Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝမ်းတွင်းမြို့တွင် စစ်ကောင်စီတပ်က NLD အမာခံများနှင့် ပြည်သူများ ဖမ်းဆီးငွေညှစ်နေ

မန္တလေးတိုင်းအတွင်းရှိ NLD ပါတီဝင်များနှင့် NLDအမာခံများကို စစ်ကောင်စီလက်အောက်ခံသွေးသောက်အဖွဲ့များက ဖမ်းဆီးသတ်ဖြတ်ခြင်းများလည်း ဖြစ်ပေါ်နေသည်။

ဝမ်းတွင်းမြို့တွင် စစ်ကောင်စီတပ်က NLD အမာခံများနှင့် ပြည်သူများ ဖမ်းဆီးငွေညှစ်နေ
ဝမ်းတွင်းမြို့တွင် စစ်ကောင်စီတပ်က NLD အမာခံများနှင့် ပြည်သူများ ဖမ်းဆီးငွေညှစ်နေ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီတပ်က NLDပါတီအမာခံများနှင့် ပြည်သူများအား တရားမဲ့ဖမ်းဆီးပြီး ငွေညှစ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်က ဝမ်းတွင်းမြို့မရဲစခန်း ယာယီစခန်းမှူးနှင့် အောက်တိုဘာ ၁၇ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူးတို့ သုတ်သင်ရှင်းလင်းခံရပြီးနောက် စစ်ကောင်စီတပ်က ဖမ်းဆီးမှုများ ပိုမိုပြုလုပ်လာခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဝမ်းတွင်းမြို့နယ်တွင် တစ်ရက်လျှင် ဒေသခံ ခုနစ်ဦးခန့်ဖမ်းဆီးခံနေရပြီး လက်ရှိ ၉၀ ကျော် ဖမ်းဆီးခံထားရကြောင်း၊ အချို့မှာ ကျပ် ၅သိန်းပေးဆောင်၍ ပြန်လွတ်လာသ​ည်ဟု Voice Of Wundwin အဖွဲ့က ဆိုသည်။

” NLD အမာခံတွေကိုပဲရွေးပြီးဖမ်းကြတယ်။ ပိုက်ဆံရှိရင်ရှိသလို ငွေအများကြီးပေးရတယ်။ တချို့ဆို ၁၉သိန်း။ အပြစ်မဲ့ပြည်သူတွေကို အကြောင်းပြချက်အမျိုးမျိုးနဲ့အကုန်ဖမ်းတာ သဲလွန်စမရရင် ငွေရမယ်ဆိုပြီး လုပ်နေတာ တစ်ရက်ကို ပျမ်းမျှ ခုနစ်ယောက်နှုန်းဖမ်းပါတယ်။”ဟု Voice Of Wundwin အဖွဲ့ဝင်တစ်ဦးက ပြောသည်။

NLDပါတီ အမာခံများအပြင် လမ်းသွား၊လမ်းလာလူငယ်များကိုလည်း ဖမ်းဆီးရိုက်နှက်ခြင်း၊ စစ်ကြောရေးသို့ပို့ဆောင်ခြင်းများ ပြုလုပ်နေကြောင်း ​ဒေသခံများက ပြောသည်။

“တချို့အပြစ်မရှိတဲ့သူတွေ ယောက်ျားလေးတွေဆို ဖုန်းထဲမှာ နိုင်ငံရေးနဲ့ပတ်သတ်တာတစ်ခုခုတွေ့လိုက်တာနဲ့ အဲ့ကလေးကို နေရာတင် လက်ပြန်ကြိုးတုတ်ပြီးရိုက်တာ။ ပြီးရင် ဖုန်းထဲမှာရှိတဲ့နံပတ်အကုန်ခေါ်ပြီး တစ်ယောက်ချင်းခေါ်ခိုင်းတာ။ တချို့တွေဆိုစစ်ကြောရေးထိရောက်သွားကြတယ်။ ကျွန်တော်တို့သတင်းရသလောက်တော့ ၈ ယောက်လောက် စစ်ကြောရေးကိုရောက်တယ်။”ဟု ဝမ်းတွင်းနယ်ခံတစ်ဦးက ပြောသည်။

မန္တလေးတိုင်းအတွင်းရှိ NLD ပါတီဝင်များနှင့် NLDအမာခံများကို စစ်ကောင်စီလက်အောက်ခံသွေးသောက်အဖွဲ့များက ဖမ်းဆီးသတ်ဖြတ်ခြင်းများလည်း ဖြစ်ပေါ်နေသည်။

ဝမ်းတွင်းမြို့နယ်သည် စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်မှုအားကောင်းသော ဒေသတစ်ခုဖြစ်သည်။

Facebook

You May Also Like

သတင်း

Myanmar Defense Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက လည်း"အဲဘက် စခန်းစီးခံရတယ် သတင်းကြားမိတယ်ဗျ။ ကျွန်တော်တို့ဘက်ကဆို အရှေ့ဘက်ကျမယ်ဗျ။"ဟု ပြောသည်။

သတင်း

အာဏာရှင်စစ်ကောင်စီတပ်၏ ရက်စက်ကြမ်းကြုတ်သည့် ရွံရှာဖွယ် လုပ်ရပ်ကို ဖိနှိပ်ခံပြည်သူများ၏ သမိုင်းမှတ်ကျောက်အဖြစ် မှတ်တမ်းတင်ထားရန် KIO က တိုက်တွန်းသည်။

သတင်း

အောက်တိုဘာ ၂၂ ရက်က ဖရူဆိုမြို့မရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲနေရာများကို တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ထုတ်ပြန်ထားသည်။

သတင်း

၁နာရီကျော်ကြာမြင့်ခဲ့သည့် ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ တစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူအများအပြားရှိကြောင်း ဖော်ပြသည်။