Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖရူဆိုမြို့မရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲနေရာများကို တိုက်ခိုက်၊ နှစ်ဖက်ထိခိုက်မှုရှိ

၁နာရီကျော်ကြာမြင့်ခဲ့သည့် ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ တစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူအများအပြားရှိကြောင်း ဖော်ပြသည်။

ဓာတ်ပုံ - KNDF
ဓာတ်ပုံ - KNDF

ဖရူဆိုမြို့မရဲစခန်းအပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်စွဲနေရာများကို ဝင်တိုက်ရာနှစ်ဖက်ကျဆုံးထိခိုက်မှုရှိခဲ့ကြောင်း ကရင်နီအမျိုး သားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၁၅က ယနေ့(အောက်တိုဘာ ၂၄ ရက်)ထုတ်ပြန် သည်။

တိုက်ပွဲဖြစ်စဥ်အရ အောက်တိုဘာ ၂၂ ရက် ညနေပိုင်းတွင် ဖရူဆိုမြို့မရဲစခန်းရှိ စစ်ကောင်စီတပ်နှင့် အင်အား ၃၀ကျော်ဖြင့် တပ်စွဲထားသည့် ထီးကလူဒေါ ကျေးရွာရှိစစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - KNDF
ဓာတ်ပုံ – KNDF

၁နာရီကျော်ကြာမြင့်ခဲ့သည့် ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ တစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူအများအပြားရှိကြောင်း ဖော်ပြသည်။

ထို့အပြင် တိုက်ပွဲများတွင် ဖရူဆိုမြို့အခြေစိုက် စစ်ကောင်စီတပ်မှလည်း လက်နက်ကြီးများ အများအပြား ပစ်ကူခဲ့ကြောင်း အသိပေးသည်။

Public Service Announcement
Public Service Announcement

အဆိုပါ လက်နက်ကြီးကျည်ကြောင့် ကရင်နီပူးပေါင်းတပ်ဖွဲ့၏ ဝံပုလွေပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

ဓာတ်ပုံ - KNDF
ဓာတ်ပုံ – KNDF

အဆိုပါတိုက်ပွဲများတွင် KNDF တပ်ရင်း (၁၅)၊ တပ်ရင်း (၄)၊ ကရင်နီတပ်မတော် (KA)နှင့် ဝံပုလွေ​ပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“အခု ရဲဘော်တစ်ဦးအပါအဝင် ကရင်နီဒေသ တွင်း အခုလတိုက်ပွဲတွေမှာ ကျဆုံးခဲ့ရတဲ့ ရဘော် ငါးယောက်လောက်ရှိတယ်။ဒါကလည်း နေရာစုံမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာ တွေကို ဝင်တိုက်နေတာလည်းပါသလို ခုခံမှုတွေမဇာ ပေးဆပ် နေရတာပေါ့”ဟု ကရင်နီဒေသစစ်ရေး သတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ဓာတ်ပုံ - KNDF
ဓာတ်ပုံ – KNDF

အကြမ်းဖက်စစ်ကောင်စီက နေ့စဥ်လက်နက်ကြီးများအသုံးပြု၍ လွိုင်ကော်၊ဒီးမော့ဆိုနှင့် မိုးဗြဲ မြို့များသို့ ဦးတည်၍ ပစ်ခတ်မှုများရှိနေ ကြောင်းလည်း ၎င်းက ဆိုသည်။

အဆိုပါပစ်ခတ်မှုများကြောင့် ယမန်နေ့ ညပိုင်းက လွိုင်ကော်မြို့၊ကုန်းသာကျေးရွာမှ ပြည်သူဇနီးမောင်နှံနှစ်ဦး သေဆုံးခဲ့ရသည်။

Facebook

You May Also Like

သတင်း

အဆိုပါ ယာဉ်သည် နံနက်ပိုင်းက ပြည်သူ့ရဲဘော် များက စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့သည့်ကားဖြစ် ကြောင်း၊ မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ် က လိုက်လံပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က ဆိုသည်။

သတင်း

စစ်ကောင်စီ၏ အပြစ်မဲ့ ပြည်သူလူထုအပေါ် ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများအတွက် ထိုက်သင့်သော ပြစ်ဒဏ် ပေးရေးနှင့် ကျူးလွန်ခံရသူများ ဘက်မှ တရားမျှတမှု ရရှိရန် မျှော်လင့်ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့၏ ဝမ်းနည်းကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။

သတင်း

ဇော်ချောင်းရွာ‌မှ ရွှေဘုန်းတော်တိုးကျန်းမာရေးနှင့် လူမှုကူညီရေးရုံးခန်းနှင့် လူနာတင်ကားတစ်စီးကိုပါ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု Kotaungbo Revolution KTB-Rက သတင်းထုတ်ပြန်ထားသည်။

သတင်း

ယ‌မန်နေ့(အောက်တိုဘာ ၂၃ရက်)ညနေကလည်း စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ခါနန်ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့သေးသည်။