Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်လေကြောင်းတိုက်ခိုက်ခံရမှု ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် KIOက ကချင်အလံကို တစ်ဝက်လွှင့်ထူ

လေကြောင်းတိုက်ခိုက်ခံရ၍ အသက်ဆုံးရှုံးထိခိုက်ခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ်လည်း ၎င်းတို့၏ Facebook စာမျက်နှာ ပရိုဖိုင်ကို အမည်းရောင်ချိန်းထားသည်။

(ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အလံတစ်ဝက်လွှင့်ထူထားစဥ်၊ ဓာတ်ပုံ - မြစ်ကြီးနားဂျာနယ်)
(ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အလံတစ်ဝက်လွှင့်ထူထားစဥ်၊ ဓာတ်ပုံ - မြစ်ကြီးနားဂျာနယ်)

ကချင်တို့နှင့်အတူ ဝမ်းနည်းရကြောင်း ပြည်သူများ၊ PDF အဖွဲ့များဖော်ပြ၊ ရန်သူကို တိုက်ခိုက်ရန် ပိုအားထုတ်ရမည်ဟု ထုတ်ပြန်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့၍ အရပ်သား ပြည်သူများ၊ အနုပညာရှင်များအပါအဝင် လူသေဆုံးထိခိုက်မှု များပြားခဲ့ရသည့် ဖြစ်ရပ်အပေါ် ကချင်တိုင်းရင်းသားများနှင့်အတူ ဝမ်းနည်းကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များက ထုတ်ပြန်သည်။

“စစ်တပ်ရဲ့ ကချင်တို့အပေါ် လူသားအရင်းအမြစ် ပြုန်းတီးအောင် သတ်ဖြတ်မှု အပေါ် လွန်စွာ ဝမ်းနည်းရပါတယ်။ ရန်သူက ရန်သူပီသတယ်။ ကျုပ်တို့ ပိုအားထုတ်ရမယ်။ သွေးကို သွေး၊ချွေးကို ချွေးနဲ့ ပြန်ရွေးမယ်”ဟု ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

လေကြောင်းတိုက်ခိုက်ခံရ၍ အသက်ဆုံးရှုံးထိခိုက်ခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ်လည်း ၎င်းတို့၏ Facebook စာမျက်နှာ ပရိုဖိုင်ကို အမည်းရောင်ချိန်းထားသည်။

(ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အလံတစ်ဝက်လွှင့်ထူထားစဥ်၊ ဓာတ်ပုံ - မြစ်ကြီးနားဂျာနယ်)
(ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အလံတစ်ဝက်လွှင့်ထူထားစဥ်၊ ဓာတ်ပုံ – မြစ်ကြီးနားဂျာနယ်)

အလားတူ ပြည်သူလူထုများစွာကလည်း စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်ခဲ့၍ ထိခိုက်ကျဆုံးခဲ့ရသည့် KIO/KIA အရာရှိ ၊ ရဲဘော်၊ ပြည်သူများ အတွက် ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ရေးသားထားသည့် ကချင်အလံပါ ပရိုဖိုင်ချိန်းပြီး ကချင်တိုင်းရင်းသားတို့နှင့်အတူ ရှိနေကြောင်း ပြသခဲ့သည်။

“ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ် ကချင်သွေးချင်းတို့ရေ” ဟုရေးသားဖော်ပြထားကြသည်။

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူများ၊ အဆိုတော်များ အပါအဝင် လူအများအပြား အသက်ဆုံးရှုံးထိခိုက်ခဲ့ရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး လက်တုန့်ပြန်သွားမည်ဖြစ်ကြောင်း ရေးမြို့နယ် ကာကွယ်ရေးအဖူးအဖွဲ့(YSTF)က ထုတ်ပြန်ကြေညာထားသည်။

(ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အလံတစ်ဝက်လွှင့်ထူထားစဥ်၊ ဓာတ်ပုံ - မြစ်ကြီးနားဂျာနယ်)
(ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အလံတစ်ဝက်လွှင့်ထူထားစဥ်၊ ဓာတ်ပုံ – မြစ်ကြီးနားဂျာနယ်)

“စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သော ဖြစ်စဉ်သည် ဖက်ဒရယ်ဒီမိုကရေစီ အရေးလှုပ်ရှားနေကြသော သွေးချင်းညီအစ်ကို တိုင်းရင်းသားများအပေါ် လူမျိုးတုံးသုတ်သင်ရှင်းလင်းမှု သာဖြစ်သည်” ဟု YSTFက ထုတ်ပြန်ထားပြီး “ ငါ/ရန် ပြတ်ကြလော့၊ နိုးထလော့၊ လုံ့လထကြွရှိကြလော့”ဟု ရေးသားဖော်ပြထားသည်။

ယမန်နေ့ (အောက်တိုဘာ ၂၃ရက်)ညပိုင်း၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ(၉)ဌာနချုပ်နယ်မြေ၌ ပြုလုပ်သည့် KIO အထိမ်းအမှတ်နေ့ အကြို ဂီတပွဲကို စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဆိုတော်များ၊ လုပ်ငန်းရှင်များ၊ ပြည်သူများ၊ KIA စစ်ဘက်တာဝန်ရှိသူများ သေဆုံးထိခိုက်ခဲ့ရပြီး သေဆုံးသူ ၅၀ကျော်ရှိသည်ဟု ကချင်ဒေသခံကပြောသည်။

(ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အလံတစ်ဝက်လွှင့်ထူထားစဥ်၊ ဓာတ်ပုံ - မြစ်ကြီးနားဂျာနယ်)
(ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အလံတစ်ဝက်လွှင့်ထူထားစဥ်၊ ဓာတ်ပုံ – မြစ်ကြီးနားဂျာနယ်)

ထိုသို့ စစ်ကောင်စီ၏ လုပ်ရပ်သည် လူမဆန်သည့် လုပ်ရပ်၊ စစ်ရာဇဝတ်မှု မြောက်သည့်လုပ်ရပ်ဖြစ်သည်ဟု KIO/KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြား သည်။

“ကျွန်တော်တို့ KIO အနေနဲ့ တော့ ဒီနေ့ကတော့ ဝမ်းနည်းတဲ့ အထိမ်းအမှတ်နေ့ သတ်မှတ်ပြီးမှ ကျွန်တော်တို့ ကချင်နိုင်ငံတော် အလံတွေကိုလည်း တစ်ဝက်ပဲ လွှင့်ထူပြီးမှ အလေးပြု ဝမ်းနည်းကြောင်းပေါ့ လေးပြုနေတဲ့နေ့လည်းဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

Facebook

You May Also Like

သတင်း

ပြည်သူလူထုအနေဖြင့် KIOက ခေါ်သည်ဖြစ်စေ ၊ စစ်တပ်က ခေါ်သည်ဖြစ်စေ ခေါ်ပါက သွားရလေ့ရှိကြောင်း အဆိုပါဒေသ အခြေအနေကို ပြောပြသည်။

သတင်း

ဖားကန့်မြို့နယ်မှ​​ဒေသခံများကလည်းယမန်​နေ့ညတွင် တိုက်​လေယာဥ်သုံးစင်းဖြင့်လာ​ရောက်ဗုံကြဲတိုက်ခိုက်ခံရခြင်းဖြစ်​ကြောင်းအတည်ပြု​ပြောကြားသည်။

သတင်း

ဗိုလ်မှူးကြီးနော်ဘူက သေဆုံးထိခိုက် ၃၀ကျော်၊ ၅၀ကျော်၊ ၆၀ကျော် ဟူ၍ သတင်းများ တွေ့ရသော်လည်းအရေအတွက် အတိအကျ အတည်ပြုပေးနိုင်သည့် စာရင်းများမရသေးဟုဆိုသည်။