Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖရူဆိုမြို့အနီးရှိ နေအိမ်များနှင့် ဘာသာရေးအဆောက်အဦးများကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

အောက်တိုဘာ ၂၂ ရက်က ဖရူဆိုမြို့မရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲနေရာများကို တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ထုတ်ပြန်ထားသည်။

(PDF ဖရူဆိုမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - PDF Hpruso)
(PDF ဖရူဆိုမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - PDF Hpruso)

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့အနီးရှိ နေအိမ်များနှင့် ဘာသာရေးအဆောက်အဦးများကို အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေကြောင်း PDF ဖရူဆိုက ယနေ့(အောက်တို ဘာ ၂၅ ရက်) အသိပေး ထုတ်ပြန်သည်။

ထို့ကြောင့် ကင်းထောက်၊ကင်းစောင့်မှုများဖြင့် နေ့ညမပြတ် အသင့်လုံခြုံရေးယူထားသည်ဟု အသိပေးသည်။

“ဖရူဆိုမှာက လွန်ခဲ့တဲ့သုံးရက်လောက်က တိုက်ပွဲ ပြင်းထန်ထားတယ်။ပြီးတော့ အရင်လပိုင်းက တည်းက တိုက်ပွဲတော်တော်ဖြစ်ခဲ့တယ်။နောက်တစ်ခုက သူတို့ ဘက်က စစ်ကြောင်းထွက်ချင်လို့ နယ်မြေရှင်းတဲ့ ပုံစံမျိုးနဲ့ ပစ်ခတ်တာမျိုးလို့ ယူဆနိုင်တယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

အောက်တိုဘာ ၂၂ ရက်က ဖရူဆိုမြို့မရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲနေရာများကို တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ တစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူအများအပြားရှိပြီး လက်နက်ကြီးကျည်ကြောင့် ကရင်နီပူးပေါင်းတပ်ဖွဲ့၏ ဝံပုလွေပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒီးမော့ဆို – ဖရူဆို လမ်းမကြီးကို ထိန်းချုပ်ရန်ကြိုးပမ်းနေပြီး ယခင်လအတွင်း၌ပင် ဖရူဆိုမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ ၁၄ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။

Facebook

You May Also Like

သတင်း

အာဏာရှင်စစ်ကောင်စီတပ်၏ ရက်စက်ကြမ်းကြုတ်သည့် ရွံရှာဖွယ် လုပ်ရပ်ကို ဖိနှိပ်ခံပြည်သူများ၏ သမိုင်းမှတ်ကျောက်အဖြစ် မှတ်တမ်းတင်ထားရန် KIO က တိုက်တွန်းသည်။

သတင်း

၁နာရီကျော်ကြာမြင့်ခဲ့သည့် ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ တစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူအများအပြားရှိကြောင်း ဖော်ပြသည်။

သတင်း

စစ်ကောင်စီ၏ အပြစ်မဲ့ ပြည်သူလူထုအပေါ် ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများအတွက် ထိုက်သင့်သော ပြစ်ဒဏ် ပေးရေးနှင့် ကျူးလွန်ခံရသူများ ဘက်မှ တရားမျှတမှု ရရှိရန် မျှော်လင့်ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့၏ ဝမ်းနည်းကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။

သတင်း

ဇော်ချောင်းရွာ‌မှ ရွှေဘုန်းတော်တိုးကျန်းမာရေးနှင့် လူမှုကူညီရေးရုံးခန်းနှင့် လူနာတင်ကားတစ်စီးကိုပါ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု Kotaungbo Revolution KTB-Rက သတင်းထုတ်ပြန်ထားသည်။