Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူမြို့နယ်မှ ဇော်ချောင်းရွာကို စစ်ကောင်စီတပ်က ယနေ့ ငါးကြိမ်မြောက် မီးရှို့ဖျက်ဆီး

ဇော်ချောင်းရွာ‌မှ ရွှေဘုန်းတော်တိုးကျန်းမာရေးနှင့် လူမှုကူညီရေးရုံးခန်းနှင့် လူနာတင်ကားတစ်စီးကိုပါ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု Kotaungbo Revolution KTB-Rက သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်က ဇော်ချောင်းကျေးရွာအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - Kotaungbo Revolution KTB-R
စစ်ကောင်စီတပ်က ဇော်ချောင်းကျေးရွာအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - Kotaungbo Revolution KTB-R

အကြိမ်ကြိမ်မီးရှို့ခံခဲ့ရသောကြောင့် အိမ်ခြေ ၃၀ခန့်သာရှိတော့သည့် ကန့်ဘလူမြို့နယ်မှ ဇော်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ထပ်မံ မီးရှို့ဖျက်ဆီးနေသည်။

ဇော်ချောင်းကျေးရွာကို ယနေ့(အောက်တိုဘာလ ၂၄ရက်) နံနက် ၁၁နာရီခွဲခန့်မှစတင်၍ စစ်ကောင်စီစစ်ကြောင်းတစ်ခုက ဝင်ရောက်မီးရှို့နေခြင်းဟု ကန့်ဘလူမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

“ငါးကြိမ်မြောက် မီးလာရှို့နေပြီ။တစ်ရွာလုံး ပြာကျမှ ကျေနပ်မယ့်ပုံပဲ”ဟု ဇော်ချောင်းရွာ ဒေသခံအမျိုးသမီးတစ်ဦးက ပြေသည်။

ဇော်ချောင်းကျေးရွာသည် အိမ်ခြေနှစ်ရာခန့်ရှိသော ရွာဖြစ်ပြီး ၂၀၂၁ ဇူလိုင်ကတွင် စစ်ကောင်စီက ပထမဆုံးအကြိမ် မီးရှို့ဖျက်ဆီးခဲ့သည်။ ယင်းနောက်ပိုင်းတွင် မကြာခဏ မီးလာရှို့ပြီး ယခုအခါ ငါးကြိမ်မြောက်မီးရှို့ဖျက်ဆီးခံရခြင်းဟု ဒေသခံများက ပြောသည်။

ဇော်ချောင်းရွာ‌မှ ရွှေဘုန်းတော်တိုးကျန်းမာရေးနှင့် လူမှုကူညီရေးရုံးခန်းနှင့် လူနာတင်ကားတစ်စီးကိုပါ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု Kotaungbo Revolution KTB-Rက သတင်းထုတ်ပြန်ထားသည်။

ဇော်ချောင်းကျေးရွာကို မီးရှို့ဖျက်ဆီးသွားသည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ ညနေပိုင်းတွင် အလယ်ခုံရွာသို့ ဆက်လက်ဝင်ရောက်သွားကြောင်း Kotaungbo Revolution KTB-Rကသတိပေးထားသည်။

Facebook

You May Also Like

သတင်း

စစ်ကောင်စီ၏ အပြစ်မဲ့ ပြည်သူလူထုအပေါ် ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများအတွက် ထိုက်သင့်သော ပြစ်ဒဏ် ပေးရေးနှင့် ကျူးလွန်ခံရသူများ ဘက်မှ တရားမျှတမှု ရရှိရန် မျှော်လင့်ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့၏ ဝမ်းနည်းကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။

သတင်း

ယ‌မန်နေ့(အောက်တိုဘာ ၂၃ရက်)ညနေကလည်း စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ခါနန်ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့သေးသည်။

သတင်း

လူထုလူတန်းစားအဖွဲ့အစည်း အသီးသီး အနေဖြင့်လည်း နည်းလမ်းပေါင်းစုံဖြင့် အဆိုပါလုပ်ရပ်အား ဆန့်ကျင်ကြောင်း တောင်းဆိုလှုံ့ဆော်မှုများ ပြုလုပ်ပေးကြရန် NUG က တိုက်တွန်းသည်။

သတင်း

ဗိုလ်မှူးကြီးနော်ဘူက သေဆုံးထိခိုက် ၃၀ကျော်၊ ၅၀ကျော်၊ ၆၀ကျော် ဟူ၍ သတင်းများ တွေ့ရသော်လည်းအရေအတွက် အတိအကျ အတည်ပြုပေးနိုင်သည့် စာရင်းများမရသေးဟုဆိုသည်။