Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၃၅ဦးခန့်ရှိပြီး ဒဏ်ရာရသူ ၃၆ဦးရှိဟု ကချင်သတင်းရင်း မြစ်ပြော

ပြည်သူလူထုအနေဖြင့် KIOက ခေါ်သည်ဖြစ်စေ ၊ စစ်တပ်က ခေါ်သည်ဖြစ်စေ ခေါ်ပါက သွားရလေ့ရှိကြောင်း အဆိုပါဒေသ အခြေအနေကို ပြောပြသည်။

(စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ပြီးနောက် ပျက်စီးမှုများမြင်တွေ့ရစဉ်)
(စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ပြီးနောက် ပျက်စီးမှုများမြင်တွေ့ရစဉ်)

▪️ဒဏ်ရာရသူများဆေးကုသနိုင်ရေး ကြိုးပမ်းမှု စစ်ကောင်စီတပ် ပိတ်ပင်ထား၊ အလောင်းများ သယ်ယူခွင့်မပေး

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့၍ သေဆုံးသူ ၃၅ဦးခန့်ရှိပြီး ဒဏ်ရာရသူ ၃၆ဦး ရှိကြောင်း ကချင်သတင်းရင်းမြစ်က ယနေ့(အောက်တိုဘာ ၂၄ရက်) ညနေ ၄ နာရီခန့်တွင် ပြောကြားသည်။

အောက်တိုဘာ ၂၃ရက် ညပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၉) ဌာနချုပ်နယ်မြေ၌ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) နေ့ အထိမ်းအမှတ် အခမ်းအနားအကြို ဂီတပွဲပြုလုပ်နေစဉ် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အနုပညာရှင်၊ လုပ်ငန်းရှင်များ၊ ပြည်သူများ၊ KIA စစ်ဘက်တာဝန်ရှိသူများ အပါ အဝင် သေဆုံးသူများပြားခဲ့သည်။

“ကျွန်တော်တို့ သိရသလောက် အခုလောလောဆယ် သေဆုံးတာ ၃၅ဦးလောက်ရှိတယ်။ ခန့်မှန်းပေါ့နော်။ဒဏ်ရာရတာက ၃၆ယောက်”ဟု ကချင် သတင်းရင်းမြစ်က ဖားကန့်ဒေသ လေကြောင်း တိုက်ခိုက်ခံရမှု ထိခိုက်သေဆုံး နောက်ဆုံးအခြေအနေကို ပြောပြသည်။

(စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ပြီးနောက် ပျက်စီးမှုများမြင်တွေ့ရစဉ်)
(စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ပြီးနောက် ပျက်စီးမှုများမြင်တွေ့ရစဉ်)

သေဆုံးသူနှင့် ဒဏ်ရာရသူများတွင် ပြည်သူ မည်မျှပါဝင်သည် KIA စစ်ဘက်တာဝန်ရှိသူ မည် မျှ ပါဝင်သည်ကို အတိအကျ မသိရသေးဟုဒေသခံက ပြောသည်။

“အဆိုတော် အနုပညာအဖွဲ့လည်းပါတယ်။ နောက်ပြီး ရိုးရာအဖွဲ့တွေရောပေါ။ အဲဒီမှာ အထိမ်းအမှတ် ပွဲသဘောအနေနဲ့ ဂေါက်ရိုက်တာလေ။ ဂေါက်ရိုက်ပြီးမှ ရိုးရာဘာသာရေးအရ ဆုတောင်းပွဲလုပ်တဲ့သဘော။အဲဒီမှာ ည ဒင်နာစားတဲ့အချိန်မှာ ဖြစ်သွားတာပေါ့။ ၃၀ကျော်မှာ အရပ်သား ဘယ်နှစ်ယောက် သူတို့ (KIA)စစ်သား ဘယ်နှစ်ယောက်ဆိုတာ ကွဲကွဲ ပြားပြားမသိရသေးဘူး”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် ဒဏ်ရာရလူနားများအားကူညီမှုပေးရန် မြို့ပေါ်ရှိ ကူညီရေးအဖွဲ့များက ကြိုးပမ်းနေသော်လည်း စစ်ကောင်စီတပ်ကခွင့်မပြုဟု ဆိုသည်။

“သွားလာခွင့်လည်းမပေးဘူး။ အလောင်းသွားယူလို့လည်းမရဘူး။ လူနာကို ဒီဘက်မှာ ကူညီဖို့အတွက်ဆိုတာလည်းမရဘူး”ဟု ဒေသခံက ပြောသည်။

ပြည်သူလူထုအနေဖြင့် KIOက ခေါ်သည်ဖြစ်စေ ၊ စစ်တပ်က ခေါ်သည်ဖြစ်စေ ခေါ်ပါက သွားရလေ့ရှိကြောင်း အဆိုပါဒေသ အခြေအနေကို ပြောပြသည်။

“အဲဒီအချိန်မှာ မမျှော်လင့်ဘဲ လက်နက်ကြီးချပြီး သေဆုံးသွားတဲ့သူတွေ နောက်ပြီး ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့အခါ ကျတော့ လူသားချင်းစာနာမှုအနေနဲ့ ခေါ်ယူပြီးမှ ဆေးဝါးကုသခွင့်တော့ ပေးသင့်တာပေါ့”ဟု ကချင်ဒေသခံက ပြောသည်။

Facebook

You May Also Like

သတင်း

ယ‌မန်နေ့(အောက်တိုဘာ ၂၃ရက်)ညနေကလည်း စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ခါနန်ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့သေးသည်။

သတင်း

လေကြောင်းတိုက်ခိုက်ခံရ၍ အသက်ဆုံးရှုံးထိခိုက်ခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ်လည်း ၎င်းတို့၏ Facebook စာမျက်နှာ ပရိုဖိုင်ကို အမည်းရောင်ချိန်းထားသည်။

သတင်း

ဖားကန့်မြို့နယ်မှ​​ဒေသခံများကလည်းယမန်​နေ့ညတွင် တိုက်​လေယာဥ်သုံးစင်းဖြင့်လာ​ရောက်ဗုံကြဲတိုက်ခိုက်ခံရခြင်းဖြစ်​ကြောင်းအတည်ပြု​ပြောကြားသည်။

သတင်း

ဗိုလ်မှူးကြီးနော်ဘူက သေဆုံးထိခိုက် ၃၀ကျော်၊ ၅၀ကျော်၊ ၆၀ကျော် ဟူ၍ သတင်းများ တွေ့ရသော်လည်းအရေအတွက် အတိအကျ အတည်ပြုပေးနိုင်သည့် စာရင်းများမရသေးဟုဆိုသည်။