Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်ကော်မြို့တွင် ကင်းလှည့်နေသည့်နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရ

နယ်ထိန်းရဲ သန့်ဇော်ဦးသည် ယနေ့ (အောက်တိုဘာ ၂၅ ရက်) နံနက် ၁၀နာရီခွဲခန့်က ပန်ကန်းရပ်ကွက်အတွင်းမှာ ပစ်သတ်ခံရမှုဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

လွိုင်ကော်မြို့တွင် ကင်းလှည့်နေသည့်နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရ
လွိုင်ကော်မြို့တွင် ကင်းလှည့်နေသည့်နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရ

ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင် ကင်းလှည့်နေသည့် နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

နယ်ထိန်းရဲ သန့်ဇော်ဦးသည် ယနေ့ (အောက်တိုဘာ ၂၅ ရက်) နံနက် ၁၀နာရီခွဲခန့်က ပန်ကန်းရပ်ကွက်အတွင်းမှာ ပစ်သတ်ခံရမှုဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

“ဆိုင်ကယ်မောင်းလာရင်း ပစ်ခံရတာ။ကျည်တွေက ရင်ဘတ်ဖောက်ဝင်ပြီ ပစ်ခံရတဲ့နေရာမှာတင် ​သေနေတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှုကို မည်သူကလုပ်ဆောင်ခဲ့သည်ကို မရှိရသေးပေ။

သို့သော် လွိုင်ကော်မြို့တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲများသည် အရပ်ဝတ်များဖြင့် နေ့စဥ် ကင်းလှည့်နေပြီး ၎င်းတို့မသင်္ကာပါက စစ်ဆေးမေးမြန်း၍ ရိုက်နှက်ခံရသူများရှိကြောင်း အထက်ပါဒေသခံက အသိပေးသည်။

ထို့အပြင် လွိုင်ကော်မြို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားဟန်ဆောင်၍ ကင်း ထောက်ခြင်းနှင့် ကင်းပုန်းဝပ်၍ စောင့်ဆိုင်းဖမ်းဆီးမှုများရှိနေကြောင်းလည်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Facebook

You May Also Like

သတင်း

တပ်တွင်း၌ အုပ်ချုပ်မှုလျော့နည်းမှုကြောင့် ဖြစ်ပြီး ထွက် ပြေးနေသူများပြားကြောင်း၊ ၎င်းတို့နှစ်ဦး မပြေး မီ နာရီပိုင်းအတွင်းပင် တပ်သားတစ်ဦးအရင်ပြေးခဲ့ကြောင်း CDM တပ်သားနှစ်ဦးက ထွက်ဆိုသည်။

သတင်း

စက်တင်ဘာ ၂၆ ရက်တွင် စစ်ကောင်စီတပ်စွဲထားသော ကယန်းသာယာလမ်းခွဲတွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး ပူးပေါင်းတပ်မှ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

မနက် ၇ နာရီခွဲခန့်က တောင်ဒဂုံမြို့နယ် ၊ ပြည်ထောင်စုလမ်းမကြီးပေါ် မှာ ရှိတဲ့ ယောက်ကော်မှတ်တိုင်အနီးမှာ စစ်ကောင်စီကင်းလှည့်ကား တိုက်ခိုက်ခံလိုက်ရတာပါ။

သတင်း

ခွန်အောင်ကျော်မိုးဟာ ဘားအံမြို့နယ်အတွင်းက သာမညရွာမှာရှိတဲ့နေအိမ်မှာ ပစ်သတ်ခံလိုက်ရတာလို့ ကြံခိုင်ရေးပါတီဝင်အချို့က ဝမ်းနည်းကြောင်းရေးသားထားကြပါတယ်။