Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာရှင်တော်လှန်ရေးအရှိန်မြှင့်ရန် ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု ဖွဲ့စည်း

တော်လှန်ရေးကို အင်အားစုကြီးတစ်ရပ်ဖြင့် ပိုမိုအရှိန်ဟုန်မြှင့်လုပ်ဆောင်နိုင်ရန်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ များအကြား အချင်းအချင်း ကူညီရိုင်းပင်း၍ စစ်ဆင်ရေးများကိုပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန်လည်း ဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်ထားသည်။

စစ်အာဏာရှင်တော်လှန်ရေးအရှိန်မြှင့်ရန် ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု ဖွဲ့စည်း
စစ်အာဏာရှင်တော်လှန်ရေးအရှိန်မြှင့်ရန် ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု ဖွဲ့စည်း

စစ်အာဏာရှင်တော်လှန်ရေး အရှိန်မြှင့်ရန် ရှမ်းပြည်နယ်(တောင်ပိုင်း)ဒေသခံတော်လှန်ရေးတပ်ပေါင်းစု ဖွဲ့စည်းလိုက်‌ကြောင်း တော်လှန်ရေးအင်အားစုများက ယနေ့ ထုတ်ပြန်သည်။

ရှမ်းပြည်နယ်တောင်ပိုင်းမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်သော Force 36 Ranger၊Joe Phyu Guerillas Force၊YE-NGAN Urban Guerillas၊Urban Task Force- Aung Banနှင့်Red Ants Guerillas Forceတို့ စုစည်းကာ ရှမ်းပြည်နယ် တောင်ပိုင်းဒေသခံတော်လှန်ရေးတပ်ပေါင်းစုကို ဖွဲ့စည်းလိုက်‌ခြင်းဖြစ်သည်။ အဆိုပါ သတင်းကို ယနေ့(အောက်တိုဘာ ၂၄ရက်) အတည်ပြုထုတ် ပြန်ထားသည်။

စစ်အာဏာရှင်တော်လှန်ရေးအရှိန်မြှင့်ရန် ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု ဖွဲ့စည်း
စစ်အာဏာရှင်တော်လှန်ရေးအရှိန်မြှင့်ရန် ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု ဖွဲ့စည်း

ရှမ်းပြည်(တောင်ပိုင်း)မှ ဒေသခံတော်လှန်ရေးအင်အားစု(Local PDF) များနှင့် မြို့ပြပြောက်ကျားတပ်ဖွဲ့ (UG) တို့ကို တစ်စုတစည်းတည်းစုစည်း၍ ဒေသခံတော်လှန်ရေးတပ်ပေါင်းစုအဖြစ် အဖွဲ့တာဝန်ခံများ တွေ့ဆုံဆွေးနွေးခဲ့ပြီး ယင်းကဲ့သို့ စုစည်းလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

တော်လှန်ရေးကို အင်အားစုကြီးတစ်ရပ်ဖြင့် ပိုမိုအရှိန်ဟုန်မြှင့်လုပ်ဆောင်နိုင်ရန်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ များအကြား အချင်းအချင်း ကူညီရိုင်းပင်း၍ စစ်ဆင်ရေးများကိုပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန်လည်း ဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းချိတ်ဆက်ပြီး စစ်ရေးများပူးပေါင်းလုပ်ဆောင်နိုင်ရန်အတွက် ဗဟိုကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းခဲ့ကြသည်။

“ဘာပဲဖြစ်ဖြစ် အားလုံးစုစည်းမိတာကောင်းပါတယ်။သူတစ်လူ ငါတစ်မင်း မဖြစ်ဖို့နဲ့ အမိန့်တစ်ခုတည်းအောက်မှာသွားရင် စစ်အာဏာရှင်တော်လှန်ရေးအတွက် ပိုအဆင်ပြေတယ်။ မြန်မြန်ပြီးချင်ရင်တော့အားလုံး အမြန် အတူတကွပူးပေါင်းတိုက်ထုတ်ရမယ်”ဟု ရှမ်းပြည်(တောင်ပိုင်း)ဒေသခံတော်လှန်ရေးတပ်ပေါင်းစုနှင့် မဟာမိတ်ဖြစ်သော ပြည်သူ့ကာကွယ်ရေးအဖွဲ့တဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းမှ အခြား‌သောတော်လှန် ရေးအင်အားစုများအနေဖြင့်လည်း စစ်ရေးများကို အရှိန်မြှင့်ဖော်ဆောင်နိုင်ရန် အတွက်ပူးပေါင်းပါဝင်ကြရန် ရှမ်းပြည်(တောင်ပိုင်း)ဒေသခံတော်လှန်ရေးတပ်ပေါင်းစုက ဖိတ်ခေါ်ထားသည်။

Facebook

You May Also Like

သတင်း

ယ‌မန်နေ့(အောက်တိုဘာ ၂၃ရက်)ညနေကလည်း စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ခါနန်ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့သေးသည်။

သတင်း

ဗိုလ်မှူးကြီးနော်ဘူက သေဆုံးထိခိုက် ၃၀ကျော်၊ ၅၀ကျော်၊ ၆၀ကျော် ဟူ၍ သတင်းများ တွေ့ရသော်လည်းအရေအတွက် အတိအကျ အတည်ပြုပေးနိုင်သည့် စာရင်းများမရသေးဟုဆိုသည်။

သတင်း

စစ်ကောင်စီအနေဖြင့် ပြည်သူအပေါ် ကျူးလွန်ခြင်းအား ဝန်ခံမည်မဟုတ်ဘဲ အသံကောင်းဟစ်နေလိမ့်မည်ဟုလည်း ကိုလင်းထက်အောင်က ပြောသည်။

သတင်း

စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်ဖွဲ့များသည် အောက်တိုဘာ(၁၃)ရက်မှ (၁၅)ရက်နေ့များတွင် ထိတွေ့ပစ်ခတ်မှုများရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။