Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘောလုံးတွင် မင်းအောင်လှိုင်ရုပ်ပုံကပ် ကန်ခဲ့သည့် ယင်းမာပင်နယ် ကျောင်းသားအားကစားပွဲ

ယင်းအားကစားပွဲတော်ကို အောက်တိုဘာ ၁၉ ရက်မှ ၂၃ ရက် အထိ (၅)ရက်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၁၀၀ ခန့် ပါဝင်ခဲ့သည်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီ
ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လမ်းညွှန်မှုဖြင့် ဖွင့်လှစ်သင်ကြားနေသည့် စာသင်ကျောင်း၌ ကြားကာလပညာသင်နှစ်အတွင်း ကျောင်းသားအားကစားပွဲတော် ပြုလုပ်ခဲ့သည်။

ယင်းအားကစားပွဲတော်ကို အောက်တိုဘာ ၁၉ ရက်မှ ၂၃ ရက် အထိ (၅)ရက်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၁၀၀ ခန့် ပါဝင်ခဲ့သည်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီ
ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီ

အဆိုပါ ကျောင်းသား ဘောလုံးအားကစားပွဲတွင် အကြမ်းဖ​က်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရုပ်ပုံကို ဘောလုံးတွင် ကပ်၍ ကန်ခဲ့သည့် ဘောလုံးပြိုင်ပွဲ အပါအဝင် အားကစားနည်း(၁၇)မျိုးခန့်ထည့်သွင်း ကျင်းပခဲ့သည်။

” ဒီနှစ်မှာ ထူးထူးခြားခြားအနေနဲ့တော့ စစ်အာဏာရှင်ဖီဆန်ရေးကျောင်း ဖြစ်တဲ့အတွက် အကြမ်းဖက်စစ်ခေါင်းဆောင် ရဲ့ ပုံကို ဘောလုံးမှာ ကပ်ပြီး ဝိုင်းကန်ခဲ့ကြပါတယ် “ဟု ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် ယင်းအားကစားပွဲ ဖွင့်ပွဲနေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ဖွင့်ခဲ့ပြီး ပိတ်ပွဲနေ့တွင်လည်း “ကမ္ဘာမကြေဘူး” သီချင်းသီဆိုကာ ကြွေးကြော်သံများနှင့်အတူ အားကစားပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း ပြိုင်ပွဲကျင်းပရေးက ဆိုသည်။

NUG ၏ လမ်းညွှန်မှုဖြင့် ဖွင့်လှစ်ထားသည့် အဆိုပါ စာသင်ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသားအရေအတွက် ၁၀၀ခန့်ရှိပြီး ဆရာ၊ဆရာမ ၂၉ဦးဖြင့် ပညာသင်ကြားနေကြောင်း သိရသည်။

Facebook

You May Also Like

သတင်း

စစ်တပ်အာဏာသိမ်းပြီး ၄ရက်အကြာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က မန္တလေးဆေးတက္ကသိုလ်ရှေ့မှာ ဒေါက်တာတေဇာဆန်းဦးဆောင်ပြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာပါ။

သတင်း

အလှည့်ကျဥက္ကဌကမ္ဘောဒီးယားသည် မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့်မသက်ဆိုင်သောကိုယ်စားလှယ်ကိုသာ တက်ရောက်ရန် ဖိတ်ကြားမည်ဟု ဆိုသည်။

သတင်း

စက်တင်ဘာ ၁၆ရက်တွင် ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာတွင် ဒေသခံများဖွင့်လှစ်ထားသော စာသင်ကျောင်းအား အကြမ်းဖက်စစ်အုပ်စုက စစ်ဆင်ရေးအဖြစ် ပစ်မှတ်ပြုလုပ်၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

သတင်း

ကျောင်းသူ၊ ကျောင်းသားကလေးငယ် ၁၁ဦးကို အသက်ဆုံးရှုံးမှုဖြစ်ပွားခဲ့သည့် မြန်မာစစ်တပ်၏ တိုက်ခိုက်မှုအပါအဝင် အခြားတိုက်ခိုက်မှုအားလုံးကို ကနေဒါက အပြင်းထန်ဆုံးရှုတ်ချကြောင်း ယနေ့ထုတ်ပြန်သည်။