Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အရပ်သားပြည်သူများကို အကာအကွယ်ပေးရန် တာဝန်ရှိမှုကို မြန်မာစစ်တပ်အလေးမထားဟု နိုင်ငံတကာသံတမန်များ ပူးတွဲကြေညာ

မြန်မာနိုင်ငံတွင်းနှင့် ဒေသတွင်းကြုံတွေ့နေရသော အကျပ်အတည်းနှင့် မတည်ငြိမ်မှုများအတွက် စစ်အာဏာရှင်အဖွဲ့အစည်းတွင် တာဝန်ရှိကြောင်း နိုင်ငံပေါင်း ၁၅ နိုင်ငံမှ သံအမတ်ကြီးများ၊ သံရုံးတာ၀န်ခံများနှင့် ဥရောပသမဂ္ဂမစ်ရှင်အကြီးအကဲတို့က ကြေညာခြင်းဖြစ်သည်။

(စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ပြီးနောက် ပျက်စီးနေမှုမြင်ကွင်အား တွေ့ရစဉ်)
(စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ပြီးနောက် ပျက်စီးနေမှုမြင်ကွင်အား တွေ့ရစဉ်)

မြန်မာစစ်တပ်သည် အရပ်သားပြည်သူများကို အကာအကွယ်ပေးရန် တာဝန်ရှိမှုကို အလေးမထားကြောင်း နိုင်ငံတကာသံတမန်များက ယနေ့ ပူးတွဲကြေညာသည်။

မြန်မာနိုင်ငံတွင်းနှင့် ဒေသတွင်းကြုံတွေ့နေရသော အကျပ်အတည်းနှင့် မတည်ငြိမ်မှုများအတွက် စစ်အာဏာရှင်အဖွဲ့အစည်းတွင် တာဝန်ရှိကြောင်း နိုင်ငံပေါင်း ၁၅ နိုင်ငံမှ သံအမတ်ကြီးများ၊ သံရုံးတာ၀န်ခံများနှင့် ဥရောပသမဂ္ဂမစ်ရှင်အကြီးအကဲတို့က ကြေညာခြင်းဖြစ်သည်။

မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်လူထုစုဝေးမှုတစ်ခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းကြောင့် လူအများအပြား အသက်ဆုံးရှုံးကြရသည့်သတင်းကို မိမိတို့ကြားသိရပြီး အဆင်ခြင်မဲ့တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သားများ ထိခိုက်ခြင်း၊ အတိဒုက္ခခံစားရခြင်းများ နိုင်ငံတဝန်းဖြစ်ပေါ်လျက်ရှိကြောင်း ပူးတွဲကြေညာချက်၌ ဖော်ပြသည်။

ကချင်ပြည်နယ် ဖားကန့်၌ စစ်တပ်က လေကြောင်းမှတိုက်ခိုက်မှုနှင့်ပတ်သက်၍ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများကို အကာအကွယ်ပေးရန်လုပ်ဆောင်ရမည်ဖြစ်ပြီး မြန်မာစစ်တပ်ခေါင်းဆောင်များကို တရားမျှတမှုအတွက် စီရင်ခြင်းပြုရမည်ဟု ကုလသမဂ္ဂကျွမ်းကျင်သူများနှင့်ဖွဲ့စည်းထားသော မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ(SAC-M)က ထုတ်ပြန်တောင်းဆိုထားသည်။

Facebook

You May Also Like

သတင်း

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကလည်း ယခု ဖြစ်ရပ်အပေါ် သဘောထား ထုတ်ပြန်ခဲ့ရာ စစ်ကောင်စီ၏ လူမဆန်‌သော အကြမ်းဖက်တိုက်ခိုက်မှုကို KNPP အနေဖြင့် ပြင်းပြင်း ထန်ထန် ရှုံ့ချကြောင်းဖော်ပြခဲ့သည်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေတပ်မတော်(KIO/KIA) အထိမ်းအမှတ်နေ့အတွက် အကြိုဂီတပွဲကျင်းပနေစဉ် ယမန်နေ့(အောက်တိုဘာ ၂၃ ရက်)ညပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့၍ ကချင်အနုပညာရှင်၊ လုပ်ငန်းရှင်နှင့် ပြည်သူများ ဒါဇင်နှင့်ချီကာ သေဆုံးထိခိုက်မှုရှိခဲ့သည်။

သတင်း

လူထုလူတန်းစားအဖွဲ့အစည်း အသီးသီး အနေဖြင့်လည်း နည်းလမ်းပေါင်းစုံဖြင့် အဆိုပါလုပ်ရပ်အား ဆန့်ကျင်ကြောင်း တောင်းဆိုလှုံ့ဆော်မှုများ ပြုလုပ်ပေးကြရန် NUG က တိုက်တွန်းသည်။

သတင်း

စစ်တပ်၏ လူမဆန်သော တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများ၊ မိသားစုဝင်များ၊ ကချင်တိုင်းရင်းသားပြည်သူများနှင့်အတူ ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်းနှင့် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီက စနစ်တကျ ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှုများအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြသည်။