Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးမောက်မြို့ကို စစ်ကောင်စီတပ် လေကြောင်းမှတိုက်ခိုက်နေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

ယ‌မန်နေ့(အောက်တိုဘာ ၂၃ရက်)ညနေကလည်း စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ခါနန်ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့သေးသည်။

မိုးမောက်မြို့ကို စစ်ကောင်စီတပ် လေကြောင်းမှတိုက်ခိုက်နေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ
မိုးမောက်မြို့ကို စစ်ကောင်စီတပ် လေကြောင်းမှတိုက်ခိုက်နေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

ကချင်ပြည်နယ် မိုးမောက်မြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး မြို့‌‌ပတ်ဝန်းကျင်နေရာအချို့ကို လေကြောင်းမှ တိုက်ခိုက်နေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်သည် မိုးမောက်မြို့နယ်အတွင်း သုံးရက်ဆက်တိုက်ပွဲဖြစ်နေပြီး ယနေ့(အောက်တိုဘာ ၂၄ရက်)နေ့လည် ၁၂နာရီခန့်တွင် မြို့ပေါ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

“မိုးမောက် အထကကျောင်းရှေ့တစ်လုံး၊ခါနန်ရပ်ကွက်မှာတစ်လုံး၊ အဲ့နားက နောင်ပေါင်းကျေးရွာကို သွားတဲ့လမ်းမှာ တစ်လုံး။ စုစုပေါင်း သုံးလုံး ကျတယ်။ တမင်သက်သက် မြို့ထဲကို ပစ်နေတာ စစ်ခွေးတွေက”ဟု မိုးမောက်မြို့ခံတစ်ဦးက ပြောသည်။

ယ‌မန်နေ့(အောက်တိုဘာ ၂၃ရက်)ညနေကလည်း စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ခါနန်ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့သေးသည်။

“ဒီနေ့က လူထိတယ် မကြားသေးဘူး။ မနေ့ကတော့ ဝက်တစ်ကောင်သေတယ်။ လူတွေလည်း မနေရဲကြတော့လို့ ဗန်းမော်မှာ တက်ရှောင်နေကြပြီ”ဟု မြို့ခံတစ်ဦးက ပြောသည်။

KIA၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်သည် မိုးမောက်မြို့နယ်အတွင်း အောက်တိုဘာ ၂၂ရက်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွင် ဓာတုဗုံးအမျိုးအစားကို အသုံးပြုနေကြောင်း ဒေသခံများက သံသယရှိနေသည်။

“တောင်ကြောတွေဘက် ဗုံးကြဲလို့ ပေါက်ကွဲပြီးရင် အနံ့စူးစူးတွေ ထွက် ထွက်လာတယ်။ဓာတုတစ်မျိုးမျိုးပါတယ်လို့ ထင်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် မိုးမောက်မြို့တွင် အရပ်သားနေရာများအား ဦးတည်တိုက်ခိုက်နေသလို ယမန်နေ့ညကလည်း ဖားကန့်မြို့နယ်အတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကချင်တိုင်းရင်သားအချို့ သေဆုံးခဲ့သည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယမန်နေ့ည ၈နာရီခန့်က KIA တပ်မဟာ(၉)နယ်မြေတွင် KIO အထိမ်းအမှတ်နေ့ပွဲ ကြိုကျင်းပနေစဉ် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့၍ သေဆုံးသူ ၃၅ဦးခန့်ရှိပြီး ဒဏ်ရာရသူ ၃၆ဦးရှိကြောင်း ကချင်သတင်းရင်းမြစ်က ယနေ့ (အောက်တိုဘာ ၂၄ရက်) ညနေ ၄ နာရီခန့်တွင် People’s Springသို့ ပြောကြားသည်။

မြေပြင်အခြေအနေများနှင့်ပတ်သက်၍ KIAဘက်က သီးခြားသတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

Facebook

You May Also Like

သတင်း

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကလည်း ယခု ဖြစ်ရပ်အပေါ် သဘောထား ထုတ်ပြန်ခဲ့ရာ စစ်ကောင်စီ၏ လူမဆန်‌သော အကြမ်းဖက်တိုက်ခိုက်မှုကို KNPP အနေဖြင့် ပြင်းပြင်း ထန်ထန် ရှုံ့ချကြောင်းဖော်ပြခဲ့သည်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေတပ်မတော်(KIO/KIA) အထိမ်းအမှတ်နေ့အတွက် အကြိုဂီတပွဲကျင်းပနေစဉ် ယမန်နေ့(အောက်တိုဘာ ၂၃ ရက်)ညပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့၍ ကချင်အနုပညာရှင်၊ လုပ်ငန်းရှင်နှင့် ပြည်သူများ ဒါဇင်နှင့်ချီကာ သေဆုံးထိခိုက်မှုရှိခဲ့သည်။

သတင်း

စစ်ကောင်စီ၏ အပြစ်မဲ့ ပြည်သူလူထုအပေါ် ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများအတွက် ထိုက်သင့်သော ပြစ်ဒဏ် ပေးရေးနှင့် ကျူးလွန်ခံရသူများ ဘက်မှ တရားမျှတမှု ရရှိရန် မျှော်လင့်ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့၏ ဝမ်းနည်းကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။

သတင်း

ဇော်ချောင်းရွာ‌မှ ရွှေဘုန်းတော်တိုးကျန်းမာရေးနှင့် လူမှုကူညီရေးရုံးခန်းနှင့် လူနာတင်ကားတစ်စီးကိုပါ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု Kotaungbo Revolution KTB-Rက သတင်းထုတ်ပြန်ထားသည်။