သုံးစင်းသည် ယမန်​နေ့ည ၉ နာရီ ၁၂ မိနစ်တွင်တစ်စီး ၊ ၉ နာရီ ၁၇ မိနစ်တွင်တစ်စီး ၊ ၉ နာရီ ၁၉ မိနစ်တွင်တစ်စီးတံတားဦး​လေတပ်စခန်းသို့ပြန်လည်​ရောင်ရှိခဲ့​ကြောင်းEAR ၏ အချက်အလက်များအရသိရသည်။

ဖားကန့်မြို့နယ်မှ​​ဒေသခံများကလည်းယမန်​နေ့ညတွင် တိုက်​လေယာဥ်သုံးစင်းဖြင့်လာ​ရောက်ဗုံကြဲတိုက်ခိုက်ခံရခြင်းဖြစ်​ကြောင်းအတည်ပြု​ပြောကြားသည်။

(တံတားဦး​လေတပ်စခန်းကို Google Map တွင်​တွေ့ရမှု )
(တံတားဦး​လေတပ်စခန်းကို Google Map တွင်​တွေ့ရမှု )

​စစ်​ကောင်စီတပ်က ​အောက်တိုဘာ ၂၃ ရက်တွင် အထူးစစ်ဆင်​ရေးအဖြစ် တံတားဦး​လေတပ်တွင် ပြင်ဆင်ခဲ့ခြင်းဖြစ်​ကြောင်း​စစ်​ကောင်စီတပ်နှင့်နီးစပ်​သောသတင်းရင်းမြစ်အချို့က​ပြောသည်။ စစ်​ကောင်စီတပ်အတွက် တံတားဦး​လေတပ်စခန်းမှာ အဓိကအကျဆုံး​လေတပ်အ​ခြေစိုက်စခန်းတစ်ခုဖြစ်ပြီး ၊​ ရခိုင်ပြည်နယ်တွင် AA ကို​လေ​ကြောင်းတိုက်ခိုက်ရာတွင် အဓိကတာဝန်ယူတိုက်ခိုက်​နေ​သော​လေတပ်စခန်းဖြစ်သည်။ ယခု​နောက်ပိုင်းတွင် AA ကိုသာမက အထူးစစ်ဆင်​ရေးများတွင် အခြား​ဒေသများကိုပါ ထို​လေတပ်စခန်းမှ တိုက်​လေယာဥ်များက လိုက်လံတိုက်ခိုက်လာခြင်းဖြစ်​ကြောင်း စစ်တပ်တွင်းသတင်းရင်းမြစ်အချို့က​ပြောသည်။

စစ်​ကောင်စီတပ်က ​လေတပ်အထူးစစ်ဆင်​ရေးဇုန်အဖြစ် တံတားဦး​လေတပ်စခန်း၊​မှော်ဘီ​လေတပ်စခန်းနှင့် ​တောင်ငူ​လေတပ်စခန်းတို့ကို ယခုလပိုင်းအတွင်းအသုံးပြု​နေပြီး တံတားဦး​လေတပ်စခန်းတွင် ရုရှား​​လေတပ်မှလေယာဥ်​မောင်းအချို့နှင့်စက်ပြင်ဆရာအချို့ပင် ​ရောက်ရှိ​နေ​ကြောင်းစစ်တပ်သတင်းရင်းမြစ်အချို့က​ပြောသည်။

Facebook

You May Also Like

သတင်း

ပြည်သူလူထုအနေဖြင့် KIOက ခေါ်သည်ဖြစ်စေ ၊ စစ်တပ်က ခေါ်သည်ဖြစ်စေ ခေါ်ပါက သွားရလေ့ရှိကြောင်း အဆိုပါဒေသ အခြေအနေကို ပြောပြသည်။

သတင်း

လေကြောင်းတိုက်ခိုက်ခံရ၍ အသက်ဆုံးရှုံးထိခိုက်ခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ်လည်း ၎င်းတို့၏ Facebook စာမျက်နှာ ပရိုဖိုင်ကို အမည်းရောင်ချိန်းထားသည်။

သတင်း

ဖားကန့်မြို့နယ် ကံစီးကျေးရွာပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က ယနေ့(အောက်တိုဘာ ၂၃ရက်)ည ၈နာရီခွဲခန့်တွင် လေကြောင်းမှ လာရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်အားကောင်းသည့် ဖားကန့်မြို့တွင် စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့က ဒေသခံများအား အကြမ်းဖက်ဖမ်းဆီးမှုများ မကြာခဏပြုလုပ်နေသည်။ ထို့အပြင် ဖားကန့်ဒေသတွင် ရဲတပ်ဖွဲ့ဝင်များလည်း မကြာခဏ တိုက်ခိုက်ခံနေရသည်။